အိမ်ရာမဲ့ဘဝမှ နာမည်ကြီးရုပ်ရှင်မင်းသမီးအဖြစ်ပြောင်းလဲခဲ့တဲ့ Tiffany Haddish

အမေရိကန် နာမည်ကြီး ဟာသသရုပ်ဆောင် မင်းသမီး Tiffany Haddish ကို ရင်းနှီးပြီးသား ပရိတ်သတ်တွေလည်းရှိပေမယ့် သူမတကယ့်ဘဝဇာတ်ကြောင်းကိုတော့ အလုံးစုံမသိသေးသူတွေရှိမှာပါ။ Tiffany ဟာ တီဗီစီးရီး တော်တော်များများမှာ သရုပ်ဆောင်ခဲ့ပြီးတော့ ၂ဝ၁၄မှ ၂၀၁၅ထိ ထုတ်လွှင့်ပြသခဲ့တဲ့ OWN တီဗီ ဒရာမဇာတ်လမ်းတွဲ If Loving You Is Wrong မှာ သူမကို Jackie ဇာတ်ကောင်အဖြစ် ပရိတ်သတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။

အောင်မြင်မှုတွေအများကြီးရရှိခဲ့ပေမယ့် Tiffany ကတော့ သူမရဲ့ငယ်ဘဝဇာတ်ကြောင်း
ကို ပရိတ်သတ်များအား စိတ်ခွန်အားဖြစ်စေရန် ဖွင့်ဟပြောပြလာပါတယ်။ Tiffanyရဲ့ အဖေက သူမသုံးနှစ်အရွယ်မှာ တစ်မိသားစုလုံးကိုပစ်သွားခဲ့တယ်။ သူမအမေLeola က နောက်ယောက်ျားနဲ့ရတဲ့ ကလေးလေးယောက်ခေါ်ပြီးပြောင်းရွှေ့သွားချိန် မတော်တဆ ယာဉ်တိုက်မှုကြီးဖြစ်ခဲ့တယ်။ အားကိုးရာ မိဘနှစ်ဦးလုံး ပြိုကွဲသွားချိန် သုံးနှစ်သာရှိသေးတဲ့ Tiffany အတွက် ဘဝအစမှာတင် ကံကြမ္မာရဲ့ရိုက်ချမှုဒဏ်ကို ခံလိုက်ရတယ်။

သူမအတွက် အိမ်ဆိုတာ ဘာမှန်းတောင်သေချာမသိရတော့ဘူး။ ယာဉ်တိုက်မှုဖြစ်တဲ့သူမအမေဟာ နာလည်ပြန်ထူလာပေမယ့် စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းချက်တွေရှိနေခဲ့တယ်။ သူမအမေရဲ့အပြုမူတွေ ထူးဆန်းလာပြီး သမီးရင်းကိုတောင် အပြစ်မရှိဘဲ ရိုက်နှက်ကာ ” ရုပ်ဆိုးမ ” လို့ခေါ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ Tiffany မိဘမဲ့ဂေဟာကို ပို့ခံရပါတယ်။ ကျောင်းမှာ (၉)တန်းရောက်သွားတာတောင် သူမရဲ့ စာဖတ်မှုစွမ်းရည်ဟာ (၁)တန်းကလေးသာသာပဲရှိခဲ့တယ်။ သူမမျက်နှာပေါ်က ကြွက်နို့ကိုကြည့်ပြီး ကျောင်းမှာ ကစားရင် ကလေးလေးအချင်းချင်း နှိမ်တာခံရတယ်။ အလှောင်ခံရတယ်။

အဲ့အတွက် သူမခံစားရပေမယ့် လွယ်လွယ်အလျော့မပေးခဲ့ဘူး။ သူမမလုပ်နိုင်တဲ့ အိမ်စာတွေကို ကူလုပ်ပေးရင် ရယ်မောအောင်လုပ်ပေးနိုင်တယ်လို့ အခန်းဖော်တွေကို စိန်ခေါ်တယ်။ အပေးယူက အလုပ်ဖြစ်ခဲ့ပါတယ်…ဒါပေမယ့် သူမအပေါ်အနိုင်ကျင့်နှိပ်စက်မှုကတော့ ရပ်တန့်မသွားခဲ့ဘူး။

