ဘယ်လိုအသားအရည်မျိုးမဆို သုံးစွဲနိုင်တဲ့ သဘာဝတိုနာရည် ၇ မျိုး
၂)ပူစီနံ
၎)သံပုရာရည်
၅)သခွားသီးနဲ့ဒိန်ခဲ
၆)ပန်းသီးနဲ့ပျားရည်
၇)ပန်းသီးရှာလကာရည်
Unicode
တိုနာဆိုတာ ချွေးပေါက်တွေကျဉ်းစေပြီးအသားအရည်အတွင်းပိုင်းထဲထိသန့်စင်ပေးနိုင်တဲ့အရည်တစ်မျိုးပါ။ချွေးပေါက်ထဲက အညစ်အကြေးတွေကိုဖယ်ရှားပေးပြီးအသားအရည်ရဲ ့PH level ကို လည်းညီမျှစေပါတယ်။မိန်းကလေးတစ်ချို့က မိတ်ကပ်ပစ္စည်းတွေမျိုးစုံသုံးပေမဲ့ တစ်ခါတစ်လေ တိုနာကိုတော့မသုံးပဲချန်ထားလေ့ရှိပါတယ်။တကယ်တော့သုံးပေးသင့်ပါတယ်။တိုနာသုံးမှ အထဲကအညစ်အကြေးတွေကင်းစင်ကာ မိတ်ကပ်လိမ်းတဲ့အခါအဆင်ပြေချောမွေ့ပြီးအသားအရည်
မပျက်စီးမှာဖြစ်ပါတယ်။ဒီလို တိုနာရည်သုံးတဲ့အခါမှာလည်း ဘေးဥပါဒ်ဖြစ်မှာစိုးရိမ်တယ်ဆိုရင် သဘာဝတိုနာရည်လေးတွေရှိပါတယ်။သဘာဝပစ္စည်းလေးတွေ
နဲ့လုပ်ထားတာဖြစ်လို့မျက်နှာအသားအရည်ထိခိုက်မှာလည်းစိုးရိမ်စရာလည်းမလိုဘူးနော်။ဘယ်လိုသဘာဝတိုနာရည်လေးတွေလဲဆိုတော့…
၁)အဖြူရောင်ရှာလကာရည်နဲ့ရေ
အဖြူရောင်ရှာလကာရည်က sensitiveskinအတွက်လည်းကောင်းမွန်ပါတယ်။ အဖြူရောင်ရှာလကာ ရည်ကို တိုနာအဖြစ်သုံးမယ်ဆိုရင် ရေနဲ့ဆတူရောစပ်ပြီး
ဂွမ်းလုံးနဲ့ဆွတ်ကာ မျက်နှာသစ်ပြီးချိန်ပွတ်လိမ်းပေးရမှာဖြစ်ပါတယ်။ မျက်နှာကအဆီပိုတွေကိုလည်းလျှော့ချပေးပြီး ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၂)ပူစီနံ
ပူစီနံကတော့ သဘာဝတိုနာပါပဲ။အထူးသဖြင့် အဆီပြန်တဲ့အသားအရည်အတွက် အထူးကောင်းမွန်ပါတယ်။ချွေးပေါက်ထဲက အညစ်အကြေးတွေသန့်စင်စေပြီး
အသားအရည်ကိုပိုမိုချောမွေ့လာစေပါတယ်။ချွေးပေါက်တွေပိတ်တာကိုပွင့်စေလို့ဝက်ခြံဖြစ်မယ့်ဘေးကနေ ကာကွယ်နိုင်ပါတယ်။ပူစီနံတိုနာကိုသုံးမယ်ဆိုရင်
လက်နှစ်ဆုပ်စာပူစီနံတွေကိုရေဆေးပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ပြီးရင် အရည်စစ်ပြီး ကျောက်ချဉ်စားပွဲတင်ဇွန်းတစ်ဝက်လောက်ထည့်ပေးပါ။အများကြီး
မျက်နှာကိုလိမ်းပေးစရာမလိုပါဘူး။ဂွမ်းလုံးလေးမှာအစက်အနည်းငယ်လောက်ပဲချပြီး နေ့တိုင်းလိမ်းပေးပါ။ဒါပေမဲ့ ရေခဲသေတ္တာထဲမှာထည့်သိမ်းထားဖို့တော့လိုပါတယ်။
၃)လက်ဖက်စိမ်းလက်ဖက်ရည်
လက်ဖက်စိမ်းရွက်ဟာ အသားအရည်မှာရှိနေတဲ့မလိုအပ်တဲ့အဆီတွေကိုဖယ်ရှားပေးပြီး အသားအရည်ကိုချောမွေ့စေပါတယ်။အသားအရည်ကိုနုပျိုစေလို့
