လူၾကားထဲမွာ မလုုပ္သင့္တဲ႔အျပဳအမူမ်ား

လူေတြအမ်ားၾကီးရွိေနတဲ႔အခ်ိန္မွာ ဒီလိုအျပဳအမူေတြကုိလုပ္မယ္ဆိုရင္ သင့္အေနနဲ႔အရွက္ရစရာ ျဖစ္ႏုိင္သလုိ တစ္ျခားသူေတြအတြက္လည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။ေန႔စဥ္ဘ၀မွာ လူအမ်ားနဲ႔သြားလာဆက္ဆံေနရတဲ႔သူတစ္ေယာက္အေနနဲ႔ ဒီလုိအျပဳအမူေတြလုပ္တာကုိ
ေရွာင္သင့္ပါတယ္။

၁)လမ္းေလ်ွာက္ရင္း၊ကားေမာင္းရင္း ဖုန္းသံုးတာမ်ိဳး
ဒါကေတာ့ သတိေပးစရာေတာင္လိုမယ္မထင္ပါဘူး။ လူအမ်ားသြားလာလႈပ္ရွားေနတဲ ႔အခ်ိန္ကုိယ္ကလမ္းေလ်ွာက္ရင္းဖုန္းသံုးေနမယ္၊စာပို႔ေနမယ္ဆိုရင္တစ္ျခားသူ တစ္ေယာက္ကုိ၀င္တိုက္မိတာမ်ိဳးျဖစ္ႏိုင္ျပီး ကုိယ္ကုိယ္တိုင္ေတာင္ ထိခိုက္ႏုိင္ပါတယ္။ ကားေမာင္းရင္း ဖုန္းသံုးတာကလည္း ကုိယ့္အသက္အႏၱရာယ္တင္မက တျခားသူတစ္ေယာက္ကုိပါ အသက္အႏၱရာယ္ထိခိုက္ေစႏုိင္ပါတယ္။

၂)လူၾကားထဲမွာစကားကုိေအာ္ၾကီးဟစ္က်ယ္ေျပာတာမ်ိဳး
လူအမ်ားအျပားရွိေနတဲ႔အခ်ိန္ ေဘးနားကမိတ္ေဆြသူငယ္ခ်င္းကုိေျပာတာျဖစ္ေစ၊ ဖုန္းေျပာတာျဖစ္ေစ စကားကိုေအာ္ၾကီးဟစ္က်ယ္ေျပာဆိုတာကတစ္ျခားသူေတြအတြက္ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။သင္တစ္ေယာက္တည္းမဟုတ္ပဲ ပတ္၀န္းက်င္မွာ လူေတြအမ်ားၾကီးရွိေနတယ္ဆိုရင္ကုိယ့္အေပၚအထင္ေသးမႈမျဖစ္ေအာင္၊သူတစ္ပါးအတြက္လည္းအေႏွာင့္အယွက္မျဖစ္ေအာင္ စကားကုိတုိးတုိးေျပာသင့္ပါတယ္။

၃)လိုအပ္တာထက္ ေနရာပုိယူတာမ်ိဳး
လူအသြားအလာမ်ားတဲ႔ေနရာမွာထုိင္ခံုေတြရွိမယ္၊ကားေပၚမွာလည္း အားလံုးထုိင္ႏုိင္ေအာင္ ထုိင္ခံုေတြရွိမယ္။ဒါေပမဲ႔ သင္က သင့္ရဲ ႔တစ္ကုိယ္ေရစာထက္ပုိျပီးေနရာပုိယူထားမယ္ဆုိရင္ တစ္ျခားသူအတြက္လည္း ထုိင္ရတာက်ဥ္းက်ပ္ေစမွာျဖစ္သလို သင္က တစ္ျခားသူေတြအျမင္မွာ အထင္ေသးခံရႏုိင္ပါတယ္။

၄)အစားစားေနတုန္း အသံျမည္ေအာင္စားတာမ်ိဳး
သူမ်ားေတြနဲ႔ထမင္းအတူတူစားေနတဲ႔အခိ်န္မွာသင့္ဘက္က အသံမ်ိဳးစံုထြက္ေနမယ္ဆုိရင္ တစ္ျခားသူအတြက္အေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။ဒီလိုအျပဳအမူက  စိတ္ဆိုးစရာမဟုတ္ေပမဲ႔ လည္းစိတ္ပ်က္စရာေကာင္းပါတယ္။အဲ႔ဒါေၾကာင့္ လူၾကီးေတြက ထမင္းစားရင္အသံ မျမည္ေအာင္စားလုိ႔သင္ေပးထားတာပါ။ထမင္းစားပြဲမွာ ထမင္းစားရင္းစကားေျပာတာကို လည္းမလုပ္သင့္ပါဘူး။

