ကိုယ်ချစ်တဲ့ယောက်ျားလေးတစ်ယောက်ကို ဖွင့်ပြောသင့်မပြောသင့်

ဒီခေါင်းစဉ်က နည်းနည်း sensitive ဖြစ်တဲ့ခေါင်းစဉ်တစ်ခုဖြစ်တာကြောင့် ရေးဖို့ တော်တော်စဉ်းစားယူခဲ့ရတဲ့တစ်ခုပါ။ ခုလိုတိုးတက်ပြောင်းလာတဲ့ခေတ်ကြီးမှာ မိန်းကလေးဘက်က ယောက်ျားလေးတစ်ယောက်ကို ချစ်ကြောင်းကြိုက်ကြောင်းစတင်ဖွင့်ပြောလည်းသတင်းတစ်ပုဒ်ဖြစ်နိုင်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီိလိုရေးလို့ မိန်းမအိနြေ္ဒမရှိဘာမရှိ ရှက်စရာကောင်းတာတွေပြုမူပြောဆိုဖို့ အားပေးနေတယ်လို့တော့မထင်စေချင်ပါဘူး။အချို့က မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ် အခွင့်အရေးတန်းတူရသင့်တယ်ဆိုရာမှာ ခံစားချက်တွေဖွင့်ထုတ်ပြသခြင်းဘက်မှာလည်းပါတယ်လို့ သတ်မှတ်ကြပြီး အချို့ကတော့ မိန်းမတို့အိနြေ္ဒရွှေပေးလို့မရ ဆိုတာမျိုး ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို လက်ဝယ်ပိုင်ပိုင်ဆုပ်ကိုင်ထားတာကမှ ဘဝနေနည်းအစစ်အမှန်ဖြစ်တယ်လို့ ယုံကြည်လက်ခံထားသူတွေလည်း ရှိနေဆဲပါ။ဒါကတော့ ကိုယ့်ဘဝကိုဖြတ်သန်းရာမှာ ကိုယ်ကြိုက်တဲ့နည်းနဲ့ဖြတ်သန်းနိုင်ပြီး ဖြစ်လာတဲ့အကျိုးအပြစ်တွေကိုလည်း ကိုယ်ကိုယ်တိုင်ခံစားစံစားရမှာပဲမဟုတ်လား။  ဒီစာကတော့ ပွင့်လင်းရိုးသားပြီး စောင့်ဆိုင်းရတာကိုစိတ်မရှည်နိုင်တဲ့မိန်းကလေးတွေအတွက် ယောက်ျားလေးတစ်ယောက်ကို ဖွင့်မပြောခင် စဉ်းစားသင့်တဲ့အချက်အနည်းငယ်ကိုတင်ပြထားခြင်းဖြစ်ပါတယ်။

 

သူကဘယ်လိုလူမျိုးလဲ

ကိုယ့်ဘက်ကစပြီးဖွင့်ပြောဖို့ဆိုတာ ဒီလူနေမှုပတ်ဝန်းကျင်မှာဆိုရင် တော်တော်စွန့်စားရတဲ့အလုပ်တစ်ခုပါ။ ဒါကြောင့် ကိုယ်ချစ်မိတဲ့ယောက်ျားက ဘယ်လိုလူမျိုးဖြစ်သလဲဆိုတာအရင်လေ့လာပါ။ Social ကျသူလား။ကြီးတော်မိကြီးတွေနဲ့ ဗိုင်းကောင်းကျောက်ဖိကြီးပြင်းလာတဲ့မေ့မေ့သားလူရည်ချွန်ကလေးလား။ အဲ့ဒီိ့နှစ်ခုရဲ့အလည်ကဖြစ်ပြီး နားလည်ပေးတတ်သူ ပွင့်လင်းတဲ့စိတ်အခံရှိသူလား။ဒါဆိုရင်တော့ အခြေအနေကသိပ်အဆိုးရွားကြီးမဖြစ်နိုင်ပါဘူး။ ဒုတိယအမျိုးအစားကိုချစ်မိနေရင်တော့ သေတဲ့အထိဖွင့်ပြောဖို့မတွေးပါနဲ့။ အသက်ညှာဆုံးဖြစ်နို်င်တာက သူသင့်ကိုစိတ်ဆိုးသွားတာဖြစ်ပြီိး အဆိုးရွားဆုံးဖြစ်နိုင်တာကတော့ တစ်ဘဝလုံးစာအထင်သေးသွားနိုင်တာပါပဲ။

 

သူက သင်နဲ့ဘယ်လိုပက်သက်သလဲ

ဆိုလိုတာက ရင်းနှီးတဲ့အသိမိတ်ဆွေလား။မောင်နှမဆက်ဆံရေးမျိုးလား။ဒါမှမဟုတ် ပြောမနာဆိုမနာသူငယ်ချင်းလား။ မောင်လေးလိုခင်တာလား။ ဒီဆက်ဆံရေးတွေမှာတစ်မျိုးစီအကျိုးအပြစ်တွေရှိပါတယ်။ခြုံငုံပြီးပြောရရင်တော့ ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် သူ့ရဲ့စိတ်နေစိတ်ထားကအရေးကြီးတယ်ဆိုတာပါပဲ။ သူက အဆင့်အတန်းမြင့်ပြီးအရာရာကိုနားလည်ပေးဖို့ကြိုးစားတတ်သူဖြစ်မယ်ဆိုရင် သင်ဖွင့်ပြောလည်းဘာမှထူးထူးခြားခြားပြောင်းလဲမသွားနိုင်ပေမယ့် သူက နိမ့်ကျပြီးအခွင့်အရေးယူတတ်တဲ့စိတ်ထားရှိရင်တော့ သင့်ဘဝရဲ့အမာရွတ်တစ်ခု အမဲစက်တစ်ခုအဖြစ် အမြဲလိုလိုကပ်ပါနေတော့မှာပါ။

