ေနေရာင္ျခည္လံုေလာက္စြာမရရင္ သင့္ခႏၶာကုိယ္မွာဘာေတြျဖစ္လာႏုိင္မလဲ?

သင့္ခႏၶာကုိယ္က ေနေရာင္နဲ႔ထိေတြ႔တဲ႔အခါမွာ Vitamin D ဓာတ္ကုိထုတ္ေပးပါတယ္။vitamin D က ခႏၶာကုိယ္အစိတ္အပိုင္းေတြေကာင္းမြန္စြာလည္ပတ္လႈပ္ရွားဖုိ႔အတြက္ အေရးၾကီးဆံုးအခန္း ကဏၰာကေန ပါ၀င္ေနပါတယ္။မၾကာေသးခင္က အေမရိကန္လူမ်ိဳးေတြရဲ႔ အေတြ႔အၾကံဳ ဆန္းစစ္ခ်က္ေတြအရ vitaminDလံုေလာက္စြာမရတဲ႔သူေတြ၊ေနေရာင္နဲ႔ထိေတြ႔ခ်ိန္ နည္းပါးတဲ႔သူေတြမွာ  ဒီလိုေရာဂါလကၡဏာေတြ ေတြ႔ခဲ႔ရတယ္လုိ႔သိခဲ႔ရပါတယ္။
ဘယ္လိုေရာဂါေတြျဖစ္မလဲဆုိရင္..

၁)အရိုးအားနည္းေရာဂါ
ကယ္လ္စီယမ္နဲ႔ vitamin D က အရိုးက်န္းမာေရးအတြက္ အဓိကလိုအပ္ျပီးအေရးၾကီးတဲ႔ သဘာ၀အားျဖည့္ဓာတ္ေတြျဖစ္ပါတယ္။ကယ္လ္စီယမ္နဲ႔vitamin D ကတစ္ခုနဲ႔တစ္ခု ေဖးမကူညီျပီး အရိုးအတြက္ေထာက္ပံ႔ေပးတာျဖစ္လို႔ ေနေရာင္ျခည္ဓာတ္၊vitamin D လိုအပ္သေလာက္မရတဲ႔အခါကယ္လ္စီယမ္ကလည္းအလုပ္လုပ္ႏႈန္းေလ်ာ့က်လာပါတယ္။အဲ႔ဒါေၾကာင့္ အရိုးေတြကအားနည္းလာျပီးနာက်င္တာမ်ိဳးျဖစ္လာတာပါ။ခႏၶာကုိယ္အတြက္ vitamin D လိုအပ္ေနဖို႔အေရးၾကီးပါတယ္။vitamin D ကုိေနေရာင္ျခည္ကလည္းရႏုိင္သလုိ အစားအစာေတြ၊ေဆး၀ါးေတြကေနလည္းရရွိႏုိင္ပါတယ္။

၂)ခႏၶာကုိယ္အစိတ္အပုိင္းေတြပံုပန္းမက်ျဖစ္လာတာ
vitamin D ခ်ိဳ႔တဲ႔ျပီဆိုရင္ ကယ္လ္စီယမ္လည္းအလုပ္သိပ္မလုပ္လို႔ အရုိးနဲ႔သက္ဆုိင္တဲ႔ေရာဂါ ေတြျဖစ္လာႏုိင္ပါတယ္။အရုိးထဲမွာကယ္လ္စီယမ္လံုေလာက္စြာမရွိဘူးဆုိရင္ အရိုးေတြက တျဖည္းျဖည္းပံုစံေျပာင္းလာပါတယ္။အဲ႔ဒါေၾကာင့္ vitamin D နဲ႔ကယ္လ္စီယမ္က သင့္ခႏၶာကုိယ္အရိုးနဲ႔ဆဲလ္ေတြအတြက္မရွိမျဖစ္လိုအပ္တဲ႔ဓာတ္ေတြပါ။ခႏၶာကုိယ္ကုိ အဓိကဖြဲ႔စည္းထားတာ အရိုးေတြနဲ႔ျဖစ္လုိ႔ ဒီအရိုးေတြအားနည္းျပီဆိုရင္ က်န္တဲ႔ေရာဂါေတြလည္းအလိုအေလ်ာက္၀င္ေရာက္လာႏုိင္ပါတယ္။

