လွ်ာပၚကအျဖဴေရာင္အညစ္ေျကးေတြကိုရွင္းထုတ္ပစ္ရေအာင္

လူေတာ္ေတာ္မ်ားမ်ားရဲ႕လွ်ာဟာ တစ္ခါတစ္ရံလ်ွာေရာင္မထြက္ပဲအျဖဴေရာင္အညစ္ေျကးေတြရွိေနတတ္ျကပါတယ္။ ဒီလိုအညစ္ေျကးေတြဟာ လ်ွာေပၚမွာျကည္႔ရစုိးရံုတင္မကပဲခံတြင္းအနံ႕ကိုပါဆိုး၀ါးေစတာမလုိ႕စိတ္ပ်က္စရာေကာင္းလွပါတယ္။ ဆိုေတာ႔ဒီလွ်ာေပၚကအျဖဴေရာင္အညစ္အေျကးေတြကိုအလြယ္တကူရွင္းလင္းသက္သာေစဖို႕နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္…
(၁) ျကက္သြန္ျဖဴ
အယ္ဘာလားေပါ႔… ျကက္သြန္ျဖဴကိုလူတိုင္းသိထားတာကျကက္သြန္ျဖဴစားရင္ခံတြင္းအနံဆိုးေစျပီး ပါးစပ္ကထြက္တဲ႔ေလနဲ႕ေတြမေကာင္းျဖစ္ေစတဲ႔အရာလို႕သိထားျကပါတယ္။ ဒီလိုတစ္ဖက္ကဆိုးက်ိဳးရွိတဲ႔ျကက္သြန္ျဖဴဟာလ်ွာေပၚမွာရွိတဲ႔အညစ္အေျကးနဲ႕Batteria ပိုးမႊားေတြကိုသက္သာေစတာမလို႕လွ်ာေပၚကအျဖဴေရာင္အညစ္အေျကးေတြေပ်ာက္ဖို႕ျကက္သြန္ျဖဴအစိမ္းကိုစားေပးသင္႔ပါတယ္။စားျပီးမွခံတြင္းနံ႕ေကာင္းေအာင္ျပန္လုပ္လည္း အဆင္ေျပပါတယ္။
(၂) ရွားေစာင္းလက္ပတ္
ပါေလရာငါးပိခ်က္ျဖစ္တဲ႔ ရွားေစာင္းလက္ပတ္ကေတာ႔အခုလိုလွ်ာေပၚကအညစ္ေျကးေတြကိုလည္းသက္သာေစပါတယ္။ လ်ွာေပၚကအျဖဴေရာင္အညစ္ေျကးေတြေပၚကို
ရွားေစာင္းလက္ပတ္ အနွစ္ကိုအရည္ေဖ်ာ္ျပီးမိနစ္အနည္းငယ္ေလာက္ငံုထားေပးပါ၊ ျပီးေတာ႔မွေရေႏြးပူပူေလးနဲ႕ပါးစပ္ကို ပလုတ္က်င္းေပးပါ။ဒီလိုရွားေစာင္းလက္ပတ္နဲ႔ ခံတြင္းနဲ႕လ်ွာကိုTreatmentလုပ္ေပးျခင္းကိုေန႕စဥ္မွန္မွန္လုပ္ေပးနိုင္ရင္လ်ွာတင္သာမကပဲခံတြင္းတစ္ခုလံုးမွာရွိတဲ့Batteria ေတြကိုသန္႕စင္ေစပါတယ္။
(၃) ဆား
သန္႕စင္တဲ႔ဆားကိုလ်ွာရဲ႕ေပၚမွာမိနစ္အနည္းငယ္ေလာက္ပြတ္တိုက္ျပီး သန္႔စင္ေပးသင္႔ပါတယ္။ ဆားပြင္႔ေလးေတြလွ်ာေပၚမွာပြတ္တိုက္ျခင္းေျကာင္႔လ်ွာရဲ႕ဆဲလ္အသစ္ေတြကိုရွင္သန္ေစတဲ႔အျပင္ အညစ္ေျကးေတြပါသန္႔စင္ေစပါတယ္။ ဒါေျကာင္႔တစ္ေန႕ကိုနွစ္ျကိမ္ေလာက္ေတာ႔ဆားနဲ႕ခံတြင္း