သူမကို Social Worker တွေက သတိပေးတယ်။ အကြံပေးဆွေးနွေးမှုမှာ ပါဝင်မလား…ဒါမှမဟုတ် ဟာသဇာတ်မြူးအဖွဲ့နဲ့ ပူးပေါင်းမလားလို့ပေါ့။ နောက်ဆုံးကမ်းလှမ်းမှုနဲ့ပူးပေါင်းပြီး သူမနယ်တစ်ကာလှည့်ကာ ဖျော်ဖြေခဲ့ပါတယ်။ ဘဝက မျက်နှာသာမပေးဘူး။သူမကို အိမ်ရာမဲ့ဘဝဖြစ်အောင် ထပ်ပြီးဆွဲချသွားပါတယ်။ သူမပိုင်ဆိုင်တဲ့ ကားလေးတစ်စီးပေါ်မှာပဲ နေနေရတယ်။

တစ်နေ့မှာ ဇာတ်မြူးအဖွဲ့ဝင်တစ်ဦးက ကားနောက်မှာအောက်နေတဲ့ သူမကိုသတိထားမိသွားခဲ့တယ်။ ဘာကူညီပေးရမလဲမေးတော့ ရှက်တာနဲ့ တစ်နေရာကိုပြောင်းမလို့လုပ်နေတာပါလို့ လိမ်ပြောခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကို မိုတယ်မှာတည်းဖို့ ဒေါ်လာ ၃ဝ၀ပေးထားခဲ့တယ်။ ထိုလူကတော့ Kevin Hart ပါ။

Life goals List လေးရေးပါလားလို့ သူက Tiffany ပြောတယ်။ အဲ့ဒီညက သူမစာစရေးခဲ့
တယ်။ သူမ နေထိုင်ဖို့နေရာ ၊ Jada Pinkett Smith နဲ့ အလုပ်လုပ်ချင်ကြောင်း ၊ အကောင်းဆုံး ရယ်မောစရာ ဟာသဖျော်ဖြေမှုတွေကို တင်ဆက်ချင်ကြောင်းတွေရေးခဲ့တယ်။

တစ်နှစ်ကြာတော့ HBO မှာ သူမအထင်ရှားဆုံးဖော်ပြခံရတယ်။ နောက်တော့ သူမ
သဘောကျတဲ့ Idol နဲ့ သရုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲ့ဒီနောက် သူမလုပ်ချင်တဲ့ special comedy ကိုပြုလုပ်နိုင်ခဲ့ပြီး SNL မှာ ပထမဆုံး ဟာသသရုပ်ဆောင် လူမည်းအမျိုးသမီးအဖြစ် ထင်ပေါ်ကျော်ကြားလာပါတယ်။

” ငယ်ဘဝက ကျွန်မကိုကြောက်ရွံ့ ခဲ့ရတဲ့ အရာအားလုံးကို ကျွန်မအခုထိသင်ယူနေဆဲပါပဲ”

အောင်မြင်ကျော်ကြားနေသူတိုင်းမှာ ပြန်လှည့်ကြည့်လိုက်ရင် ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုယ်စီရှိနေပြီးသားပါ။ ဒီလိုကြမ်းတမ်းတဲ့မုန်တိုင်းတွေကနေပဲ သူတို့အောင်မြင်လာဖို့ ပေးလိုက်တဲ့ အားအင်တွေဖြစ်ပါလိမ့်မယ်။ ဘာမှမဆုံးရှုံးဖူးတဲ့လူဟာ အောင်မြင်မှုလမ်းကြောင်းမှန်ကိုလည်း သေချာသိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုပဲခက်ခဲ၊ စိတ်ညစ် ၊ ဝမ်းနည်းစရာကောင်းတဲ့ကိစ္စတွေရှိနေပါစေ.. လောကမှာ ဒါတွေခံစားနေရတာ ငါတစ်ယောက်တည်းမဟုတ်ဘူးလို့ မှတ်ယူပါ။

144 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.