၃)အူမၾကီးကင္ဆာ
ေလ့လာခ်က္ေတြအရ ေနေရာင္ျခည္လံုေလာက္စြာမရဘူးဆိုရင္ ဆဲလ္ထဲမွာလည္း vitamin D ဓာတ္ေတြခ်ိဳ႔တဲ႔ျပီး အူမၾကီးကင္ဆာျဖစ္လာေစတယ္လို႔သိရပါတယ္။ အဲ႔ဒါေၾကာင့္ အူမၾကီးကင္ဆာေရာဂါမျဖစ္ေအာင္ ၾကိဳတင္ကာကြယ္တဲ႔အေနနဲ႔ vitamin D ဓာတ္ကုိလံုေလာက္ေအာင္ ေနထုိင္စားေသာက္ေပးရပါမယ္။ေသြးစစ္ေဆးျပီး  vitamin D ခ်ိဳ႔တဲ႔ေနလား မခ်ိဳ႔တဲ႔ေနဘူးလားဆိုတာ သိႏုိင္ပါတယ္။

၄)စိတ္က်ေရာဂါခံစားလာရမယ္
ဒီေန႔ေခတ္လူမႈအသိုင္းအ၀ုိင္းအေျခအေနအရ ကြန္ပ်ဴတာေတြကုိယ္စီနဲ႔အလုပ္ လုပ္ေနၾကရပါတယ္။ကြန္ပ်ဴတာေရွ႔မွာပဲ တစ္ေနကုန္ထုိင္၊ရံုးဆင္းမွျပန္ဆုိေတာ့
လမ္းေလ်ွာက္ခ်ိန္ရယ္လို႔လည္းမရွိၾကပါဘူး။အိမ္ျပန္ေရာက္တဲ႔အခါမွာလည္း တီဗီထုိင္ၾကည့္ဖုန္းသံုးနဲ႔ ထုိင္ျပီးေတာ့သာ ေအးေဆးအနားယူၾကတာပါ။
ေနေရာင္ျခည္ကလည္း ထိေတြ႔ခ်ိန္မရွိ၊နံရံေလးဖက္ၾကားထဲမွာ အဲကြန္းေတြနဲ႔ပိတ္မိေနတာက စိတ္ကုိက်ဥ္းက်ပ္လာေစပါတယ္တဲ႔။ေနေရာင္ျခည္ဓာတ္လည္းလံုေလာက္စြာမရတဲ႔ အျပင္ လူကပါ ပိတ္မိေနတဲ႔အခါ စိတ္ဖိစီးမႈေတြျဖစ္လာျပီးစိတ္က်ေရာဂါခံစားလာရႏုိင္ပါတယ္။ အဲ႔ဒါေၾကာင့္ေနေရာင္ျခည္နဲ႔မထိေတြ႔ႏုိင္ဘူးဆိုရင္ vitamin D ျဖည့္ေပးနုိင္တဲ႔အစားအစာေတြ ၊ေဆးေတြသံုးစဲြေပးဖို႔လိုပါတယ္။

၅)အေရျပားေရာဂါေတြျဖစ္လာမယ္
ခႏၶာကိုယ္အတြင္းထဲမွာ အနီပိန္႔ေတြထတတ္တဲ႔အေရျပားေရာဂါတစ္ခုရွိပါတယ္။ vitamin D ကအေရျပားအဖုအပိန္႔ေတြမျဖစ္ေအာင္ကာကြယ္ေပးထားတာပါ။ေနေရာင္ျခည္လံုလံုေလာက္ေလာက္ မရဘူးဆုိရင္အေရျပားက်န္းမာေရးကုိထိခိုက္လာေစႏုိင္ပါတယ္။ အလြန္အကြ်ံထိေတြ႔တဲ႔အခါမွာလည္း အသားအရည္ထိခုိက္ေစနုိင္သလုိ မလံုေလာက္ရင္လည္း အဆင္မေျပပါဘူး။အဲ႔ဒါေၾကာင့္ ေနအရမ္းပူေနတဲ႔အခ်ိန္အျပင္ထြက္တာမ်ိဳးေရွာင္သင့္ျပီး ေနအျပည့္အ၀မထြက္ခင္စပ္ၾကားအခ်ိန္ေလးနဲ႔ေနေအးခ်ိန္ေလး ထြက္ေပးသင့္ပါတယ္။

