စာအုပ်ကြိုက်တဲ့စာကြမ်းပိုးကောင်မလေးတွေကိုကြွေမိတဲ့အခါ
(၂) ရည်ရွယ်ချက်တစ်ခုနဲ့တည်တည်တံ့တံ့ရပ်တည်ပါ
Unicode
စာအုပ်စာပေကိုချစ်မြတ်နိုးပြီးစာဖတ်ဝါသနာပါတဲ့ကောင်မလေးကိုကြွေမိကြတဲ့ကောင်လေးတွေရှိလား..ဒီလိုကောင်မလေးမျိုးကို ကြွေနေမိပြီဆိုရင်သူတို့ပြန်ကြွေအောင်ဘယ်လို ပြန်ချွေသင့်သလဲဆိုတာသိစေဖို့နည်းလမ်းကောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်…
(၁) အမြင်ကျယ်ကျယ်တွေးခေါ်ပါ
စာဖတ်ဝါသနာပါတဲ့မိန်းကလေးတွေတော်တော်များများဟာ သဘောထားသေးပြီး အမြင်ကျဉ်းတဲ့ယောကျင်္ားလေးမျိုးကိုသဘောမကျတတ်ပါဘူး။သူတို့သဘောကျမိတဲ့ပုံစံက ဘာကိုမဆိုလေးလေးနက်နက်တည်တည်ငြိမ်ငြိမ်နဲ့ အမြင်ကျယ်ကျယ်တွေးခေါ်တတ်ပြီးသဘောထားကြီးတတ်တဲ့စိတ်ထားမြင့်မြတ်ကြီးမားတဲ့ကောင်လေးတွေကိုပါ။
(၂) ရည်ရွယ်ချက်တစ်ခုနဲ့တည်တည်တံ့တံံ့ရပ်တည်ပါ
ရည်ရွယ်ချက်မရှိဦးတည်ရာမရှိပဲ ဒီတိုင်းအပျော်အပြက်နဲ့ဘဝကို အချိန်ကုန်တတ်တဲ့သူတွေကို သူတို့ကသဘောမကျတတ်ကြပါဘူး။ အသက်ငယ်ငယ်ကြီးကြီးရည်ရွယ်ချက်တစ်ခုအတွက်ကြိုးစားနေတတ်ကြတဲ့ယောကျင်္ားလေးတွေကိုသာ သဘောကျတတ်ကြတာပါ။ အထူးသဖြင့်စာဖတ်များတဲ့မိ်န်းကလေးတွေကရည်ရွယ်ချက်ကြီးပြီး ညဏ်ရည်ပိုင်းဆိုင်ရာ အတွေးခေါ်ပိုင်းဆိုင်ရာမြင့်မားတတ်ကြတာမို့ သူတို့ရွေးချယ်မိတဲ့သူကလည်း ရည်ရွယ်ချက်ကြီးမားပြီးဦးတည်ချက်ရှိတဲ့သူဖြစ်စေချင်ကြပါတယ်။
(၃) Romantic ဆန်ဆန်လေးတွေလုပ်တတ်ပါစေ
စာအုပ်ကြိုက်တဲ့ကောင်မလေးတိုင်းဟာ Romatic ဆန်ဆန်လေးတွေကိုသဘောကျတတ်ကြပါတယ်။ ကြည့်ရင်သာအေးတိအေးစက်လို့ထင်ရပေမဲ့ Romantic ဆန်ဆန်လေးတွေကိုနှစ်သက်တတ်ကြပါတယ်။ အထူးသဖြင့်စိတ်ထားနူးညံ့သိမ်မွေ့ကျသူတွေမို့ ဒီလိုစာအုပ်ကြိုက်တဲ့ကောင်မလေးတွေကိုချစ်စရာကောင်းတဲ့ ကဗျာဆန်ဆန် အကွက်လေးတွေ များများလုပ်ပေးသင့်ပါတယ်။
(၄) သူတို့အပေါ်အရမ်းအသည်းသန်မလွှမ်းမိုးပါနဲ့
သူတို့အပေါ်ချုပ်ချယ်တာ လွှမ်းမိုးတာမျိုး၊ ဆူပူ ဟိန်းဟောက်တာမျိုးကို နည်းနည်းလေးမှကြိုက်တတ်ကြတာမဟုတ်ပါဘူး။ စာဖတ်များတဲ့ကောင်မလေးတွေဟာနည်းနည်းဆရာမကြီးတွေလုပ်တတ်ကြတာမို့သူတို့အပေါ် ဆူပူပြောဆိုတဲ့သူတွေဆိုမုန်းတတ်ကြပါတယ်။ စိတ်ပူလို့မှာတယ်ဆိုရင်တောင်နားလည်အောင်ရှင်းပြရုံလောက်နဲ့နားလည်ပေးတတ်တဲ့သူတွေပါ။
(၅) လက်ဆောင်ပေးတိုင်းအဓိပ္ပါယ်ရှိပါစေ
လက်ဆောင်တစ်ခုခုသူတို့ကိုပေးတော့မယ်ဆိုရင် ပေးမဲ့လက်ဆောင်တိုင်းဟာ စျေးကြီးစရာမလိုပင်မဲ့နက်ရှိုင်းတဲ့ အဓိပ္ပါယ်ရှိဖို့တော့လိုပါတယ်။လက်ဆောင်ပေးတိုင်းလက်ခံတတ်တာမျိုးလိုချင်တာမျိုးမဟုတ်ပဲသူတို့ကို တန်ဖိုးထားတဲ့နက်ရှိုင်းတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ပေးမှ ကိုယ့်အပေါ်ကြွေတတ်ကြတာမို့ လက်ဆောင်ပေးတိုင်း အဓိပ္ပါယ်ရှိပါစေ။
ဆိုတော့ စာဖတ်သန်တဲ့စာဂျပိုးကောင်မလေးတွေကိုချစ်မိရင် ဒီအချက်လေးတွေကို အရင်ကြိုးစားပြီးသူတို့ရင်ထဲကနက်ရှိုင်းတဲ့ အချစ်ကိုရယူနိုင်ကြပါစေလို့ဆုတောင်းရင်း…
174 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.