ညဏ်ကောင်းထက်မြက်တဲ့မိန်းမသားဆိုတာ

ထက်မြက်တဲ့မိန်းမဆိုတာဘာညာတွေ Facebook မှာ share နေတတ်တဲ့ အသုံးမဝင်အကျိုးမရှိ နံကြားလက်ထောက်ပြီးရေးထားတာတွေနဲ့တော့ ဒီ Article ကိုမနှိုင်းစေချင်ပါနော်။ထက်မြက်တဲ့မိန်းမဆိုတာလည်း Facebook ပေါ်ရောက်မှ မြန်မာနိုင်ငံရောက် အိုရှိုးလိုပဲ ဘတ်လဗိုင်ကိုလိုက်လို့။(မိမိတောင် အဲ့ဒါမျိုးတွေမြင်နေရတာစိတ်ကုန်လွန်းလို့ Facebook အစား Instagram ပြောင်းသုံးနေတာကြာခဲ့ပါပြီ) ဆိုတော့ကာ…ဒီ တစ်ခုကတော့ gender discriminate လုပ်တယ်လို့ပြောရင်တော့ မဟုတ်ကြောင်းငြင်းဆိုရမှာပါ။ ဘာကြောင့်ဆို ထက်မြက်တဲ့မိန်းကလေးဆိုတာတဲ့ပက်သက်တဲ့ ရေးသားချက်တွေကို ယောက်ျားလေးတွေဖတ်မိရင်လည်းအကျိုးယုတ်နိုင်စရာမရှိဘူးမဟုတ်လား။ တကယ်တမ်းထက်မြက်တဲ့မိန်းကလေးဆိုတာ မည်သို့မည်ပုံဖြစ်ကြောင်း အရိပ်အမြွပ်မျှသော Characteristics တွေကို ဖော်ပြလိုက်ရပါတယ်။

 

ပြည့်တဲ့အိုးဆိုတော့ ဘောင်ဘင်မခတ်

ခေါင်းစဉ်ကြီးကဘာကြီးလားလို့မတွေးခင် ဒါက နှိုင်းရအသုံးအနှုန်း Metaphor ဖြစ်ကြောင်းအရင်ပြောပြထားပါရစေ။ ထက်မြက်တဲ့မိန်းကလေးတွေရဲ့ သိသာထင်ရှားတဲ့ အချက်ကတော့ သူတို့က ထက်မြက်တဲ့မိန်းမဆိုတာဘာညာနဲ့အစချီတဲ့ Post တွေကို မ Share တတ်ကြသလို တက်ကျမ်းတွေလည်းမဖတ်တတ်ကြပါဘူး။သူတို့က စာဖတ်ဝါသနာပါကောင်းပါနိုင်ပါလိမ့်မယ်။ဒါပေမယ့် အပျော်ဖတ်စာအုပ်တွေနဲ့ အလာဂျီရှိသူတွေပါ။ ဒါ့အပြင် သူတို့ကိုယ်သူတို့ထက်မြက်ကြောင်းလည်း ဟာသအနေနဲ့ရံဖန်ရံခါကလွဲလို့ ထုတ်ဖော်ကြွားဝါခြင်းမျိုးမရှိပါဘူး။

 

ကိုယ့်ကိုယ်ကိုယ်နားလည်

သူတို့ဟာ ကိုယ်ကိုယ်တိုင်နဲ့ ငြိမ်းချမ်းရေးရထားသူတွေပါ။ လူတစ်ယောက်ဟာ သူ့ကိုယ်တွင်းကအသံနဲ့အတ္တတွေ အတွင်းစိတ်တွေနဲ့ ငြိမ်းချမ်းရေးမရရင် အပြင်ကကိစ္စတွေကိုဘယ်ပုံဘယ်နည်းနဲ့မှအာရုံစိုက်နိုင်မယ်မဟုတ်ပါဘူး။ ထက်မြက်ရည်မွန်တဲ့မိန်းကလေးတွေကတော့ သူတို့ဘာလိုချင်သလဲဘာမလိုချင်ဘူးလဲ ဘယ်လိုဖြစ်ချင်သလဲ ကိုယ့်အကြောင်းကိုယ် အကုန်အစင်သိနားလည်နေသူတွေဖြစ်တာကြောင့် တစ်ခုခုကိုရွေးချယ်ရာမှာဖြစ်စေ ငြင်းဆိုရာမှာဖြစ်စေ အချိန်ကုန်သက်သာပြီးအမှားအယွင်းနည်းသူတွေပါ။ဒါက သူတို့ကိုထက်မြက်စေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဆိုရင်လည်း မှားအံ့မထင်ပါဘူး။

 

အချစ်ရေးကိုဦးစားမပေး

ဒါကတော့ မိန်းကလေးတွေမှမဟုတ်ပါဘူးအောင်မြင်နေတဲ့ ယောက်ျားလေးတွေလည်းဒီအတိုင်းပါပဲ။ အချစ်ရေးဆိုတာဘဝတစ်ခုလုံးမဟုတ်ပါဘူး။ဘဝထဲမှာမှ သေးငယ်တဲ့အစိတ်အပိုင်းကလေးပါ။အဲ့ဒီိ့အစိတ်အပိုင်းကလေးက ခြေသန်းလေးလို လက်သည်းပန်းကုံးလေးလိုပဲတစ်ခုခုနဲ့ဖြင့်ပြင်းပြင်းထန်ထန်တိုက်မိခဲ့ရင် အသည်းခိုက်အောင်နာကျင်ရတယ်ဆိုပေမယ့်ပေါ့လေ။ အချိန်နဲ့အမျှမေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပါပဲ။ ထက်မြက်တဲ့မိန်းမသားဆိုတာက အချစ်ရေးကိုဦိးစားမပေးပါဘူး။

