ေတာင္ကုိရီးယားမင္းသားေခ်ာ Jung Hae In ကေတာ့ မရုိးေတာ့ပါဘူး။မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ တြဲဖက္မင္းသမီးျဖစ္တဲ႔ Son Ye Jin နဲ႔ပတ္သက္ျပီး သူရဲ႔ခံစားခ်က္ေတြကုိ ပြင့္လင္းရုိးသားစြာ၀န္ခံခဲ႔တာပဲျဖစ္ပါတယ္။
Jung Hae In ရဲ ႔ဒရာမာရုပ္ရွင္ကားအသစ္ျဖစ္တဲ႔ “Something in the Rain” ဆိုတဲ႔အခ်စ္ဇာတ္ကားထဲမွာ မင္းသမီးေခ်ာ Son Ye Jin နဲ႔ တြဲဖက္သရုပ္ေဆာင္ရမွာျဖစ္ပါတယ္။
မၾကာေသးခင္က ရုပ္ရွင္အၾကိဳျပပြဲကုိတက္ေရာက္ခဲ့ျပီး သူ႔ရဲ ႔အျပဳအမူေတြက တြဲဖက္မင္းသမီး အေပၚ သိသိသာသာအာရံုစုိက္ေနတာကုိသတိထားမိခဲ႔ၾကပါတယ္။
သူတို႔ႏွစ္ေယာက္ကုိ “တကယ့္ခ်စ္သူေတြသာျဖစ္မယ္ဆုိရင္”ဆိုျပီး အင္တာဗ်ဴးသူက ေမးျမန္းတဲ႔အခါမွာေတာ့ Jung Hae In က “ကြ်န္ေတာ့္ရဲ ႔တြဲဖက္မင္းသမီး
ကုိပထမဆံုးစေတ႔ြတဲ႔အခ်ိန္မွာ သူမက အရမ္းလွေနလို႔ သူ႔မ်က္လံုးေတာင္ သူမယံုၾကည္ႏုိင္ ေအာင္ျဖစ္ခဲ႔ပါတယ္။စေတြ႔တုန္းက သူမကအရမ္းလွလြန္းလုိ႔ ေသခ်ာေတာင္
မၾကည့္ႏုိင္ခဲ႔ပါဘူး။Milk Barမွာပထမဆံုးအသားခ်င္းထိေတြ႔တဲ႔အခန္းရိုက္တုန္းက ဆုိရင္ ကြ်န္ေတာ့္ရဲ ႔ႏွလံုးသားက တဖ်တ္ဖ်တ္ခုန္ေနပါတယ္။အခုခ်ိန္ထိေတာင္
ခုန္ေနဆဲပါ”လို႔ ေျဖခဲ႔ပါတယ္။
ရုပ္ရွင္ရုိက္ကြင္းမွာလည္း သူမေၾကာင့္ သက္ေတာင့္သက္သာရုိက္ကူးႏုိင္ေၾကာင္းကုိ “အစ္မနဲ႔ဒါရိုက္တာရဲ ႔ကူညီမႈေၾကာင့္ ရုပ္ရွင္ရုိက္ကူးေနတုန္းမွာျပံဳးရယ္ႏုိင္ခဲ႔ပါတယ္” လို႔ေျပာျပခဲ႔ပါေသးတယ္။မင္းသမီးေခ်ာ Son Ye Jin ကလည္း ရယ္ေမာျပီး “မင္းငါ့ကုိသေဘာက်လား”လို႔ခ်စ္စရာေကာင္းစြာေမးျမန္းခဲ႔ပါတယ္တဲ႔။ Jung Hae In ကေတာ့ရုိးရုိးသားသားပြင့္ပြင့္လင္းလင္းေျဖၾကားခဲ႔ပါတယ္။” ကြ်န္ေတာ္ အစ္မနားမွာရွိေနရင္ ကြ်န္ေတာ့္ႏွလံုးသားက အျမဲတမ္းတဖ်တ္ဖ်တ္ခုန္ေနပါတယ္”လုိ႔ ေျဖခဲ႔တာပါ။ဘယ္လိုေတာင္ ပြင့္လင္းတာလဲေနာ္
ဧျပီ ၁ရက္ေန႔က က်ေရာက္ခဲ႔တဲ႔ Jung Hae In ရဲ ႔ေမြးေန႔ပြဲမွာလည္း ႏွစ္ေယာက္သား ရင္းရင္းနွီးနွီးရွိတာကုိျမင္ေတြ႔ခဲ႔ရပါတယ္။သူတုိ႔နွစ္ေယာက္ရဲ ႔ရုပ္ရွင္ကားသစ္ေလးမွာလည္း ႏွစ္ေယာက္သား ဘယ္လိုေတြခ်စ္ၾကည္ႏူးဖြယ္ရာျမင္ေတြ႔ရမလဲဆုိတာ ေစာင့္ေမ်ွာ္ရင္ခုန္ေပးၾကဦးေနာ္။
Unicode
