R. Kelly ရဲ့ခရစ်စမတ် အယ်လ်ဘမ်

18e12b86-a34a-4b0c-8200-312b2d7a3412_636x357.jpg

 

R. Kelly ရဲ့ ခရစ်စမတ် အယ်လ်ဘမ်သစ်ထဲမှာ ကာမစပ်ယှက်တဲ့ အကြောင်းတော်တော်များများ ပုံဖော်ဖန်တီးထားတယ်လို့ R. Kelly ကပြောပါတယ်။ အားလပ်ရက် အယ်လ်ဘမ်တစ်ခုဖြစ်တဲ့ ခရစ်စမတ် အယ်လ်ဘမ်ကို “12 Nights of Christmas” လို့နာမည်ပေးထားပါတယ်။ ဒီအယ်လ်ဘမ်အတွက် R. Kelly ဟာ မနှစ်ကတည်းက စအသံသွင်းနေခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ် မှာ ဖြန့်ချိနိုင်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ ပရိသတ်တွေအနေနဲ့  ဒီ project သစ်မှာ သိပ် sexy ကျတဲ့ (ခရစ်စမတ် ရာသီ)Yuletide ဂီတပုံစံတချို့ကို မျှော်လင့်နိုင်ပါတယ်လို့ Kelly ရဲ့ပြောကြားချက်အရ သိရပါတယ်။

“12 Nights of Christmas လို့ခေါ်တဲ့ ခရစ်စမတ် အယ်လ်ဘမ် တစ်ခုကို လက်ရှိမှာ လုပ်နေပါတယ်။ ကာမစပ်ယှက်တဲ့ အကြောင်းတွေလဲ အများကြီးပါမယ်။ လက်ဆောင်တွေ ထမ်းပြီးလာပြီ။ တကယ်တော့ မနှစ် ခရစ်စမတ် ကတည်းကလုပ်နေခဲ့တာ။ တေးထုတ်လုပ်ရေးတွေဆီ ရောင်းမထွက်ဘူးလို့ မထင်ခဲ့ဘူး။ နောက်နှစ် ခရစ်စမတ်တော့ လာမယ်ဗျာ။ ဒီအယ်လ်ဘမ် လေးတစ်ချက်ရဖို့ ခရစ်စမတ် ၂ခုတောင် အချိန်ကုန်သွားတယ်ဗျာ။ ခင်ဗျားတို့ဆီ အရောက်လာခဲ့ပါ့မယ်။” လို့ R. Kelly ကပြောသွားပါတယ်။

R. Kelly ရဲ့ ခရစ်မတ် အယ်လ်ဘမ်ကို စောင့်ဆိုင်းနေရဦးမယ့် ပရိသတ်တွေအတွက် Christmas I’ll Be Steppin’ ရာသီစာ သီချင်းသစ် တစ်ပုဒ်ကို ဖြန့်ဝေပေးလိုက်ပါတယ်။ 

Ref:entertainment

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.