လက်ဖက်စိမ်းလက်ဖက်ရည်သုံးမယ်ဆိုရင် ပွက်ပွက်ဆူနေတဲ့ရေထဲမှာ လက်ဖက်စိမ်းအိတ်လေးနှစ်အိတ်ကို ၁ဝမိနစ်လောက်ထည့်ထားပါ။လက်ဖက်ရည်အေးသွား
တဲ့အခါ အဲ့ဒီအရည်ကို စပရေးဘူးသေးထဲထည့်ပြီး နေ့စဉ်သုံးစွဲပေးနိုင်ပါတယ်။
၄)သံပုရာရည်
သံပုရာရည်က အဆီပြန်တဲ့အသားအရည်အတွက် အသင့်တော်ဆုံးသဘာဝတိုနာပါပဲ။ အသားအရည်ကိုတောက်ပစေပြီး ဝက်ခြံဖြစ်စေတဲ့ဘတ်တီးရီးယားပိုးတွေကို
ကင်းစင်စေပါတယ်။အသားအရည်ကိုလည်းချေးချွတ်ပေးနိုင်ပါတယ်။သံပုရာရည်သုံးမယ်ဆိုရင်တော့တစ်ခြားအရာတွေနဲ့ပေါင်းစပ်စရာမလိုပါဘူး။သင်က
sensitive skin ဆိုရင်တော့ သံပုရာရည်နဲ့ရေကို ဆတူရောစပ်ပြီးမှ မျက်နှာကိုပွတ်လိမ်းပေးဖို့မမေ့နဲ့နော်။
၅)သခွားသီးနဲ့ဒိန်ခဲ
မျက်နှာအသားအရည်ကိုကြည်လင်စေပြီးအစိုဓာတ်လည်းထိန်းပေးနိုင်တဲ့သဘာဝတိုနာကတော့ သခွားသီးပါပဲ။သခွားသီးက ချွေးပေါက်တွေကျဉ်းစေပြီးအဆီပိုတွေကို
လျှော့ချပေးပါတယ်။အသားအရည်ကိုလည်းတောက်ပစေပါတယ်။သခွားသီးတိုနာကိုသုံးမယ်ဆိုရင် အရောင်အနံ့မပါတဲ့ဒိန်ခဲအစိမ်းတော့လိုပါတယ်။သခွားသီး
နဲ့ဒိန်ခဲအစိမ်းကိုရောနှောကြိတ်ပြီး မျက်နှာပေါ်မှာ၅မိနစ်လောက်လိမ်းထားပါ။တိုနာဆိုတာထက် မျက်နှာပေါင်းတင်သလိုပါပဲ။ပြီးရင်တော့ ရေနွေးနွေးလေးနဲ့
သစ်ချပေးရုံပါပဲ။
၆)ပန်းသီးနဲ့ပျားရည်
ပျားရည်ကလည်း အသားအရည်အတွက်မပါမဖြစ်လိုအပ်တဲ့အရာပါ။ပန်းသီးကလည်း အတူတူပါပဲ။ဗီတာမင်စီပါဝင်လို့ အသားအရည်နုပျိုစေပြီး အရေးအကြောင်း
တွေကင်းစင်စေပါတယ်။ပန်းသီးအနည်းငယ်ကို ထည့်ကြိတ်ပြီး ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းရောစပ်ပါ။ပြီးရင်မျက်နှာမှာနေ့တိုင်းလိမ်းပေးပါ။အဲ့ဒါက
သင့်ရဲ ့အသားအရည်ကိုတောက်ပစေပြီး ငယ်ရွယ်နုပျိုတဲ့မျက်နှာလေးရရှိလာစေပါတယ်။
၇)ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က အသားအရည််ရဲ ့PH level ကို မျှတစေပြီး အသားအရည်မညီညာတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး
ချွေးပေါက်ကျယ်တွေကိုလည်းသေးငယ်သွားစေပါတယ်။သဘာဝတိုနာတွေထဲမှာ နာမည်အကြီးဆုံးလည်းဖြစ်ပါသေးတယ်။ပန်းသီးရှာလကာရည်ကိုသုံးမယ်ဆိုရင်
ရေစားပွဲတင်ဇွန်းလေးဇွန်းနဲ့ ပန်းသီးရှာလကာရည်စားပွဲတင်ဇွန်း ၂ဇွန်းကိုရောကာ တစ်နေ့ကို ၂ကြိမ် တိုနာအဖြစ်သုံးနိုင်ပါတယ်။
အားလုံး လှပကြည်လင်တဲ့မျက်နှာအသားအရည်လေးပိုင်ဆိုင်ရပါစေနော်။
328 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.