ေမ်ွာ္လင္႔ခ်က္နည္းနည္းနဲ႕မ်ားမ်ားခ်စ္တတ္ေအာင္

ေမ်ွာ္လင္႔ခ်က္နည္းရင္ ခံစားရလည္းသက္သာပါတယ္။လူေတာ္ေတာ္မ်ားမ်ားဟာ တစ္စံုတစ္ေယာက္ကို ျကိုက္မိတဲ႔ခ်စ္မိတဲ႔အခ်ိန္မွာ ကိုယ္ခ်စ္မိတဲ႔သူအေပၚေမ်ွာ္လင္႔ခ်က္ေတြထားတတ္တာေတာ႔အနည္းနဲအမ်ားရွိတတ္ျကပါတယ္။ အထူးသျဖင္႔ကိုယ္ခ်စ္ရသူမို႕တစ္ျခားသူေတြဆီကထက္ပိုေမ်ွာ္လင္႔ခ်က္ေတြျကီးတာမ်ိဳး ျဖစ္ေစခ်င္တာမ်ိဳးလိုခ်င္တာမ်ိဳးေတြမ်ားသြားျကတာပါ။ ဒီလိုေမ်ွာ္လင္႔ခ်က္ေတြကေန အရွိန္လြန္ျပီးေနာက္ဆံုးတစ္ေယာက္ကိုတစ္ေယာက္ပူေလာင္ေစတာေျကာင္႔ျပတ္စံဲသြားရတာမ်ိဳးေတြ အမ်ားျကီးပါ။ ဆိုေတာ႔ တစ္ေယာက္ေယာက္ကုိခ်စ္မိတဲ႔အခါေမ်ွာ္လင္႔ခ်က္နည္ေစဖို႕ဘယ္လိုလုပ္သင္႔သလဲ…
(၁) ဘယ္အရာမွမျမဲဘူးဆုိတာသတိရပါ
ဒီေန႕တစ္မ်ိဳးျဖစ္ေနပင္မဲ႔ေနာက္ေန႕တစ္မ်ိဳးေျပာင္းသြားနိုင္တဲ႔ မျမဲျခင္းသေဘာတရားကိုလက္ခံထားနိင္ေအာင္ျကိုးစားပါ။ ကိုယ္လူတစ္ေယာက္နဲ႕ခ်စ္မိေနတဲ႔အခ်ိန္မွာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္လို႕မခြဲခ်င္ဘူးဆိုပင္မဲ႔ မေတာ္တဆ ေျပာင္းလဲသြားတဲ႔အရာေတြရွိခဲ႔ရင္လက္ခံနိင္ဖို႕လို႔ပါတယ္။ေမ်ွာ္လင္႔ခ်က္နည္းရင္ ဒဏ္ရာရနည္းပါတယ္။
(၂) ကိုယ္ခ်စ္နိုင္သေလာက္ခ်စ္ပါ
ကိုယ္႔ဘက္ကခ်စ္တဲ႔စိတ္ရွိသေလာက္အျပည္႔အ၀ခ်စ္ေပးပါ။ သူ႕ဘက္ကဘာေတြပဲပ်က္ကြက္ပ်က္ကြက္ ကိုယ္႔ဘက္ကခ်စ္တဲ႔စိတ္ရွိေသးရင္ဆက္ခ်စ္ပါ။ သည္းမခံနိုင္ေတာ႔တဲ႔အဆံုးလက္လႊတ္လုိက္ပါ။ အဲ႔လိုနည္းလမ္းဟာ ေအးခ်မ္းပါတယ္။ ကိုယ္႔ဘက္ကေပးသေလာက္သူကမခ်စ္ပါလားဘာလားေတြးျပီးစိတ္ညစ္ရင္းသူ႕ဆီက မရနိုင္တဲ႔ အရာေတြျကီးျကီးမားမားေတြကို ရနုိးရနိုးနဲ႕ေစာင္႔ဆုိင္းျပီးလုပ္ယူရတာပင္ပန္းပါတယ္။