တောင်ကိုရီးယားမင်းသားချော Jung Hae In ကတော့ မရိုးတော့ပါဘူး။မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ တွဲဖက်မင်းသမီးဖြစ်တဲ့ Son Ye Jin နဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ပွင့်လင်းရိုးသားစွာဝန်ခံခဲ့တာပဲဖြစ်ပါတယ်။
Jung Hae In ရဲ ့ဒရာမာရုပ်ရှင်ကားအသစ်ဖြစ်တဲ့ “Something in the Rain” ဆိုတဲ့အချစ်ဇာတ်ကားထဲမှာ မင်းသမီးချော Son Ye Jin နဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။မကြာသေးခင်က ရုပ်ရှင်အကြိုပြပွဲကိုတက်ရောက်ခဲ့ပြီး သူ့ရဲ ့အပြုအမူတွေက တွဲဖက်မင်းသမီး အပေါ် သိသိသာသာအာရုံစိုက်နေတာကိုသတိထားမိခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ကို “တကယ့်ချစ်သူတွေသာဖြစ်မယ်ဆိုရင်”ဆိုပြီး အင်တာဗျူးသူက မေးမြန်းတဲ့အခါမှာတော့ Jung Hae In က “ကျွန်တော့်ရဲ ့တွဲဖက်မင်းသမီးကိုပထမဆုံးစတွေ့တဲ့အချိန်မှာ သူမက အရမ်းလှနေလို့ သူ့မျက်လုံးတောင် သူမယုံကြည်နိုင် အောင်ဖြစ်ခဲ့ပါတယ်။စတွေ့တုန်းက သူမကအရမ်းလှလွန်းလို့ သေချာတောင်
မကြည့်နိုင်ခဲ့ပါဘူး။Milk Barမှာပထမဆုံးအသားချင်းထိတွေ့တဲ့အခန်းရိုက်တုန်းက ဆိုရင် ကျွန်တော့်ရဲ ့နှလုံးသားက တဖျတ်ဖျတ်ခုန်နေပါတယ်။အခုချိန်ထိတောင်ခုန်နေဆဲပါ”လို့ ဖြေခဲ့ပါတယ်။
ရုပ်ရှင်ရိုက်ကွင်းမှာလည်း သူမကြောင့် သက်တောင့်သက်သာရိုက်ကူးနိုင်ကြောင်းကို “အစ်မနဲ့ဒါရိုက်တာရဲ ့ကူညီမှုကြောင့် ရုပ်ရှင်ရိုက်ကူးနေတုန်းမှာပြုံးရယ်နိုင်ခဲ့ပါတယ်” လို့ပြောပြခဲ့ပါသေးတယ်။မင်းသမီးချော Son Ye Jin ကလည်း ရယ်မောပြီး “မင်းငါ့ကိုသဘောကျလား”လို့ချစ်စရာကောင်းစွာမေးမြန်းခဲ့ပါတယ်တဲ့။ Jung Hae In ကတော့ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ပါတယ်။” ကျွန်တော် အစ်မနားမှာရှိနေရင် ကျွန်တော့်နှလုံးသားက အမြဲတမ်းတဖျတ်ဖျတ်ခုန်နေပါတယ်”လို့ ဖြေခဲ့တာပါ။ဘယ်လိုတောင် ပွင့်လင်းတာလဲနော်
ဧပြီ ၁ရက်နေ့က ကျရောက်ခဲ့တဲ့ Jung Hae In ရဲ ့မွေးနေ့ပွဲမှာလည်း နှစ်ယောက်သား ရင်းရင်းနှီးနှီးရှိတာကိုမြင်တွေ့ခဲ့ရပါတယ်။သူတို့နှစ်ယောက်ရဲ ့ရုပ်ရှင်ကားသစ်လေးမှာလည်း နှစ်ယောက်သား ဘယ်လိုတွေချစ်ကြည်နူးဖွယ်ရာမြင်တွေ့ရမလဲဆိုတာ စောင့်မျှော်ရင်ခုန်ပေးကြဦးနော်။