ဘ၀ၾကီးမွာရွင္သန္ေနထုိင္ရတာပင္ပန္းလိုက္တာလို႔ေတြးမိတဲ႔အခါ ဒီစာေလးဖတ္ၾကည့္ပါ

ဘ၀ရဲ ႔အခ်ိန္ေတာ္ေတာ္မ်ားမ်ားက ရႈပ္ေထြးမႈေတြနဲ႔ပဲ ျပည့္ေနတတ္ပါတယ္။ အခ်စ္ေရးေတြ မိသားစုကိစၥေတြ၊စီးပြားေရးကိစၥေတြစသျဖင့္ ဘ၀မွာအဆင္ေျပေျပေနထုိင္ရဖို႔ၾကိဳးစားေနရတဲ႔ အခ်ိန္မွာစိတ္ဖိစီးမႈေတြ၊ပင္ပန္းေမာပန္းမႈေတြ၊နားလည္ဖို႔ခက္ခဲတဲ႔အျဖစ္အပ်က္ေတြၾကံဳလာရႏုိင္ပါတယ္။ျပီးဆံုးခဲ႔တဲ႔ သင့္ရဲ ႔ေန႔ရက္ေတြထဲမွာေရာ ေပ်ာ္ရႊင္ရတဲ႔ေန႔နဲ႔ စိတ္ရႈပ္ရတဲ႔ေန႔ အခ်ိဳးက်ရဲ ႔လား? ေန႔စဥ္ဘ၀မွာ ဘယ္လိုဆံုးျဖတ္ခ်က္ေတြကုိေတြေ၀ေငးေမာစြာခ်ခဲ႔ရျပီး သက္ျပင္းေတြ အခါခါရိႈက္ခဲ႔ရျပီးျပီလဲ?

အျမဲတမ္းေပ်ာ္ရႊင္ေနရတဲ႔သူမရွိဘူးဆုိတာထက္ တကယ္ေတာ့ ကုိယ့္ရဲ ႔ေပ်ာ္ရႊင္မႈကုိ ကိုယ္ကုိယ္တိုင္ရွာေဖြရမွာပါ။ဘ၀က ရွင္သန္ရတာပင္ပန္းတယ္လို႔ခံစား
ေနရတဲ႔အခါ ဒီအခ်က္ေလးေတြအတိုင္းေတြးၾကည့္ေနၾကည့္ပါ။

၁)ဂရုစုိက္ရတာနည္းေလ စိတ္ဖိစီးမႈေလ်ာ့ေလပါပဲ
ဘာျဖစ္လို႔စိတ္ပင္ပန္းေနတာလဲ စိတ္ရႈပ္ေထြးေနတာလဲ ဘာေတြကုိစုိးရိမ္ေနျပီး ဘာေတြကုိ မလုပ္ရေသးမွာေတြးေၾကာက္ေနတာလဲ?စဥ္းစားၾကည့္ပါ။တကယ္ေတာ့ ကုိယ္ေတြရဲ ႔အေတြးေတြေၾကာင့္ပဲစိတ္ေမာလူေမာျဖစ္ေနရတာပါ။ဘ၀ကုိရုိးရုိးရွင္းရွင္းနဲ႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းခ်င္တယ္ဆိုရင္အေကာင္းျမင္စိတ္ထားပါ။ျပံဳးပါ။တရားထုိင္ပါ။ကုိယ့္ကုိယ္ကုိယ္ခ်စ္ပါ။ကုိယ့္ကုိယ္ကုိယ္ဂရုစုိက္ပါ။တစ္ျခားအရာေတြကုိအေသးစိတ္ကအစ ေတြးေတာဂရုစုိက္ေနတာကုိရပ္လုိက္ျပီး သင့္ကုိယ္သင္ဂရုစုိက္လိုက္တာက ေပ်ာ္ရႊင္မႈကုိေတြ႔ႏုိင္မယ့္လမ္းစပါ။ပူပန္ေသာကျဖစ္ေနတာေတြ အားလံုးကုိလႊတ္ခ်လိုက္ပါ။ဘယ္အရာပဲျဖစ္ျဖစ္ သင္တတ္ႏုိင္သေလာက္ ဂရုစိုက္ေပးပါ။ သင္တတ္ႏုိင္တာထက္ပုိျပီးဂရုစုိက္ေပးခ်င္တဲ႔အခါ၊ဂရုစုိက္ေပးရတဲ႔အခါ ပုိုျပီးစိတ္ေမာလူေမာျဖစ္လာတတ္ပါတယ္။