၅)လူၾကားထဲမွာလက္သည္းညွပ္တာမ်ိဳး
လူၾကားထဲမွာလက္သည္းညွပ္တာက အေတာ္ေလးစိတ္ပ်က္စရာေကာင္းပါတယ္။ ျမင္ရတဲ႔သူအတြက္လည္း စိတ္အေနွာင့္အယွက္ျဖစ္စရာပါ။တစ္ကုိယ္ေရသန္႔ရွင္း
ေရးအေနနဲ႔လည္း ဒါက အိမ္မွာပဲသန္႔သန္႔ရွင္းရွင္းညွပ္သင့္တဲ႔ကိစၥပါ။

၆)စကားကုိဆင္ျခင္မေျပာတာမ်ိဳး
တစ္ခါတစ္ေလ ကုိယ္ေျပာတဲ႔စကားက ကုိယ့္အတြက္လည္းအက်ိဳးမရွိ၊တစ္ျခား သူေတြအတြက္လည္း အက်ိဳးမရွိျဖစ္တတ္ပါတယ္။ကိုယ္ကေတာ့ဘာရယ္မဟုတ္ ေျပာလိုက္ေပမဲ႔ တစ္ဖက္သားရဲ ႔အျမင္မွာကုိယ့္ကုိအထင္ေသးရင္ေသးသြားႏုိင္ပါတယ္။ စကားဆိုတာေျပာတိုင္းလည္းမေကာင္းပါဘူး။အဲ႔ဒါေၾကာင့္ကုိယ္ေျပာမယ့္ စကားကုိ မေျပာခင္အရင္ဆံုးစဥ္းစားပါ။

၇)လက္သည္းကုိက္တာမ်ိဳး
လူၾကားထဲမွာ လက္သည္းကုိက္တာက စက္ဆုပ္စရာျမင္ကြင္းပါပဲ။က်န္းမာေရးနဲ႔လည္း မညီညြတ္တဲ႔အျပင္ တစ္ျခားသူရဲ ႔အျမင္မွာလည္းအေႏွာင့္အယွက္ျဖစ္ေစပါတယ္။ သူမ်ားေတြထမင္းစားေနတဲ႔အခ်ိန္ သင္က ေရွ႔မွာလက္သည္းကုိက္မိရင္ေတာ့ သင့္ကုိ၀ုိင္းျပီးကဲ့ရဲ ႔ျပစ္တင္ၾကမွာအမွန္ပါပဲ။

Unicode

လူတွေအများကြီးရှိနေတဲ့အချိန်မှာ ဒီလိုအပြုအမူတွေကိုလုပ်မယ်ဆိုရင် သင့်အနေနဲ့အရှက်ရစရာ ဖြစ်နိုင်သလို တစ်ခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။နေ့စဉ်ဘဝမှာ လူအများနဲ့သွားလာဆက်ဆံနေရတဲ့သူတစ်ယောက်အနေနဲ့ ဒီလိုအပြုအမူတွေလုပ်တာကို
ရှောင်သင့်ပါတယ်။

၁)လမ်းလျှောက်ရင်း၊ကားမောင်းရင်း ဖုန်းသုံးတာမျိုး
ဒါကတော့ သတိပေးစရာတောင်လိုမယ်မထင်ပါဘူး။ လူအများသွားလာလှုပ်ရှားနေတဲ ့အချိန်ကိုယ်ကလမ်းလျှောက်ရင်းဖုန်းသုံးနေမယ်၊စာပို့နေမယ်ဆိုရင်တစ်ခြားသူ တစ်ယောက်ကိုဝင်တိုက်မိတာမျိုးဖြစ်နိုင်ပြီး ကိုယ်ကိုယ်တိုင်တောင် ထိခိုက်နိုင်ပါတယ်။ ကားမောင်းရင်း ဖုန်းသုံးတာကလည်း ကိုယ့်အသက်အန္တရာယ်တင်မက တခြားသူတစ်ယောက်ကိုပါ အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။

