အရောင်တွေနဲ့ပတ်သတ်ပြီး စိတ်ပညာရှင်တွေက အကြံပြုထားတဲ့ စမ်းသပ်နည်းလေးတွေ
ကို စာဖတ်သူတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပုံမှန်တိုင်း စိတ်ကြိုက်ရွေးချယ်စရာလေးတွေနဲ့ ကိုယ်တိုင်မသိသေး ကိုယ်ရည်ကိုယ်သွေးတွေကို စစ်ဆေးကြည့်လိုက်ရအောင်
အနီ
အနီရောင်ကားကို ရွေးချယ်တဲ့လူကတော့ အများအားဖြင့် နည်းနည်းမျက်စိနောက်စရာကောင်းတယ်။ ဒါပေမယ့် စမတ်ကျကျနေတတ်ကြတယ်။ ဘဝမှာ ပျော်ပျော်နေတတ်ပြီး စိတ်ညစ်တွေကြုံလာရင်တောင် စိတ်ဓာတ်ကြံခိုင်စွာနဲ့ ကျော်ဖြတ်နိုင်အောင်ကြိုးစားတယ်။ ဖော်ရွေတယ်၊ ရည်မှန်းချက်ကြီးတယ်၊ နေရာဒေသလိုက် ၀တ်တတ် စားတတ်တယ်။
မီးခိုးရောင်
မီးခိုရောင်နဲ့ ငွေရောင်တူပါဘူးနော်။ မီးခိုးရောင်ကိုရွေးချယ်သူများဟာ အထက်တန်းကျတယ်၊ သက်တောင့်သက်သာနေလိုပြီး ဘယ်အရာမဆို ဖြည်းဖြည်းနဲ့ပုံမှန်ပဲလုပ်လေ့ရှိသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ရှက်တတ်တယ်။ လွတ်လပ်စွာနေရတာကို သဘောကျပြီး ဂရုစိုက်တတ်တယ်၊ ကတိတည်ပြီး ရင့်ကျက်သူတွေဖြစ်ပါတယ်။
အပြာရောင်
ပေါ့ပါးတယ်၊ ရင်းနှီးဖော်ရွေစွာနေတတ်တယ်။ သဘောထားပြည့်ဝပြီး စကားပြောညက်ညောသူတွေဖြစ်ပါတယ်။ စိတ်ရှည်တယ်၊ အာရုံစူးစိုက်နိုင်တယ် ၊တစ်ဖက်သားပြောစကားကို ဆုံးအောင်နားထောင်ပြီး လိုအပ်တဲ့နေရာဝင်ကူညီတယ်။
အစိမ်း
ဒီအရောင်ကိုရွေးချယ်တဲ့လူတွေဟာ နည်းနည်းရှေးရိုးဆန်တယ်။ သြဇာ အာဏာညောင်းတယ်။ လူတွေကို ကောင်းကောင်းစည်းရုံးနိုင်စွမ်းရှိတယ်။ လူတစ်ယောက်ကို အထာနပ်နပ်ပေါင်းသင်းနိုင်တယ်။ နူးညံ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ စိတ်ရှည်တယ်၊ လူကြီးဆန်တယ် ၊ ချစ်ခြင်းမေတ္တာအပြည့်ထားတတ်ပါတယ်။
အ၀ါ
တကယ်တော့ အ၀ါရောင်တောက်လေးဟာ လူတစ်ယောက်ကို လင်းလက်သွားစေပါတယ်။အ၀ါရောင်ကြိုက်တဲ့လူတွေဟာ အများအလယ်မှာထင်ပေါ်တယ်။ လွတ်လပ်ပေါ့ပါးစွာနေတတ်ပေမယ့် အလုပ်နဲ့ပတ်သတ်လာရင် ဇွဲကြီးတယ်။ အလုပ်က သူ့အတွက် ဦးစားပေးပဲ။ စိတ်ကူးဥာဏ်တွေအမြဲတမ်း တွေးတောနေတတ်သူဖြစ်တယ်။ ဥာဏ်ပညာလည်း ကြီးမားသူဖြစ်ပါတယ်။