Zac Efron နဲ့ Alexandra Daddario တို့တကယ်ပဲ ဒိတ်နေကြတာလား ?

Baywatch စတား Zac နဲ့ Daddario တို့ တစ်ယောက်နဲ့တစ်ယောက်ဒိတ်နေကြပြီဆိုတာ ဝန်ခံလိုက်ပါပြီ! အစတည်းက ထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ကောလဟာလတွေက အခုတော့အမှန်တွေပါတဲ့။

People သတင်းမှာ သူတို့နှစ်ယောက်တွဲနေပြီဆိုတာကို တရားဝင်ဖော်ပြထားပါတယ်။
ဘယ်အချိန်တည်းက စဒိတ်ခဲ့တာလဲဆိုတော့ ပြီးခဲ့တဲ့နှစ်က သူတို့နှစ်ယောက်အတူ ရုပ်ရှင်အတူရိုက်ကူးတဲ့အချိန်ကစပြီးတော့တဲ့။ မနှစ်က မေလတုန်းကတော့ နှစ်ယောက်ဆက်ဆံရေးဟာ သူငယ်ချင်းထက်မပိုပါဘူးလို့ ကောဟဟာလတွေကို Daddario က ငြိမ်းသတ်ခဲ့ပါတယ်။ တကယ်တမ်းလည်း အဲ့ဒီအချိန်က Zac နဲ့ ကျွန်မက သူငယ်ချင်းအရင်းကြီးတွေလိုပဲမို့လို့ပါ ဆိုပြီး Daddario က ထပ်ပြောပြန်ပါတယ်။

ဒါပေမယ့်လည်း နှစ်ယောက်သား တစ်ယောက်ကိုယ်တစ်ယောက သဘောကျနေတယ်ဆိုတာ အင်စတာဂရမ်ကပုံတွေကြည့်တိုင်း ပရိတ်သတ်တွေက ရိပ်မိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Zac တစ်ယောက် ကြိုးစားနေတုန်းရှိသေးတယ်ထင်ပါတယ်။ အင်စတာဂရမ်က ပို့စ်တိုင်းကို Like ပေးပြီး ကလူကျီစယ်တဲ့ ကွန်မန့်တွေလည်းပေးခဲ့ပါတယ်။

မတ်လ (၁၆)ရက်နေ့မှာ Daddario အတွက် Zac က ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုတောင်းလေးလည်းပေးခဲ့ပါတယ်။ အရင်တုန်းက ကိုယ်စီအတွဲတွေရှိခဲ့ပေမယ့် အခုတော့ နှစ်ယောက်သား တော်တော်သဘာကျပုံပေါ်ပါတယ်။

38 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.