၂)လူကြားထဲမှာစကားကိုအော်ကြီးဟစ်ကျယ်ပြောတာမျိုး
လူအများအပြားရှိနေတဲ့အချိန် ဘေးနားကမိတ်ဆွေသူငယ်ချင်းကိုပြောတာဖြစ်စေ၊ ဖုန်းပြောတာဖြစ်စေ စကားကိုအော်ကြီးဟစ်ကျယ်ပြောဆိုတာကတစ်ခြားသူတွေအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။သင်တစ်ယောက်တည်းမဟုတ်ပဲ ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိနေတယ်ဆိုရင်ကိုယ့်အပေါ်အထင်သေးမှုမဖြစ်အောင်၊သူတစ်ပါးအတွက်လည်းအနှောင့်အယှက်မဖြစ်အောင် စကားကိုတိုးတိုးပြောသင့်ပါတယ်။

၃)လိုအပ်တာထက် နေရာပိုယူတာမျိုး
လူအသွားအလာများတဲ့နေရာမှာထိုင်ခုံတွေရှိမယ်၊ကားပေါ်မှာလည်း အားလုံးထိုင်နိုင်အောင် ထိုင်ခုံတွေရှိမယ်။ဒါပေမဲ့ သင်က သင့်ရဲ ့တစ်ကိုယ်ရေစာထက်ပိုပြီးနေရာပိုယူထားမယ်ဆိုရင် တစ်ခြားသူအတွက်လည်း ထိုင်ရတာကျဉ်းကျပ်စေမှာဖြစ်သလို သင်က တစ်ခြားသူတွေအမြင်မှာ အထင်သေးခံရနိုင်ပါတယ်။

၄)အစားစားနေတုန်း အသံမြည်အောင်စားတာမျိုး
သူများတွေနဲ့ထမင်းအတူတူစားနေတဲ့အချိန်မှာသင့်ဘက်က အသံမျိုးစုံထွက်နေမယ်ဆိုရင် တစ်ခြားသူအတွက်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဒီလိုအပြုအမူက စိတ်ဆိုးစရာမဟုတ်ပေမဲ့ လည်းစိတ်ပျက်စရာကောင်းပါတယ်။အဲ့ဒါကြောင့် လူကြီးတွေက ထမင်းစားရင်အသံ မမြည်အောင်စားလို့သင်ပေးထားတာပါ။ထမင်းစားပွဲမှာ ထမင်းစားရင်းစကားပြောတာကို လည်းမလုပ်သင့်ပါဘူး။

၅)လူကြားထဲမှာလက်သည်းညှပ်တာမျိုး
လူကြားထဲမှာလက်သည်းညှပ်တာက အတော်လေးစိတ်ပျက်စရာကောင်းပါတယ်။ မြင်ရတဲ့သူအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါ။တစ်ကိုယ်ရေသန့်ရှင်း
ရေးအနေနဲ့လည်း ဒါက အိမ်မှာပဲသန့်သန့်ရှင်းရှင်းညှပ်သင့်တဲ့ကိစ္စပါ။

၆)စကားကိုဆင်ခြင်မပြောတာမျိုး
တစ်ခါတစ်လေ ကိုယ်ပြောတဲ့စကားက ကိုယ့်အတွက်လည်းအကျိုးမရှိ၊တစ်ခြား သူတွေအတွက်လည်း အကျိုးမရှိဖြစ်တတ်ပါတယ်။ကိုယ်ကတော့ဘာရယ်မဟုတ် ပြောလိုက်ပေမဲ့ တစ်ဖက်သားရဲ ့အမြင်မှာကိုယ့်ကိုအထင်သေးရင်သေးသွားနိုင်ပါတယ်။ စကားဆိုတာပြောတိုင်းလည်းမကောင်းပါဘူး။အဲ့ဒါကြောင့်ကိုယ်ပြောမယ့် စကားကို မပြောခင်အရင်ဆုံးစဉ်းစားပါ။

၇)လက်သည်းကိုက်တာမျိုး
လူကြားထဲမှာ လက်သည်းကိုက်တာက စက်ဆုပ်စရာမြင်ကွင်းပါပဲ။ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့အပြင် တစ်ခြားသူရဲ ့အမြင်မှာလည်းအနှောင့်အယှက်ဖြစ်စေပါတယ်။ သူများတွေထမင်းစားနေတဲ့အချိန် သင်က ရှေ့မှာလက်သည်းကိုက်မိရင်တော့ သင့်ကိုဝိုင်းပြီးကဲ့ရဲ ့ပြစ်တင်ကြမှာအမှန်ပါပဲ။

57 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.