၆)၀ိတ္တက္လာမယ္
ေနေရာင္ျခည္လံုေလာက္စြာမရဘူးဆုိရင္ ၾကြက္သားေတြအားနည္းလာမယ္။ အရိုးေတြ နာက်င္လာမယ္။တက္တက္ၾကြၾကြလႈပ္ရွားဖို႔လည္းခက္ခဲလာတဲ႔အခါကယ္လိုရီေတြ ေလာင္ကြ်မ္းဖို႔ခက္ခဲျပီး ၀ိတ္လည္းတက္လာႏုိင္ပါတယ္။vitamin D နဲ႔ ေဟာ္မုန္းဓာတ္က အတူတူအလုပ္လုပ္တာပါ။အ႔ဲဒါေၾကာင့္ vitamin Dလံုေလာက္စြာ မရဘူးဆုိရင္ ေဟာ္မုန္းဓာတ္လည္းအလုပ္ေကာင္းစြာမလုပ္ႏုိင္ေတာ့ပဲအလြန္အကြ်ံစားမိေစလာပါတယ္။က်န္းမာေရးနဲ႔ညီညြတ္ေအာင္စားျပီးvitamin D ကုိ ရမယ္ဆိုရင္ေတာ့ ၀ိတ္တက္လာတာ ကိုတားဆီးနုိင္ပါတယ္။vitamin D ပါ၀င္တဲ႔တူနာငါး၊ဆယ္လ္မြန္ငါး၊ၾကက္ဥအႏွစ္ ၊ႏြားႏုိ႔၊ေပါင္မုန္႔၊ဒိန္ခ်ဥ္အျဖဴ၊လိေမၼာ္ရည္စတဲ႔အစားအစာေတြကိုစားေပးဖို႔လည္းမေမ့ပါနဲ႔။

vitamin D ကို ေနေရာင္ကလည္းရႏုိင္သလို က်န္းမာေရးနဲ႔ညီညြတ္စြာေနထုိင္စားေသာက္ျခင္း ကေနလည္း ရနုိင္ပါတယ္။ျပီးေတာ့ ေဆး၀ါးအကူအညီလည္းရႏုိင္တဲ႔အတြက္ သင့္ရဲ ႔က်န္းမာေရးကုိမေပါ့ေလ်ာ့သင့္ပါဘူး။ေနပူၾကီးထဲထြက္မယ္ဆိုရင္ေတာ့ လံုျခံဳစြာ၀တ္စားျပီး ေနေလာင္ခံကရင္မ္ေတြလည္းလိမ္းေပးပါ။ေဆး၀ါးအကူအညီယူမယ္ဆိုရင္လည္း အရင္ဆံုးဆရာ၀န္ညႊန္ၾကားခ်က္ယူဖုိ႔လည္းမေမ့ပါနဲ႔။

Unicode

သင့်ခန္ဓာကိုယ်က နေရောင်နဲ့ထိတွေ့တဲ့အခါမှာ Vitamin D ဓာတ်ကိုထုတ်ပေးပါတယ်။vitamin D က ခန္ဓာကိုယ်အစိတ်အပိုင်းတွေကောင်းမွန်စွာလည်ပတ်လှုပ်ရှားဖို့အတွက် အရေးကြီးဆုံးအခန်း ကဏ္ဏာကနေ ပါဝင်နေပါတယ်။မကြာသေးခင်က အမေရိကန်လူမျိုးတွေရဲ့ အတွေ့အကြုံ ဆန်းစစ်ချက်တွေအရ vitaminDလုံလောက်စွာမရတဲ့သူတွေ၊နေရောင်နဲ့ထိတွေ့ချိန် နည်းပါးတဲ့သူတွေမှာ ဒီလိုရောဂါလက္ခဏာတွေ တွေ့ခဲ့ရတယ်လို့သိခဲ့ရပါတယ်။
ဘယ်လိုရောဂါတွေဖြစ်မလဲဆိုရင်..

