ပရိုတိန်းဓာတ် လျော့နည်းနေရင် ခန္ဓာကိုယ်မှာပြလာမယ့် လက္ခဏာများ

ပရိုတိန်းဓာတ်ဆိုတာလည်း ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်နေတဲ့ အရေကြီးကဏ္ဍတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်မှာ ပရိုတိန်းဓာတ်တွေ လျော့နည်းနေရင် သင့်ခန္ဓာကိုယ်က သိသိသာသာ လက္ခဏာပြလာပါတယ်။ ကမ္ဘာတစ်ဝန်းမှ လူပေါင်း ၁ဘီလီလျံကို လေ့လာမှုပြုပြီးနောက် သိပံ္ပပညာရှင်တွေက ဒီလက္ခဏာတွေကိုချပြခဲ့ပါတယ်။

အမြဲလိုလို ဗိုက်ဆာနေခြင်း

သင်ဟာ အမြဲလိုလိုဗိုက်ဆာနေတယ်ဆိုရင် ပရိုတိန်းဓာတ်လျော့နည်းနေတာဖြစ်နိုင်ပါတယ်။
ထမင်းစားပြီးလည်း ဗိုက်ကမတင်းတိမ်ဘဲ ထပ်ပြီးတောင့်တနေတာမျိုးပေါ့။ အထူးသဖြင့်မုန့်ပဲသရေစာတွေကို မျက်စိကျနေတတ်တယ်။ နောက်ဆက်တွဲပြဿနာက အဲ့ဒါတွေစားပြီးရင် ကယ်လိုရီတွေ မတန်မဆတက်လာတာပါပဲ။

အဆစ်တွေ ရောင်ရမ်း၊ ကိုက်ခဲလာခြင်း

ပရိုတိန်းဓာတ်ချို့ တဲ့ပြီဆို တစ်ခါတစ်လေဖြစ်တာမဟုတ်ဘဲ ရက်ဆက်ပြီး အဆစ်တွေရောင်ရမ်းကိုက်ခဲလာတတ်ပါတယ်။ ကြွက်သားတွေ အားနည်းလာခြင်း ၊ နာကျင်လာခြင်းတို့က ပရိုတိန်းလျော့နည်းခြင်းရဲ့လက္ခဏာပါပဲ။ အသက်ကြီးတွေမှာ ပိုအဖြစ်များပါတယ်။ ပရိုတိန်းက ကြွက်သားတောင့်တင်းခြင်းနဲ့ အရိုးဆစ်သန်မာမှုကိုပေးနိုင်တာဖြစ်ပါတယ်။

အရေပြားနဲ့ လက်သည်းခွံပြဿနာ

ပရိုတိန်းဓာတ် ချို့ တဲ့အခါ လက်သည်းခွံတွေအားနည်းလာပြီး ကျိုးပဲ့လွယ်လာလိမ့်မယ်။ အဖြူရောင်အတန်းလေးတွေ လက်သည်းခွံမှာပေါ်လာတတ်ပါတယ်။ အရေပြားဆိုရင်လည်း ခြောက်သွေ့လာပြီး ခြေထောက်တွေကွဲအက်ခြင်း ၊ အသားညစ်လာခြင်းတွေဖြစ်တတ်ပါတယ်။

ဆံပင်ကျွတ်


ဆံပင်ကျွတ်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အစားသောက်၊ ခံစားရတဲ့ ရောဂါဝေဒနာတွေကြောင့် ရလဒ်အမျိုးမျိုးထွက်နိုင်ပါတယ်။ ပရိုတိန်းဓာတ်လျော့နည်းနေရင်လည်း ဆံပင်တွေကျွတ်နိုင်ပါတယ်။ အရောင်တွေမွဲခြောက်လာတတ်တယ်။ ဆံပင်ကျွတ်စေတဲ့အစားသောက်တွေရှောင်သင့်သလို ၊ ပရိုတိန်းဓာတ်ပြည့်ဝမယ့် အစားစာတွေရွေးစားပေးပါ။

အရိုးတွေ အားနည်းလာ

ကြွက်သား အားနည်းသလိုပဲ၊ ပရိုတိန်းဓာတ်မပြည့်ဝတဲ့အခါ အရိုးတွေလည်း အားနည်း
လာတတ်ပါတယ်။ ဒါကိုဂရုမစိုက်ပဲပစ်ထားရင် တဖြည်းဖြည်း ပိုဆိုးလာပါလိမ့်မယ်။ ပရိုတိန်းဓာတ် ဆုံးရှုံးရင် ထိခိုက်စရာတွေများတာမို့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး ပရိုတိန်းဓာတ်ပါဝင်တာတွေ စားသုံးပေးသင့်ပါတယ်။

221 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.