၂)ေအာင္ျမင္မႈရဖို႔ ခက္ခဲတဲ႔လမ္းကုိေရြးခ်ယ္စရာမလိုပါဘူး
တစ္ခါတစ္ေလ ေအာင္ျမင္မႈရဖို႔ခက္ခဲတဲ႔လမ္းကုိေရြးခ်ယ္ရမယ္လို႔ထင္ၾကတယ္။အရင္တည္းက ခက္ခဲမႈေတြကိုေျဖရွင္းနုိင္မွ ေအာင္ျမင္မႈဆိုတာရမွာလို႔ စိတ္ထဲက သိထားၾကလို႔ပါ။ ဒါေပမဲ႔ ရုိးရွင္းတဲ႔လမ္းကုိေရြးခ်ယ္ရင္လည္းေအာင္ျမင္မႈရႏုိင္တယ္ဆိုရင္ ဘာလို႔ခက္ခဲတဲ႔လမ္းကုိ ေရြးေနဖို႔လိုမလဲ?အျမဲတမ္းလိုလုိဘ၀မွာေရြးခ်ယ္စရာေတြကရွိေနမွာပါပဲ။စဥ္းစားရမွာက ကုိယ္ကခက္ခဲတဲ႔လမ္းကိုေရြးခ်ယ္မယ္ဆိုရင္ အဲ႔ဒီလမ္းကိုသြားဖို႔ျပင္ဆင္ျပီးျပီလားဆိုတာပါပဲ။

၃)တစ္ခါတစ္ေလ ျငင္းလိုက္တာက ပိုုျပီးအေရးၾကီးတဲ႔ကိစၥေတြကုိ အာရံုစူးစုိက္ႏုိင္လာတယ္
သင့္ဘ၀မွာအေရးမပါတဲ႔ကိစၥေတြကုိ ဘယ္ႏွစ္ခါမ်ား အားနာနာနဲ႔မလုပ္ခ်င္ပဲ လုပ္ျပီးခဲ႔ျပီလဲ? ကုိယ္ဆႏၵမပါတဲ႔ကိစၥကုိ မလုပ္ပါနဲ႔။သင့္ရဲ ႔အခ်ိန္ေတြကုိ အေရးမၾကီးတဲ႔ကိစၥေတြအတြက္ အကုန္မခံပါနဲ႔။ေငြေၾကးရဖို႔အတြက္နဲ႔ အားလပ္ရက္မရွိ ဘ၀ကုိမကုန္ဆုံးပါနဲ႔။ ကိုယ္မလုပ္ခ်င္တဲ႔ကိစၥေတြကုိ ႏုိးလို႔ ျပတ္ျပတ္သားသားျငင္းလုိက္ပါ။ အဲ႔ဒီအခ်ိန္ေတြအစား ၊အဲ႔ဒီအလုပ္ေတြအစား ကိုယ့္အတြက္အေရးပါတဲ႔ကိစၥေတြကုိသာ အာရံုစုိက္ပါ။

၄)ေပ်ာ္ရႊင္မႈကုိ မ်ွေ၀ပါ

ေပ်ာ္ရႊင္မႈကုိမ်ွေ၀တယ္ဆိုတာ ကိုယ္တတ္ႏုိင္သေလာက္ ကိုယ့္ရဲ ႔၀င္ေငြေလးနဲ႔ ကုသုိလ္ အက်ိဳးျပဳလိုက္တာကုိေျပာတာပါ။ကုိယ့္ဘ၀အတြက္ ပါမွာက ကုုသုိလ္ဒါနပဲရွိတာပါ။ ကုိယ္ရတဲ႔၀င္ေငြရဲ ႔အစိတ္အပုိင္းအနည္းငယ္ကုိ ေငြေၾကးလိုအပ္ေနတဲ႔ေနရာေတြ ၊ေငြေၾကးႏြမ္းပါးတဲ႔သူေတြအတြက္ကုသိုလ္လုပ္ပါ။ဒါက သင့္စိတ္ကုိေအးခ်မ္းေပ်ာ္ရႊင္ေစသလို သင့္ကုသုိလ္အတြက္တစ္ျခားသူေတြကလည္းေပ်ာ္ရႊင္မႈရပါလိမ့္မယ္။