၁)အရိုးအားနည်းရောဂါ
ကယ်လ်စီယမ်နဲ့ vitamin D က အရိုးကျန်းမာရေးအတွက် အဓိကလိုအပ်ပြီးအရေးကြီးတဲ့ သဘာဝအားဖြည့်ဓာတ်တွေဖြစ်ပါတယ်။ကယ်လ်စီယမ်နဲ့vitamin D ကတစ်ခုနဲ့တစ်ခု ဖေးမကူညီပြီး အရိုးအတွက်ထောက်ပံ့ပေးတာဖြစ်လို့ နေရောင်ခြည်ဓာတ်၊vitamin D လိုအပ်သလောက်မရတဲ့အခါကယ်လ်စီယမ်ကလည်းအလုပ်လုပ်နှုန်းလျော့ကျလာပါတယ်။အဲ့ဒါကြောင့် အရိုးတွေကအားနည်းလာပြီးနာကျင်တာမျိုးဖြစ်လာတာပါ။ခန္ဓာကိုယ်အတွက် vitamin D လိုအပ်နေဖို့အရေးကြီးပါတယ်။vitamin D ကိုနေရောင်ခြည်ကလည်းရနိုင်သလို အစားအစာတွေ၊ဆေးဝါးတွေကနေလည်းရရှိနိုင်ပါတယ်။

၂)ခန္ဓာကိုယ်အစိတ်အပိုင်းတွေပုံပန်းမကျဖြစ်လာတာ
vitamin D ချို့တဲ့ပြီဆိုရင် ကယ်လ်စီယမ်လည်းအလုပ်သိပ်မလုပ်လို့ အရိုးနဲ့သက်ဆိုင်တဲ့ရောဂါ တွေဖြစ်လာနိုင်ပါတယ်။အရိုးထဲမှာကယ်လ်စီယမ်လုံလောက်စွာမရှိဘူးဆိုရင် အရိုးတွေက တဖြည်းဖြည်းပုံစံပြောင်းလာပါတယ်။အဲ့ဒါကြောင့် vitamin D နဲ့ကယ်လ်စီယမ်က သင့်ခန္ဓာကိုယ်အရိုးနဲ့ဆဲလ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေပါ။ခန္ဓာကိုယ်ကို အဓိကဖွဲ့စည်းထားတာ အရိုးတွေနဲ့ဖြစ်လို့ ဒီအရိုးတွေအားနည်းပြီဆိုရင် ကျန်တဲ့ရောဂါတွေလည်းအလိုအလျောက်ဝင်ရောက်လာနိုင်ပါတယ်။

၃)အူမကြီးကင်ဆာ
လေ့လာချက်တွေအရ နေရောင်ခြည်လုံလောက်စွာမရဘူးဆိုရင် ဆဲလ်ထဲမှာလည်း vitamin D ဓာတ်တွေချို့တဲ့ပြီး အူမကြီးကင်ဆာဖြစ်လာစေတယ်လို့သိရပါတယ်။ အဲ့ဒါကြောင့် အူမကြီးကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ vitamin D ဓာတ်ကိုလုံလောက်အောင် နေထိုင်စားသောက်ပေးရပါမယ်။သွေးစစ်ဆေးပြီး vitamin D ချို့တဲ့နေလား မချို့တဲ့နေဘူးလားဆိုတာ သိနိုင်ပါတယ်။

၄)စိတ်ကျရောဂါခံစားလာရမယ်
ဒီနေ့ခေတ်လူမှုအသိုင်းအဝိုင်းအခြေအနေအရ ကွန်ပျူတာတွေကိုယ်စီနဲ့အလုပ် လုပ်နေကြရပါတယ်။ကွန်ပျူတာရှေ့မှာပဲ တစ်နေကုန်ထိုင်၊ရုံးဆင်းမှပြန်ဆိုတော့
လမ်းလျှောက်ချိန်ရယ်လို့လည်းမရှိကြပါဘူး။အိမ်ပြန်ရောက်တဲ့အခါမှာလည်း တီဗီထိုင်ကြည့်ဖုန်းသုံးနဲ့ ထိုင်ပြီးတော့သာ အေးဆေးအနားယူကြတာပါ။
နေရောင်ခြည်ကလည်း ထိတွေ့ချိန်မရှိ၊နံရံလေးဖက်ကြားထဲမှာ အဲကွန်းတွေနဲ့ပိတ်မိနေတာက စိတ်ကိုကျဉ်းကျပ်လာစေပါတယ်တဲ့။နေရောင်ခြည်ဓာတ်လည်းလုံလောက်စွာမရတဲ့ အပြင် လူကပါ ပိတ်မိနေတဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်လာပြီးစိတ်ကျရောဂါခံစားလာရနိုင်ပါတယ်။ အဲ့ဒါကြောင့်နေရောင်ခြည်နဲ့မထိတွေ့နိုင်ဘူးဆိုရင် vitamin D ဖြည့်ပေးနိုင်တဲ့အစားအစာတွေ ၊ဆေးတွေသုံးစွဲပေးဖို့လိုပါတယ်။