 

သူကသင့်ကိုချစ်နိုင်ခြေရှိလား

ဒီနေရာမှာမိန်းကလေးတွေကယောက်ျားလေးတွေထက်တစ်ပန်းသာတာတစ်ခုရှိပါတယ်။ ဒါကတော့ မိန်းကလေးတွေမှာ တစ်စုံတစ်ယောက်ကကိုယ့်ကိုချစ်နေပြီဆိုရင် အလိုလိုသိတတ်တဲ့ ဆဌမအာရုံလို့ခေါ်တဲ့မသိစိတ်တစ်ခုရှိနေခြင်းပါပဲ။ များသောအားဖြင့် ကိုယ့်စိတ်ရဲ့အတွေးမျှင်တွေနဲ့ ရစ်ပတ်ဖုံးလွှမ်းနေတတ်လို့ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေမယ့် စိတ်ကိုရှင်းလင်းပြီးအာရုံခံကြည့်ရင် သိနိုင်ချေအများကြီးရှိပါတယ်။မျှော်လင့်ချက်တွေ ဖြစ်ချင်စိတ်တွေ အားလုံးဖယ်ပြီး ကိုယ့်ကိုယ်ကိုယ်အရိုးသားဆုံးဖြေကြည့်ပါ။ သူ သင့်ကိုချစ်နေရဲ့လား။ သင့်ဘက်ကစပြီးဖွင့်ပြောဖို့တောင်တွေးနေရတယ်ဆိုတော့အဖြေက နိုး ဖြစ်ဖို့များပါတယ်။ ဒါဆိုရင်တော့ မကြိုးစားပါနဲ့တော့။မပွင့်နိုင်မှန်းသိတဲ့တံခါးတစ်ချပ်ကိုသိက္ခာအကျခံပြီးသွားမခေါက်သင့်ဘူးမဟုတ်လား။ ဒါပေမယ့် သိပ်ကိုရှားပါးလှတဲ့တစ်ခါတစ်ရံတွေမှာတော့ ယောက်ျားလေးတွေဟာ သူတို့ဘဝနဲ့သူတို့မအားနိုင်လို့ သင့်ကိုချစ်ရက်နဲ့ဖွင့်ပြောဖို့အချိန်တွေဆွဲနေတာ၊ဒါမှမဟုတ် ဖွင့်ပြောဖို့ သတ္တိမရှိတာလည်း ဖြစ်နိုင်တာပဲမို့ စိတ်ဓာတ်တော့မကျပါနဲ့ဦိး။

 

သင်တို့နှစ်ယောက်လိုက်ဖက်မှုရှိရဲ့လား

ဟယ်..နှစ်ယောက်စလုံးကအချောလေးတွေပဲလိုက်ဖက်လိုက်တာဆိုတဲ့ ပဋိသန္ဓာရစကားတွေကိုမဆိုလိုပါဘူး။ သူ့မှာသင်မကြိုက်တဲ့အကျင့်တွေရှိနေလား။သင့်မှာရော။ တိုတိုပြောရရင်သင်တို့နှစ်ယောက် ချစ်သူဘဝမှာရေရှည်အဆင်ပြေမှာလား။ ဟုတ်ပါတယ်။မလျှောက်ရသေးတဲ့လမ်းတစ်ခုအကြာင်း ဂဃနဏတော့ဘယ်သိနိုင်မလဲနော်။ ဒါပေမယ့် လမ်းရဲ့ပုံပန်းသဏ္ဍာန်ကို တစ်ချက်လှမ်းမျှော်အကဲခတ်လို့တော့ရနိုင်ပါတယ်။ သူ့မှာ သင်ခွင့်မလွှတ်နိုင်လောက်တဲ့ကြီးကြီးမားမားအကျင့်တစ်ခုရှိနေလား။ငါနဲ့ချစ်သူဖြစ်ပြီးရင်တော့ ပြင်ခိုင်းမှဖြစ်မယ်လို့တွေးထားတာမျိုးပေါ့။ အဲ့ဒါမျိုးရှိရင်တော့ ရှေ့ဆက်မတိုးပါနဲ့ ။ချစ်သူမဖြစ်ခင်ကတောင်ပြင်ခိုင်းလို့မရတာ၊ချစ်သူဖြစ်ပြီးမှတော့ သူ့ရဲ့ဖြစ်တည်မှု အလုံးစုံကိုစိတ်ရှင်းရှင်းနဲ့လက်ခံဖို့သာပြင်ထားပါတော့။ပြီးတော့ သင်ကဖွင့်ပြောမယ့်သူလေ။

 

ယောက်ျားလေးတစ်ယောက်ကို စတင်ဖွင့်ပြောဖြစ်ဖို့ရာ၊ချစ်သူအဖြစ်အသိအမှတ်ပြုဖို့ရာ အဲ့ဒီ့လူက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့တန်ရဲ့လားဆိုတာ အပြန်ပြန်အလှန်လှန်စဉ်းစားသုံးသပ်ဖို့လိုပါတယ်။ ဒါကြောင့်ဖွင့်မပြောခင် အချိန်ယူတာမမှားပါဘူး။ အချိန်ယူရင်းနဲ့သူများနောက်ပါသွားတော့လည်း ကိုယ့်ကံပေါ့နော် 😛

 

Unicode Format


 



 



 



 




 

485 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.