အမေရိကန် သရုပ်ဆောင် ခရစ်စတင်းစတီးဝပ်က Métiers d'Art Paris-Dallas ရဲ့ ၂၀၁၃-၂၀၁၄ collection ပြပွဲကြီးမှာ star တစ်ဦးအဖြစ်တက်ရောက်မှာဖြစ်ပါတယ်လို့ ဒီဇင်ဘာလ (၁၀)ရက်နေ့က ကြေငြာသွားပါတယ်။
Chanel ရဲ့ အသက်(၈၀)အရွယ်ရှိ ဒီဇိုင်နာတစ်ဦးဖြစ်သူ Karl Lagerfed က အခုလိုသတ်မှတ် လိုက်တာဖြစ်ပြီး ဒီကြေငြာချက်နဲ့ ပတ်သက်လို့ ပွဲတစ်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ Twilight ဇာတ်ကားရဲ့ သူမပါဝင်ထားတဲ့ အပြောင်မြောက်ဆုံး ဇာတ်ကွက်အချို့ကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။ အသက် ၂၃နှစ်အရွယ် ညိုမှောင်မှောင်ဆံပင်တွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးဟာ စကော့လူမျိုး သရုပ်ဆောင် Tilda Swinton ရဲ့ ခြေရာကို လိုက်နင်းနေသလိုပါပဲ။ သူမကတော့ ၂၀၁၂တုန်းက Métiers d'Art Paris-Edinburgh ရဲ့ မျက်နှာစာရှင်ပေါ့။
နောက်ပြီး Métiers d'Art Paris-Dallas ရဲ့ မိတ်ဆက်ပွဲမှာ Coco Chanel ရဲ့ “The Return” ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ပြသမှာဖြစ်ပြီး ဒါကိုတော့ Lagerfed ကပဲ ရိုက်ကူးထားတာပါ။
ဒီပွဲကိုတော့ ၂၀၁၄ ခုနှစ် မေလထဲမှာ ကျင်းပမယ်လို့ ခန့်မှန်းထားပြီး Sterwart ကို အဓိကပွဲထုတ်မှာပါ။ သူမရဲ့ rocker စတိုင်ကြောင့် လူသိများထားတဲ့ သရုပ်ဆောင်မလေးဟာ Balenfiaga က Florabotanica fragrances ရဲ့ ထုတ်ကုန်ကိုယ်စားလှယ်အဖြစ်လည်း ခန့်အပ်ခံထားရပြီးပါပြီ။
Ref:herworldplus
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။