၅)အရေပြားရောဂါတွေဖြစ်လာမယ်
ခန္ဓာကိုယ်အတွင်းထဲမှာ အနီပိန့်တွေထတတ်တဲ့အရေပြားရောဂါတစ်ခုရှိပါတယ်။ vitamin D ကအရေပြားအဖုအပိန့်တွေမဖြစ်အောင်ကာကွယ်ပေးထားတာပါ။နေရောင်ခြည်လုံလုံလောက်လောက် မရဘူးဆိုရင်အရေပြားကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ အလွန်အကျွံထိတွေ့တဲ့အခါမှာလည်း အသားအရည်ထိခိုက်စေနိုင်သလို မလုံလောက်ရင်လည်း အဆင်မပြေပါဘူး။အဲ့ဒါကြောင့် နေအရမ်းပူနေတဲ့အချိန်အပြင်ထွက်တာမျိုးရှောင်သင့်ပြီး နေအပြည့်အဝမထွက်ခင်စပ်ကြားအချိန်လေးနဲ့နေအေးချိန်လေး ထွက်ပေးသင့်ပါတယ်။

၆)၀ိတ်တက်လာမယ်
နေရောင်ခြည်လုံလောက်စွာမရဘူးဆိုရင် ကြွက်သားတွေအားနည်းလာမယ်။ အရိုးတွေ နာကျင်လာမယ်။တက်တက်ကြွကြွလှုပ်ရှားဖို့လည်းခက်ခဲလာတဲ့အခါကယ်လိုရီတွေ လောင်ကျွမ်းဖို့ခက်ခဲပြီး ၀ိတ်လည်းတက်လာနိုင်ပါတယ်။vitamin D နဲ့ ဟော်မုန်းဓာတ်က အတူတူအလုပ်လုပ်တာပါ။အဲ့ဒါကြောင့် vitamin Dလုံလောက်စွာ မရဘူးဆိုရင် ဟော်မုန်းဓာတ်လည်းအလုပ်ကောင်းစွာမလုပ်နိုင်တော့ပဲအလွန်အကျွံစားမိစေလာပါတယ်။ကျန်းမာရေးနဲ့ညီညွတ်အောင်စားပြီးvitamin D ကို ရမယ်ဆိုရင်တော့ ၀ိတ်တက်လာတာ ကိုတားဆီးနိုင်ပါတယ်။vitamin D ပါဝင်တဲ့တူနာငါး၊ဆယ်လ်မွန်ငါး၊ကြက်ဥအနှစ် ၊နွားနို့၊ပေါင်မုန့်၊ဒိန်ချဉ်အဖြူ၊လိမ္မော်ရည်စတဲ့အစားအစာတွေကိုစားပေးဖို့လည်းမမေ့ပါနဲ့။

vitamin D ကို နေရောင်ကလည်းရနိုင်သလို ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ခြင်း ကနေလည်း ရနိုင်ပါတယ်။ပြီးတော့ ဆေးဝါးအကူအညီလည်းရနိုင်တဲ့အတွက် သင့်ရဲ ့ကျန်းမာရေးကိုမပေါ့လျော့သင့်ပါဘူး။နေပူကြီးထဲထွက်မယ်ဆိုရင်တော့ လုံခြုံစွာဝတ်စားပြီး နေလောင်ခံကရင်မ်တွေလည်းလိမ်းပေးပါ။ဆေးဝါးအကူအညီယူမယ်ဆိုရင်လည်း အရင်ဆုံးဆရာဝန်ညွှန်ကြားချက်ယူဖို့လည်းမမေ့ပါနဲ့။

262 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.