tvN ရုပ္သံဌာနက အသစ္ရုိက္ကူးမယ့္အခ်စ္ဟာသ ဒရာမာဇာတ္ကားမွာ မင္းသားေခ်ာ Park Seo Joon နဲ႔ ခ်စ္စရာမင္းသမီးေလး Park Min Young တို႔ပါ၀င္သရုပ္ေဆာင္မယ္ လုိ႔သိရပါတယ္။ အခုေလာေလာဆယ္ “What’s Wrong With Secretary Kim?” လို႔နာမည္ အစမ္းေပးထားျပီး ဒီဇာတ္ကားဟာ နာမည္ေက်ာ္ webtoon စီးရီးတစ္ခုကုိ အေျခခံျပီးျပန္လည္ရုိက္ကူးမွာျဖစ္ပါတယ္။
ျပည္ပမီဒီယာတစ္ခုရဲ ႔ေဖာ္ျပခ်က္အရ Park Min Young ဟာ Park Seo Joon နဲ႔အတူ ဒီဇာတ္ကားမွာ သရုပ္ေဆာင္ဖုိ႔လက္ခံခဲ႔တယ္လုိ႔သိရပါတယ္။
“What’s Wrong With Secretary Kim?” မွာဆိုရင္ မင္းသမီးေခ်ာ Park Min Young က မင္းသား Park Seo Joon ရဲ ႔ဆြဲေဆာင္မႈရွိတဲ႔အတြင္းေရးမွဴး Kim Mi So ေနရာကေန သရုပ္ေဆာင္ရမွာျဖစ္ပါတယ္။Lee Young Joon အျဖစ္သရုပ္ေဆာင္မယ့္ မင္းသားရဲ႔ေဘးမွာ ၉ႏွစ္နီးပါး လက္တြဲအလုပ္လုပ္ကုိင္ေနတဲ႔ အရည္အခ်င္းရွိျပီးလွပတဲ႔အတြင္းေရးမွဴးတစ္ေယာက္
ျဖစ္ေပမဲ႔ သူမကတစ္ခါမွရည္းစားမထားဘူးေသးတဲ႔ပံုစံမ်ိဳး သရုပ္ေဆာင္ရမွာပါ။ အခ်စ္ဇာတ္လမ္းလည္းျဖစ္ျပီး ဒီေလာက္ေခ်ာေမာလွပတဲ႔ Kim တစ္ေယာက္
ဘာလို႔ရည္းစား မထားဘူးေသးတာလဲဆုိတဲ႔အေၾကာင္းကို စိတ္၀င္စားဖြယ္ရာဇာတ္လမ္း ဇာတ္ကြက္ေတြနဲ႔ဖန္တီးထားတယ္လို႔သိရပါတယ္။
မင္းသမီးေခ်ာ Park Min Young ဆုိတာလည္း “City Hunter” ၊ “Sungkyunkwan Scandal” ၊“Remember.” “Healer “စတဲ႔နာမည္ၾကီးရုပ္ရွင္ကားေတြမွာ ပါ၀င္သရုပ္ေဆာင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။ဒါေပမဲ႔ ဒီလိုအခ်စ္ဟာသဇာတ္လမ္းကေတာ့ သူမရဲ႔ပထမဆံုး အၾကိမ္ရုိက္ကူးဖူးတဲ႔ရုပ္ရွင္မ်ိဳးျဖစ္ပါတယ္တဲ႔။tvN ရုပ္သံက တာ၀န္ရွိသူေတြကလည္း “Park Min Young က ဒီဇာတ္ကားမွာအေကာင္းဆံုး သရုပ္ေဆာင္သြားႏုိင္ျပီး ၾကည့္ရႈသူေတြကုိ ဆြဲေဆာင္သြားႏုိင္မယ္လို႔ခံစားရတဲ႔အေၾကာင္း၊ ဒီဇာတ္ရုပ္က သူမနဲ႔သာလုိက္ဖက္တယ္” လို႔ခံစားရေၾကာင္းေျပာျပခဲ႔ပါတယ္။
“What’s Wrong With Secretary Kim?” ဇာတ္ကားကုိ ဇြန္လလယ္ပိုင္းေလာက္မွာ ထုတ္လႊင့္ျပသသြားမယ္လို႔သိရပါတယ္။
Unicode
tvN ရုပ်သံဌာနက အသစ်ရိုက်ကူးမယ့်အချစ်ဒရာမာဇာတ်ကားမှာ မင်းသားချော Park Seo Joon နဲ့ ချစ်စရာမင်းသမီးလေး Park Min Young တို့ပါဝင်သရုပ်ဆောင်မယ် လို့သိရပါတယ်။ အခုလောလောဆယ် “What’s Wrong With Secretary Kim?” လို့နာမည် အစမ်းပေးထားပြီး ဒီဇာတ်ကားဟာ နာမည်ကျော် webtoon စီးရီးတစ်ခုကို အခြေခံပြီးပြန်လည်ရိုက်ကူးမှာဖြစ်ပါတယ်။
ပြည်ပမီဒီယာတစ်ခုရဲ ့ဖော်ပြချက်အရ Park Min Young ဟာ Park Seo Joon နဲ့အတူ ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့လက်ခံခဲ့တယ်လို့သိရပါတယ်။“What’s Wrong With Secretary Kim?” မှာဆိုရင် မင်းသမီးချော Park Min Young က မင်းသား Park Seo Joon ရဲ ့ဆွဲဆောင်မှုရှိတဲ့အတွင်းရေးမှူး Kim Mi So နေရာကနေ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။Lee Young Joon အဖြစ်သရုပ်ဆောင်မယ့် မင်းသားရဲ့ဘေးမှာ ၉နှစ်နီးပါး လက်တွဲအလုပ်လုပ်ကိုင်နေတဲ့ အရည်အချင်းရှိပြီးလှပတဲ့အတွင်းရေးမှူးတစ်ယောက်
ဖြစ်ပေမဲ့ သူမကတစ်ခါမှရည်းစားမထားဘူးသေးတဲ့ပုံစံမျိုး သရုပ်ဆောင်ရမှာပါ။ အချစ်ဇာတ်လမ်းလည်းဖြစ်ပြီး ဒီလောက်ချောမောလှပတဲ့ Kim တစ်ယောက်ဘာလို့ရည်းစား မထားဘူးသေးတာလဲဆိုတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ဖန်တီးထားတယ်လို့သိရပါတယ်။
မင်းသမီးချော Park Min Young ဆိုတာလည်း “City Hunter” ၊ “Sungkyunkwan Scandal” ၊“Remember.” “Healer “စတဲ့နာမည်ကြီးရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ဒီလိုအချစ်ဟာသဇာတ်လမ်းကတော့ သူမရဲ့ပထမဆုံး အကြိမ်ရိုက်ကူးဖူးတဲ့ရုပ်ရှင်မျိုးဖြစ်ပါတယ်တဲ့။tvN ရုပ်သံက တာဝန်ရှိသူတွေကလည်း “Park Min Young က ဒီဇာတ်ကားမှာအကောင်းဆုံး သရုပ်ဆောင်သွားနိုင်ပြီး ကြည့်ရှုသူတွေကို ဆွဲဆောင်သွားနိုင်မယ်လို့ခံစားရတဲ့အကြောင်း၊ ဒီဇာတ်ရုပ်က သူမနဲ့သာလိုက်ဖက်တယ်” လို့ခံစားရကြောင်းပြောပြခဲ့ပါတယ်။
“What’s Wrong With Secretary Kim?” ဇာတ်ကားကို ဇွန်လလယ်ပိုင်းလောက်မှာ ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။