 

မေးခွန်းထုတ်ခြင်းနည်း

သူတို့က သိပ်ပြီးမထူးခြားတဲ့ လောကနိယာမတွေအတွက် ဟောင်းနွမ်းဆွေးမြေ့နေတဲ့ မေးခွန်းမျိုးတွေမေးလေ့မရှိသူတွေပါ။ ဥပမာအားဖြင့်သင်က ထက်မြက်တဲ့မိန်းကလေးတစ်ဦးနဲ့ချစ်သူဖြစ်ထားပြီး သူ့ကိုလမ်းခွဲဖို့ပြောခဲ့ရင် သူက ရှည်ရှည်ဝေးဝေးတွေမေးနေပြောနေတာမျိုးမလုပ်ပဲ အသာတကြည်ပဲလမ်းခွဲပေးမှာပါ။ လူတွေရဲ့ပြောင်းလဲတတ်ပုံတွေကိုသိထားတဲ့အတွက် သင်ကိုယ်တိုင်ရဲ့ပြောင်းလဲမှုကလည်း သူမကို ဘယ်လိုမှခံစားရစေမှာမဟုတ်ပါဘူး။အလုပ်တစ်ခုပြီးသွားတယ်လို့ပဲသဘောထားပါလိမ့်မယ်။

 

ညဏ်ပညာနဲ့ဆင်ခြင်တုံတရားရှိ

သူမက ဘဝမှာဘယ်ဟာကအရေးကြီိးတယ်၊ဘယ်အရာကတော့ သိပ်အရေးမကြီိးဘူးဆိုတာကိုမှန်မှန်ကန်ကန်မြင်တတ်တဲ့ညဏ်ပညာရှိပြီး အခြေအနေတိုင်းကိုဘယ်သူ့အကူအညီမှမယူပဲတစ်ယောက်တည်းဖြေရှင်းနိုင်သူပါ။ သူမရွေးချယ်လိုက်တဲ့လမ်းမှာ ခလုတ်ကန်သင်းတွေများပြားနေရင်လည်း တစ်ချက်မညည်းညူပဲ ခုတ်ထွင်ရှင်းလင်းသွားမယ့်သူဖြစ်ပြီိး အဲ့ဒီ့လိုစိတ်အနေအထားကြောင့်ပဲ တစ်ခုခုကိုဆုံးဖြတ်တော့မယ်ဆိုရင် အပြန်ပြန်အလှန်လှန်စဉ်းစားဆုံးဖြတ်လေ့ရှိတာကြောင့် အမှားနည်းသူလည်းဖြစ်ပါတယ်။

 

ဖော့ဖယောင်းလိုပျော့ပျောင်းတဲ့စိတ်နေစိတ်ထား

လူတွေထင်နေကြတာက ထက်မြက်တဲ့မိန်းမဆိုတာ ဘယ်သူ့အကူအညီိမှမယူပဲ အရာအားလုံးကိုယ့်ဘာသာလုပ်နိုင်တယ်လို့ကျွေးကြော်ပြီး တကယ်လည်းကိုယ်တစ်ယောက်တည်းဖြစ်အောင်လုပ်သွားတာမျိုး ငါတစ်ယောက်တည်းလုပ်နိုင်ခဲ့တယ်ဆိုပြီး ပင်ပန်းတာတောင်ဂုဏ်ယူနေတာမျိုး လို့ထင်ကြပါတယ်။ဒါပေမယ့် အဲ့ဒါဟာ ပျော့ညံ့တဲ့စိတ်နေစိတ်ထားပါ။ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အမြဲလိုလို ငါဟာသန်မာတယ် တစ်ယောက်တည်းလည်းနေလို့ဖြစ်တယ်ဆိုတာကို သက်သေပြနေရတဲ့အတွက်၊ကိုယ့်ကိုယ်ကိုယ်အားပေးနေရတဲ့အတွက် ပျော့ညံ့အားနည်းတဲ့စိတ်ကိုအားတင်းဖုံးကွယ်နေရတဲ့အပြုအမူပါ။တကယ့်တကယ်ထက်မြက်တာထက်ပိုတဲ့မိန်းကလေးတွေကတော့ ကိုယ့်ကိုယ်ကိုယ်တစ်ယောက်တည်းလုပ်နိုင်တယ်ဆိုတာကိုသေချာသိသလို သူများက ကိုယ့်အတွက်ဆောင်ရွက်ပေးတဲ့အခါ ကောင်းမွန်တဲ့အပြုအမူဖြစ်မှန်းလည်းသိကြပါတယ်။ဆောင်ရွက်ပေးမယ့်သူမရှိလို့ ကိုယ့်ဘာသာလုပ်ရတဲ့အခါလည်း ညည်းညူခြင်းမရှိကြပါဘူး။သူတို့က It feels fun and strong to be served ဆိုတာ သိထားကြလို့ပါပဲ။ ဒါကြောင့်ထက်မြက်တဲ့မိန်းကလေးတွေမှာ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီးကိုယ့်အတွက်ကောင်းမွန်တဲ့ဘက်ကိုပြောင်းလဲနိုင်တဲ့ ဖော့ဖယောင်းလိုပျော့ပျောင်းတဲ့စိတ်အခြေအနေရှိကြပါတယ်။

 

ထက်မြက်တဲ့မိန်းကလေးနဲ့ ထက်မြက်ချင်ယောင်ဆောင်ရင်း ညံ့ဖျင်းသွားရတဲ့မိန်းကလေးတွေကိုခွဲခြားနိုင်ကြပါစေ။

 

Unicode Format

 


 



 



 



 



 



 




1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.