(၃) ဘယ္ေလာက္ကိုယ္႔ဆီကပါသြားတယ္ဆိုတာမ်ိဳး မေတြးပါနဲ႕
ကိုယ္ကေတာ႔ဘယ္ေလာက္ခ်စ္လုိက္ရတာ ကိုယ္ကေတာ႔ ဘယ္လိုေတြလုပ္ေပးလိုက္ရတာ သူ႕ဆီကေတာ႔ …ဆိုတာမ်ိဳး နိႈင္းနိႈင္းေတြးျပီးစိတ္ညစ္မေနပါနဲ႕။ အစတည္းကေမ်ွာ္လင္႔ခ်က္နည္းနည္းနဲ႕ခ်စ္ခဲ႔တဲ႔အခ်စ္က သူ႕ဆီကဘာေတြရရ မရရ သိပ္နာက်င္ခံစားေနစရာ မ်ိဳး ေတြးျပီးစိတ္ဓာတ္က်ေနတာမ်ိဳးျဖစ္မလာေစပါဘူး။
(၄) မပိုင္ဆိုင္ရလည္း အဆင္ေျပေအာင္ျကိုးစားခ်စ္ပါ
တစ္စံုတစ္ေယာက္ကိုစခ်စ္ကတည္းက ခြဲခြာဖို႕ခ်စ္ခဲ႔တာ မဟုတ္ပင္မဲ႔ ပိုင္ကိုပိုင္ရမွဆိုတဲ႔ အတၱေတြ ေမ်ွာ္လင္႔ခ်က္ေတြ အစတည္းကမထားပါနဲ႕.။ေမ်ွာ္လင္႔သလိုျဖစ္လာရင္ေတာ႔ အတိုင္းမသိ၀မ္းသာရေပမဲ႔ အေျကာင္းမ်ိဳးမ်ိဳးေျကာင္႔ ကိုယ္႔ခ်စ္သူကိမပိုင္ဆိုင္ရရင္လည္း စိတ္ကို အဆင္ေျပေျပ
ျဖစ္ေအာင္အစတည္းကျပင္ဆင္ထားပါ။
(၅) ဆြဲမထားပါနဲ႕
ကိုယ္ဘယ္ေလာက္ပဲခ်စ္ခ်စ္ကိုယ္ခ်စ္တာနဲ႕မထိုက္တန္တဲ႔သူက ေနကိုမေနနိင္ပါဘူး။ ဒါေျကာင္႔ကိုယ္႔ အေပၚစိတ္မပါတာ ေသခ်ာေနျပီဆိုတဲ႔သူတစ္ေယာက္အေပၚဘယ္ေတာ႔မွဆြဲမထားပါနဲ႕။ အခ်ိန္တန္ သူ႕နဲ႕ထိုက္တန္တဲ႔ေနရာ ကိုယ္နဲ႕ထိုက္တန္တဲ႔ေနရာ အသီးသီးေရာက္သြားျကမွာ မလို႕ အရမ္း မစြဲလန္းမျကီးပါနဲ႕။
ဘယ္အရာကို မဆိုဘယ္သူ႕ေပၚကို မဆို ေမ်ွာ္လင္႔ခ်က္ျကီးျကီးထားျပီးေစာင္႔ေနရတာဟာပင္ပန္းလွပါတယ္။ ဒါေျကာင္႔ဒဏ္ရာ မျကီးေအာင္ အစတည္းကေမ်ွာ္လင္႔ခ်က္နည္းနည္းပဲထားျပီး မ်ားမ်ားခ်စ္တတ္ျကပါေစလို႕ဆုေတာင္းျပီး…