ေပ်ာ္ရႊင္မႈဆုိတာ ရုိးရွင္းတဲ႔ဘ၀ဆီကုိပဲ လာတာပါ။အဓိကက ဒီသံုးခ်က္ကုိမွတ္ထားဖုိ႔ပါပဲ။ ဂရုစုိက္မႈနည္းပါေစ၊ႏုိးလို႔ျငင္းႏုိင္ပါေစ၊ေန႔စဥ္ဘ၀အတြက္ရိုးရွင္းျပီးအသံုး၀င္တဲ႔ဆံုးျဖတ္ခ်က္ေတြ ကုိသာခ်ႏုိင္ပါေစ။တျဖည္းျဖည္းနဲ႔ သင့္ဘ၀က ပိုျပီးေပ်ာ္ရႊင္ဖြယ္ေကာင္းလာပါလိမ့္မယ္။

Unicode

ဘဝရဲ ့အချိန်တော်တော်များများက ရှုပ်ထွေးမှုတွေနဲ့ပဲ ပြည့်နေတတ်ပါတယ်။ အချစ်ရေးတွေ မိသားစုကိစ္စတွေ၊စီးပွားရေးကိစ္စတွေစသဖြင့် ဘဝမှာအဆင်ပြေပြေနေထိုင်ရဖို့ကြိုးစားနေရတဲ့ အချိန်မှာစိတ်ဖိစီးမှုတွေ၊ပင်ပန်းမောပန်းမှုတွေ၊နားလည်ဖို့ခက်ခဲတဲ့အဖြစ်အပျက်တွေကြုံလာရနိုင်ပါတယ်။ပြီးဆုံးခဲ့တဲ့ သင့်ရဲ ့နေ့ရက်တွေထဲမှာရော ပျော်ရွှင်ရတဲ့နေ့နဲ့ စိတ်ရှုပ်ရတဲ့နေ့ အချိုးကျရဲ ့လား? နေ့စဉ်ဘဝမှာ ဘယ်လိုဆုံးဖြတ်ချက်တွေကိုတွေဝေငေးမောစွာချခဲ့ရပြီး သက်ပြင်းတွေအခါခါရှိုက်ခဲ့ရပြီးပြီလဲ?

အမြဲတမ်းပျော်ရွှင်နေရတဲ့သူမရှိဘူးဆိုတာထက် တကယ်တော့ ကိုယ့်ရဲ ့ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင်ရှာဖွေရမှာပါ။ဘဝက ရှင်သန်ရတာပင်ပန်းတယ်လို့ခံစားနေရတဲ့အခါ ဒီအချက်လေးတွေအတိုင်းတွေးကြည့်နေကြည့်ပါ။

၁)ဂရုစိုက်ရတာနည်းလေ စိတ်ဖိစီးမှုလျော့လေပါပဲ
ဘာဖြစ်လို့စိတ်ပင်ပန်းနေတာလဲ စိတ်ရှုပ်ထွေးနေတာလဲ ဘာတွေကိုစိုးရိမ်နေပြီး ဘာတွေကို မလုပ်ရသေးမှာတွေးကြောက်နေတာလဲ?စဉ်းစားကြည့်ပါ။တကယ်တော့ ကိုယ်တွေရဲ ့အတွေးတွေကြောင့်ပဲစိတ်မောလူမောဖြစ်နေရတာပါ။ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်ဆိုရင်အကောင်းမြင်စိတ်ထားပါ။ပြုံးပါ။တရားထိုင်ပါ။ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။တစ်ခြားအရာတွေကိုအသေးစိတ်ကအစ တွေးတောဂရုစိုက်နေတာကိုရပ်လိုက်ပြီး သင့်ကိုယ်သင်ဂရုစိုက်လိုက်တာက ပျော်ရွှင်မှုကိုတွေ့နိုင်မယ့်လမ်းစပါ။ပူပန်သောကဖြစ်နေတာတွေ အားလုံးကိုလွှတ်ချလိုက်ပါ။

