ဝက်ခြံကင်းစင်ပြုံးပျော်ရွှင်ဖြစ်စေဖို့

ဝက်ခြံတွေထွက်လွန်းလို့ဘာဆေးတွေစားပြီးဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုပြီးစိတ်ပူပန်နေတဲ့သူတွေ အတွက် ၀က်ခြံကင်းဝေးပြီးရှိပြီးသားဝက်ခြံတွေကိုသိသိသာသာ လျော့ချပေးနိုင်မဲ့နည်းလမ်းကောင်းလေးတွေကို သိရှိစေရန်ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်…
(၃) ပျားရည်
(၄) သခွားသီး
(၅) ကြက်ဥအကာ


Unicode

ဝက်ခြံတွေထွက်လွန်းလို့ဘာဆေးတွေစားပြီးဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုုပြီးစိတ်ပူပန်နေတဲ့သူတွေ အတွက် ဝက်ခြံကင်းဝေးပြီးရှိပြီးသားဝက်ခြံတွေကိုသိသိသာသာ လျော့ချပေးနိုင်မဲ့နည်းလမ်းကောင်းလေးတွေကို သိရှိစေရန်ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်…
(၁) Aspirin mask ကိုသုံးပေးပါ
မျက်နှာကိုတစ်ပတ်နှစ်ခါလောက်ခြားခြားပြီး Mask လေးနဲ့ပေါင်းတင်ပေးပါ။ အထူးသဖြင့်ဝက်ခြံအထွက်များတဲ့မျက်နှာတွေအတွက် ပိုပြီးတောင်လိုအပ်ပါသေးတယ်။ဝက်ခြံတွေချက်ချင်းပျောက်မသွားဘူးဆိုရင်တောင် မျက်နှာပေါ်က အညစ်အကြေးလေးတွေ ဖုန်မှုန့်လေးတွေကိုရှင်းလင်းပေးနိုင်တာကြောင့်နောက်ထပ်ဝက်ခြံထပ်ပေါက်ဖို့ အခြေနေသိပ်မရှိလောက်ပါဘူး။
(၂) ရှားစောင်းလက်ပတ်အနှစ်သုံးပေးပါ
ရှားစောင်းလက်ပတ် ဂျယ်ကို မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ဝက်ခြံပျောက်အောင်ဆိုပြီး ဝက်ခြံရှိတဲ့နေရာကိုပဲ ကွက်လိမ်းတာမျိုးမဟုတ်ပဲမျက်နှာတစ်ပြင်လုံးကို တင်းနေအောင်လိမ်းပေးပါ။ လိမ်းပြီးပြီးချင်း မိနစ် ၂၅ မိနစ်လောက်ထားပြီးမှ မျက်နှာကိုသစ်ပေးပါ။ ဖြစ်နိုင်ရင်နေ့တိုင်းလိမ်းပေးလေ
မြန်မြန်သက်သာလေပါပြီ။
(၃) ပျားရည်
ပျားရည်အစစ်နဲ့လုပ်မှပိုပြီးထိရောက်မှုရှိမယ်ဆိုတာကိုတော့ မမေ့ပါနဲ့။ ပျားရည်ကို မျက်နှာအနှံလိမ်းသုတ်ပေးခြင်းဟာ မျက်နှာပေါ်က အစက်အပြောက်နဲ့ချွေးပေါက်ကျယ်ခြင်းတွေကိုသက်သာစေပါတယ်။ ပျားရည်ကို အများကြီးလိမ်းတာမျိုး မဟုတ်ပဲ ပါးပါးလေးနဲ့မျက်နှာ အတွင်းသားတွေထိစိမ့်ဝင်နေအောင်ပွတ်လိမ်းပေးခြင်းကပိုပြီးထိရောက်စေပါတယ်။
(၄) သခွားသီး
သခွားသီးကိုပါးပါးလေးလှီးပြီး မျက်နှာတစ်ပြင်ကပ်တတ်ကြတာတော့မိန်းကလေးတော်တော်များများလုပ်တတ်ကြပါတယ်။ သခွားသီးရဲ့အေးတဲ့ဓာတ်ကြောင့် မျက်နှာအသားရေပေါ်က အပူကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ အပူဖုတွေကိုသက်သာစေပါတယ်။
(၅) ကြက်ဥအကာ
စားလို့ကောင်းသလို အလှပရေးရာတွက်လည်း မသုံးဝင်လှတဲ့ကြက်ဥရဲ့အကာကို မျက်နှာမှာပေါင်းတင်ထားသလို တစ်ပတ်တစ်ခါလောက်အပန်းမကြီရင်သုတ်လိမ်းပေးသင့်ပါတယ်။ပရိုတင်းဓာတ်တွေနဲ့ဗီတာမင်တွေ Amino အက်စစ်တွေပါဝင်တဲ့ကြက်ဥအကာဟာ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်မွေးဖွားတဲ့နေရာမှာလျင်မြန်ပါတယ်။ ဒါကြောင့်ဝက်ခြံတွေကို အမြန်ဆုံးပိန်ချက်စေပြီး ညီညာပြန့်ပြူးတဲ့မျက်နှာ အသားရေကိုရရှိနိုင်ပါတယ်။

ဝက်ခြံတွေကိုဖယ်ရှားဖို့ဆေးတွေဘာတွေအရင်မသောက်ပဲ အရင်ဆုံးဒီလိုသဘာဝနည်းလေးတွေနဲ့ဖြေရှင်းကြည့်ကြပါအုံးလို့အကြံပြုရင်း…

317 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.