ဒိုင္ယာရီေရးတတ္တဲ့အက်င့္

ဘာလို႔ဒိုင္ယာရီေရးတတ္တဲ့အက်င့္ေလးကို ေမြးထားသင့္လဲဆိုေတာ့ ကိုယ့္ဘဝရဲ႕အမွတ္တရေန႔ရက္ေတြ၊ စိတ္ၾကည္ႏူးခဲ့ရတဲ့ အခုိ္က္တန္႔ေလးေတြကို ဦးေႏွာက္က မမွတ္မိေတာ့ရင္ေတာင္ ဒိုင္ယာရီေလးျပန္လွန္ၾကည့္မိတဲ့အခါ ‘ေၾသာ္..အဲ့ဒီေန႔က ဒီလိုအမွတ္တရေလးေတြ႐ွိခဲ့ပါလား’ ဆိုျပီးျပန္လွန္ေအာက္ေမ့သတိရရတဲ့ ခံစားခ်က္ဟာလည္း ဘာနဲ႔မွမတူဘူးဆိုတာ ဒိုင္ယာရီေရးဖူးတဲ့လူတုိင္း ခံစားမိမယ္ထင္ပါတယ္…

ဒိုင္ယာရီေရးတတ္တဲ့ အေလ့ထမ႐ွိေသးဖူးဆိုရင္လည္း ဒါဟာလုပ္ယူရခက္တဲ့အက်င့္တစ္ခုေတာ့မဟုတ္ပါဘူး။ကိုယ္ဘယ္သြားသြား လြယ္ေနက်အိတ္ေလးထဲ ဒိုင္ယာရီစာအုပ္ေလးတစ္အုပ္နဲ႔ ေဘာပင္သာေဆာင္ထား။ မွတ္မွတ္ရရျဖစ္စဥ္ေလးေတြဆို ခ်က္ခ်င္းေကာက္ေရးလိုက္တာမ်ဳိး၊ ဒါမွမဟုတ္ ညအိပ္ရာဝင္ခါနီးမွ တစ္ေန႔တာ ဘာေတြလုပ္ခဲ့တယ္၊ ဘယ္သူနဲ႔ေတြ႔ခဲ့တယ္၊ တစ္ေန႔တာ စိတ္ခံစားခ်က္ကေတာ့ ဘယ္လို၊ စသျဖင့္ ခံစားရသမွ် အကုန္ခ်ေရးၾကည့္ပါ။

ဒိုင္ယာရီေရးျခင္းက စိတ္ထြက္ေပါက္တစ္ခုပါပဲ။ ကိုယ့္ရဲ႕ရင္တြင္းစကားသံေတြကို အခ်ိန္ျပည့္ နားေထာင္ေပးႏုိင္မယ့္ သူငယ္ခ်င္းမ်ဳိးမ႐ွိပါဘူး။ လူတုိင္း ကိုယ့္ဘဝနဲ႔ကိုယ္မို႔လို႔ စိတ္ထြက္ေပါက္ေပးႏုိင္မယ့္ အေကာင္းဆံုးအရာတစ္ခုကေတာ့ ဒိုင္ယာရီေရးျခင္းပါပဲ။ ေနာက္ျပီး ကိုယ့္ဘက္က ခုိင္မာတဲ့အေထာက္ထားတစ္ခု႐ွိထားတယ္လို႔လည္း ေျပာလုိ႔ရတယ္။ တစ္ေန႔တာလႈပ္ရွားခဲ့သမွ် အရာအားလံုးဟာ အတိတ္မွာက်န္ခဲ့ျပီဆိုေပမယ့္ အေထာက္ထားတစ္ခုအျဖစ္ ဒိုင္ယာရီထဲမွာ တည္႐ွိေနတယ္။ ဘယ္ေန႔မွာ ဘာျဖစ္ခဲ့တယ္ဆိုတာ ကိုယ့္ဘက္က ယံုၾကည္မႈ႐ွိ႐ွိနဲ႔ အခ်က္က်က်ေျပာႏိုင္တယ္။