သန္႕ရွင္းေရးကိုလုပ္သင္႔ပါတယ္။
(၄) နႏြင္းမႈန္႔
နႏြင္းမႈန္႕ဟာ ဟင္းခတ္အေမြးျကိုင္တစ္မ်ိဳးျဖစ္ရံုတင္မကပါပဲ ခံတြင္းက်န္းမာေရးအတြက္လည္းေကာင္းမြန္ေစပါတယ္။ နႏြင္းမႈန္႕ကိုလွ်ာေပၚမွာသုတ္လိမ္းျပီးပြတ္ေပးကာေရေႏြးနဲ႕ေဆးလိုက္မယ္ဆိုရင္ လ်ွာေပၚကအညစ္ေျကးေတြေလ်ာ႕က်သြားတာသိသာေစမွာပါ။
(၅) သြားပြတ္တံ
ေနာက္ဆံုးတစ္နည္းကေတာ႔လ်ွာကိုသန္႕ရွင္းစင္ျကယ္တဲ႔သြားပြတ္တံနဲ႕အေပၚေအာက္ ေသခ်ာေလးပြတ္တိုက္ေပးသင္႔ပါတယ္။ မနက္အိပ္ယာထခိ်န္ ညအိပ္ယာ၀င္ခ်ိန္ ေနာက္ဆံုးအစာစားျပီးလုိ႕သြားတိုက္ရင္ေတာင္လွ်ာေပၚကေနေအာက္သို႕ဆြဲခ်ျပီးတိုက္ေပးျခင္းဟာလွ်ာေပၚကအညစ္ေျကးျဖဴျဖဴျကီးေတြကိုကင္းစင္ေစပါတယ္။
ဆိုေတာ႔ လ်ွာေပၚမွာျကည္႔ရဆိုးျပီးစကားေျပာရင္ အနံ႕အသက္ဆိုးေစတဲ႔လွ်ာေပၚကအျဖဴျကီးေတြကိုအေပၚကနည္းလမ္းေလးေတြသံုးျပီးဖယ္ရွားနိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

လူတော်တော်များများရဲ့လျှာဟာ တစ်ခါတစ်ရံလျှာရောင်မထွက်ပဲအဖြူရောင်အညစ်ကြေးတွေရှိနေတတ်ကြပါတယ်။ ဒီလိုအညစ်ကြေးတွေဟာ လျှာပေါ်မှာကြည့်ရစိုးရုံတင်မကပဲခံတွင်းအနံ့ကိုပါဆိုးဝါးစေတာမလို့စိတ်ပျက်စရာကောင်းလှပါတယ်။ ဆိုတော့ဒီလျှာပေါ်ကအဖြူရောင်အညစ်အကြေးတွေကိုအလွယ်တကူရှင်းလင်းသက်သာစေဖို့နည်းလမ်းကောင်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်…
(၁) ကြက်သွန်ဖြူ
အယ်ဘာလားပေါ့… ကြက်သွန်ဖြူကိုလူတိုင်းသိထားတာကကြက်သွန်ဖြူစားရင်ခံတွင်းအနံဆိုးစေပြီး ပါးစပ်ကထွက်တဲ့လေနဲ့တွေမကောင်းဖြစ်စေတဲ့အရာလို့သိထားကြပါတယ်။ ဒီလိုတစ်ဖက်ကဆိုးကျိုးရှိတဲ့ကြက်သွန်ဖြူဟာလျှာပေါ်မှာရှိတဲ့အညစ်အကြေးနဲ့Batteria ပိုးမွှားတွေကိုသက်သာစေတာမလို့လျှာပေါ်ကအဖြူရောင်အညစ်အကြေးတွေပျောက်ဖို့ကြက်သွန်ဖြူအစိမ်းကိုစားပေးသင့်ပါတယ်။စားပြီးမှခံတွင်းနံ့ကောင်းအောင်ပြန်လုပ်လည်း အဆင်ပြေပါတယ်။