၂)အောင်မြင်မှုရဖို့ ခက်ခဲတဲ့လမ်းကိုရွေးချယ်စရာမလိုပါဘူး
တစ်ခါတစ်လေ အောင်မြင်မှုရဖို့ခက်ခဲတဲ့လမ်းကိုရွေးချယ်ရမယ်လို့ထင်ကြတယ်။အရင်တည်းက ခက်ခဲမှုတွေကိုဖြေရှင်းနိုင်မှ အောင်မြင်မှုဆိုတာရမှာလို့ စိတ်ထဲက သိထားကြလို့ပါ။ ဒါပေမဲ့ ရိုးရှင်းတဲ့လမ်းကိုရွေးချယ်ရင်လည်းအောင်မြင်မှုရနိုင်တယ်ဆိုရင် ဘာလို့ခက်ခဲတဲ့လမ်းကို ရွေးနေဖို့လိုမလဲ?အမြဲတမ်းလိုလိုဘဝမှာရွေးချယ်စရာတွေကရှိနေမှာပါပဲ။စဉ်းစားရမှာက ကိုယ်ကခက်ခဲတဲ့လမ်းကိုရွေးချယ်မယ်ဆိုရင် အဲ့ဒီလမ်းကိုသွားဖို့ပြင်ဆင်ပြီးပြီလားဆိုတာပါပဲ။

၃)တစ်ခါတစ်လေ ငြင်းလိုက်တာက ပိုုပြီးအရေးကြီးတဲ့ကိစ္စတွေကို အာရုံစူးစိုက်နိုင်လာတယ်
သင့်ဘဝမှာအရေးမပါတဲ့ကိစ္စတွေကို ဘယ်နှစ်ခါများ အားနာနာနဲ့မလုပ်ချင်ပဲ လုပ်ပြီးခဲ့ပြီလဲ? ကိုယ်ဆန္ဒမပါတဲ့ကိစ္စကို မလုပ်ပါနဲ့။သင့်ရဲ ့အချိန်တွေကို အရေးမကြီးတဲ့ကိစ္စတွေအတွက် အကုန်မခံပါနဲ့။ငွေကြေးရဖို့အတွက်နဲ့ အားလပ်ရက်မရှိ ဘဝကိုမကုန်ဆုံးပါနဲ့။ ကိုယ်မလုပ်ချင်တဲ့ကိစ္စတွေကို နိုးလို့ ပြတ်ပြတ်သားသားငြင်းလိုက်ပါ။ အဲ့ဒီအချိန်တွေအစား၊အဲ့ဒီအလုပ်တွေအစား ကိုယ့်အတွက်အရေးပါတဲ့ကိစ္စတွေကိုသာ အာရုံစိုက်ပါ။

၄)ပျော်ရွှင်မှုကို မျှဝေပါ

ပျော်ရွှင်မှုကိုမျှဝေတယ်ဆိုတာ ကိုယ်တတ်နိုင်သလောက် ကိုယ့်ရဲ ့ဝင်ငွေလေးနဲ့ ကုသိုလ် အကျိုးပြုလိုက်တာကိုပြောတာပါ။ကိုယ့်ဘဝအတွက် ပါမှာက ကုုသိုလ်ဒါနပဲရှိတာပါ။ ကိုယ်ရတဲ့ဝင်ငွေရဲ ့အစိတ်အပိုင်းအနည်းငယ်ကို ငွေကြေးလိုအပ်နေတဲ့နေရာတွေ ၊ငွေကြေးနွမ်းပါးတဲ့သူတွေအတွက်ကုသိုလ်လုပ်ပါ။ဒါက သင့်စိတ်ကိုအေးချမ်းပျော်ရွှင်စေသလို သင့်ကုသိုလ်အတွက်တစ်ခြားသူတွေကလည်းပျော်ရွှင်မှုရပါလိမ့်မယ်။

ပျော်ရွှင်မှုဆိုတာ ရိုးရှင်းတဲ့ဘဝဆီကိုပဲ လာတာပါ။အဓိကက ဒီသုံးချက်ကိုမှတ်ထားဖို့ပါပဲ။ ဂရုစိုက်မှုနည်းပါစေ၊နိုးလို့ငြင်းနိုင်ပါစေ၊နေ့စဉ်ဘဝအတွက်ရိုးရှင်းပြီးအသုံးဝင်တဲ့ဆုံးဖြတ်ချက်တွေ ကိုသာချနိုင်ပါစေ။တဖြည်းဖြည်းနဲ့ သင့်ဘဝက ပိုပြီးပျော်ရွှင်ဖွယ်ကောင်းလာပါလိမ့်မယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.