Unicode

မျှော်လင့်ချက်နည်းရင် ခံစားရလည်းသက်သာပါတယ်။လူတော်တော်များများဟာ တစ်စုံတစ်ယောက်ကို ကြိုက်မိတဲ့ချစ်မိတဲ့အချိန်မှာ ကိုယ်ချစ်မိတဲ့သူအပေါ်မျှော်လင့်ချက်တွေထားတတ်တာတော့အနည်းနဲအများရှိတတ်ကြပါတယ်။ အထူးသဖြင့်ကိုယ်ချစ်ရသူမို့တစ်ခြားသူတွေဆီကထက်ပိုမျှော်လင့်ချက်တွေကြီးတာမျိုး ဖြစ်စေချင်တာမျိုးလိုချင်တာမျိုးတွေများသွားကြတာပါ။ ဒီလိုမျှော်လင့်ချက်တွေကနေ အရှိန်လွန်ပြီးနောက်ဆုံးတစ်ယောက်ကိုတစ်ယောက်ပူလောင်စေတာကြောင့်ပြတ်စဲံသွားရတာမျိုးတွေ အများကြီးပါ။ ဆိုတော့ တစ်ယောက်ယောက်ကိုချစ်မိတဲ့အခါမျှော်လင့်ချက်နည်စေဖို့ဘယ်လိုလုပ်သင့်သလဲ…
(၁) ဘယ်အရာမှမမြဲဘူးဆိုတာသတိရပါ
ဒီနေ့တစ်မျိုးဖြစ်နေပင်မဲ့နောက်နေ့တစ်မျိုးပြောင်းသွားနိုင်တဲ့ မမြဲခြင်းသဘောတရားကိုလက်ခံထားနိင်အောင်ကြိုးစားပါ။ ကိုယ်လူတစ်ယောက်နဲ့ချစ်မိနေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်လို့မခွဲချင်ဘူးဆိုပင်မဲ့ မတော်တဆ ပြောင်းလဲသွားတဲ့အရာတွေရှိခဲ့ရင်လက်ခံနိင်ဖို့လို့ပါတယ်။မျှော်လင့်ချက်နည်းရင် ဒဏ်ရာရနည်းပါတယ်။
(၂) ကိုယ်ချစ်နိုင်သလောက်ချစ်ပါ
ကိုယ့်ဘက်ကချစ်တဲ့စိတ်ရှိသလောက်အပြည့်အဝချစ်ပေးပါ။ သူ့ဘက်ကဘာတွေပဲပျက်ကွက်ပျက်ကွက် ကိုယ့်ဘက်ကချစ်တဲ့စိတ်ရှိသေးရင်ဆက်ချစ်ပါ။ သည်းမခံနိုင်တော့တဲ့အဆုံးလက်လွှတ်လိုက်ပါ။ အဲ့လိုနည်းလမ်းဟာ အေးချမ်းပါတယ်။ ကိုယ့်ဘက်ကပေးသလောက်သူကမချစ်ပါလားဘာလားတွေးပြီးစိတ်ညစ်ရင်းသူ့ဆီက မရနိုင်တဲ့ အရာတွေကြီးကြီးမားမားတွေကို ရနိုးရနိုးနဲ့စောင့်ဆိုင်းပြီးလုပ်ယူရတာပင်ပန်းပါတယ်။
(၃) ဘယ်လောက်ကိုယ့်ဆီကပါသွားတယ်ဆိုတာမျိုး မတွေးပါနဲ့
ကိုယ်ကတော့ဘယ်လောက်ချစ်လိုက်ရတာ ကိုယ်ကတော့ ဘယ်လိုတွေလုပ်ပေးလိုက်ရတာ သူ့ဆီကတော့ …ဆိုတာမျိုး နှိုင်းနှိုင်းတွေးပြီးစိတ်ညစ်မနေပါနဲ့။ အစတည်းကမျှော်လင့်ချက်နည်းနည်းနဲ့ချစ်ခဲ့တဲ့အချစ်က သူ့ဆီကဘာတွေရရ မရရ သိပ်နာကျင်ခံစားနေစရာ မျိုး တွေးပြီးစိတ်ဓာတ်ကျနေတာမျိုးဖြစ်မလာစေပါဘူး။
(၄) မပိုင်ဆိုင်ရလည်း အဆင်ပြေအောင်ကြိုးစားချစ်ပါ
တစ်စုံတစ်ယောက်ကိုစချစ်ကတည်းက ခွဲခွာဖို့ချစ်ခဲ့တာ မဟုတ်ပင်မဲ့ ပိုင်ကိုပိုင်ရမှဆိုတဲ့ အတ္တတွေ မျှော်လင့်ချက်တွေ အစတည်းကမထားပါနဲ့.။မျှော်လင့်သလိုဖြစ်လာရင်တော့ အတိုင်းမသိဝမ်းသာရပေမဲ့ အကြောင်းမျိုးမျိုးကြောင့် ကိုယ့်ချစ်သူကိမပိုင်ဆိုင်ရရင်လည်း စိတ်ကို အဆင်ပြေပြေ
ဖြစ်အောင်အစတည်းကပြင်ဆင်ထားပါ။
(၅) ဆွဲမထားပါနဲ့
ကိုယ်ဘယ်လောက်ပဲချစ်ချစ်ကိုယ်ချစ်တာနဲ့မထိုက်တန်တဲ့သူက နေကိုမနေနိင်ပါဘူး။ ဒါကြောင့်ကိုယ့် အပေါ်စိတ်မပါတာ သေချာနေပြီဆိုတဲ့သူတစ်ယောက်အပေါ်ဘယ်တော့မှဆွဲမထားပါနဲ့။ အချိန်တန် သူ့နဲ့ထိုက်တန်တဲ့နေရာ ကိုယ်နဲ့ထိုက်တန်တဲ့နေရာ အသီးသီးရောက်သွားကြမှာ မလို့ အရမ်း မစွဲလန်းမကြီးပါနဲ့။
ဘယ်အရာကို မဆိုဘယ်သူ့ပေါ်ကို မဆို မျှော်လင့်ချက်ကြီးကြီးထားပြီးစောင့်နေရတာဟာပင်ပန်းလှပါတယ်။ ဒါကြောင့်ဒဏ်ရာ မကြီးအောင် အစတည်းကမျှော်လင့်ချက်နည်းနည်းပဲထားပြီး များများချစ်တတ်ကြပါစေလို့ဆုတောင်းပြီး…

 

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.