(၂) ရှားစောင်းလက်ပတ်
ပါလေရာငါးပိချက်ဖြစ်တဲ့ ရှားစောင်းလက်ပတ်ကတော့အခုလိုလျှာပေါ်ကအညစ်ကြေးတွေကိုလည်းသက်သာစေပါတယ်။ လျှာပေါ်ကအဖြူရောင်အညစ်ကြေးတွေပေါ်ကို
ရှားစောင်းလက်ပတ် အနှစ်ကိုအရည်ဖျော်ပြီးမိနစ်အနည်းငယ်လောက်ငုံထားပေးပါ၊ ပြီးတော့မှရေနွေးပူပူလေးနဲ့ပါးစပ်ကို ပလုတ်ကျင်းပေးပါ။ဒီလိုရှားစောင်းလက်ပတ်နဲ့ ခံတွင်းနဲ့လျှာကိုTreatmentလုပ်ပေးခြင်းကိုနေ့စဉ်မှန်မှန်လုပ်ပေးနိုင်ရင်လျှာတင်သာမကပဲခံတွင်းတစ်ခုလုံးမှာရှိတဲ့Batteria တွေကိုသန့်စင်စေပါတယ်။
(၃) ဆား
သန့်စင်တဲ့ဆားကိုလျှာရဲ့ပေါ်မှာမိနစ်အနည်းငယ်လောက်ပွတ်တိုက်ပြီး သန့်စင်ပေးသင့်ပါတယ်။ ဆားပွင့်လေးတွေလျှာပေါ်မှာပွတ်တိုက်ခြင်းကြောင့်လျှာရဲ့ဆဲလ်အသစ်တွေကိုရှင်သန်စေတဲ့အပြင် အညစ်ကြေးတွေပါသန့်စင်စေပါတယ်။ ဒါကြောင့်တစ်နေ့ကိုနှစ်ကြိမ်လောက်တော့ဆားနဲ့ခံတွင်း
သန့်ရှင်းရေးကိုလုပ်သင့်ပါတယ်။
(၄) နနွင်းမှုန့်
နနွင်းမှုန့်ဟာ ဟင်းခတ်အမွေးကြိုင်တစ်မျိုးဖြစ်ရုံတင်မကပါပဲ ခံတွင်းကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။ နနွင်းမှုန့်ကိုလျှာပေါ်မှာသုတ်လိမ်းပြီးပွတ်ပေးကာရေနွေးနဲ့ဆေးလိုက်မယ်ဆိုရင် လျှာပေါ်ကအညစ်ကြေးတွေလျော့ကျသွားတာသိသာစေမှာပါ။
(၅) သွားပွတ်တံ
နောက်ဆုံးတစ်နည်းကတော့လျှာကိုသန့်ရှင်းစင်ကြယ်တဲ့သွားပွတ်တံနဲ့အပေါ်အောက် သေချာလေးပွတ်တိုက်ပေးသင့်ပါတယ်။ မနက်အိပ်ယာထချိန် ညအိပ်ယာဝင်ချိန် နောက်ဆုံးအစာစားပြီးလို့သွားတိုက်ရင်တောင်လျှာပေါ်ကနေအောက်သို့ဆွဲချပြီးတိုက်ပေးခြင်းဟာလျှာပေါ်ကအညစ်ကြေးဖြူဖြူကြီးတွေကိုကင်းစင်စေပါတယ်။
ဆိုတော့ လျှာပေါ်မှာကြည့်ရဆိုးပြီးစကားပြောရင် အနံ့အသက်ဆိုးစေတဲ့လျှာပေါ်ကအဖြူကြီးတွေကိုအပေါ်ကနည်းလမ်းလေးတွေသုံးပြီးဖယ်ရှားနိုင်ကြပါစေလို့ဆုတောင်းရင်း…

211 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.