ဒိုုင္ယာရီေရးျခင္းျဖင့္ အက်ိဳးေက်းဇူးေတြအမ်ားၾကီးရႏိုင္ပါတယ္။ အစားထိုးမရႏုိင္တဲ့ အတိတ္မွ အမွတ္တရေတြအားလံုးကို သိမ္းဆည္းထားႏိုင္တဲ့အရာတစ္ခုလို႔လည္းေျပာႏိုင္တယ္။ ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ ကိုယ့္ဘဝသက္တမ္းတစ္ေလွ်ာက္ကအရာအားလံုးကို အမွတ္ရေနေစမယ့္အရာတစ္ခုျဖစ္လုိ႔ ဒိုင္ယာရီေရးတတ္တဲ့အက်င့္ေလး ေမြးထားစို႔လား … 😉

(Unicode) 

ဘာလို့ဒိုင်ယာရီရေးတတ်တဲ့အကျင့်လေးကို မွေးထားသင့်လဲဆိုတော့ ကိုယ့်ဘဝရဲ့အမှတ်တရနေ့ရက်တွေ၊ စိတ်ကြည်နူးခဲ့ရတဲ့ အခို်က်တန့်လေးတွေကို ဦးနှောက်က မမှတ်မိတော့ရင်တောင် ဒိုင်ယာရီလေးပြန်လှန်ကြည့်မိတဲ့အခါ ‘သြော်..အဲ့ဒီနေ့က ဒီလိုအမှတ်တရလေးတွေရှိခဲ့ပါလား’ ဆိုပြီးပြန်လှန်အောက်မေ့သတိရရတဲ့ ခံစားချက်ဟာလည်း ဘာနဲ့မှမတူဘူးဆိုတာ ဒိုင်ယာရီရေးဖူးတဲ့လူတိုင်း ခံစားမိမယ်ထင်ပါတယ်…

ဒိုင်ယာရီရေးတတ်တဲ့ အလေ့ထမရှိသေးဖူးဆိုရင်လည်း ဒါဟာလုပ်ယူရခက်တဲ့အကျင့်တစ်ခုတော့မဟုတ်ပါဘူး။ကိုယ်ဘယ်သွားသွား လွယ်နေကျအိတ်လေးထဲ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်နဲ့ ဘောပင်သာဆောင်ထား။ မှတ်မှတ်ရရဖြစ်စဉ်လေးတွေဆို ချက်ချင်းကောက်ရေးလိုက်တာမျိုး၊ ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီးမှ တစ်နေ့တာ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်သူနဲ့တွေ့ခဲ့တယ်၊ တစ်နေ့တာ စိတ်ခံစားချက်ကတော့ ဘယ်လို၊ စသဖြင့် ခံစားရသမျှ အကုန်ချရေးကြည့်ပါ။

ဒိုင်ယာရီရေးခြင်းက စိတ်ထွက်ပေါက်တစ်ခုပါပဲ။ ကိုယ့်ရဲ့ရင်တွင်းစကားသံတွေကို အချိန်ပြည့် နားထောင်ပေးနိုင်မယ့် သူငယ်ချင်းမျိုးမရှိပါဘူး။ လူတိုင်း ကိုယ့်ဘဝနဲ့ကိုယ်မို့လို့ စိတ်ထွက်ပေါက်ပေးနိုင်မယ့် အကောင်းဆုံးအရာတစ်ခုကတော့ ဒိုင်ယာရီရေးခြင်းပါပဲ။ နောက်ပြီး ကိုယ့်ဘက်က ခိုင်မာတဲ့အထောက်ထားတစ်ခုရှိထားတယ်လို့လည်း ပြောလို့ရတယ်။ တစ်နေ့တာလှုပ်ရှားခဲ့သမျှ အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီဆိုပေမယ့် အထောက်ထားတစ်ခုအဖြစ် ဒိုင်ယာရီထဲမှာ တည်ရှိနေတယ်။ ဘယ်နေ့မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ကိုယ့်ဘက်က ယုံကြည်မှုရှိရှိနဲ့ အချက်ကျကျပြောနိုင်တယ်။

ဒိုုင်ယာရီရေးခြင်းဖြင့် အကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ အစားထိုးမရနိုင်တဲ့ အတိတ်မှ အမှတ်တရတွေအားလုံးကို သိမ်းဆည်းထားနိုင်တဲ့အရာတစ်ခုလို့လည်းပြောနိုင်တယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်ဘဝသက်တမ်းတစ်လျှောက်ကအရာအားလုံးကို အမှတ်ရနေစေမယ့်အရာတစ်ခုဖြစ်လို့ ဒိုင်ယာရီရေးတတ်တဲ့အကျင့်လေး မွေးထားစို့လား … 😉

286 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.