တကယ္လက္တြဲဖို႕ရည္ရြယ္ထားတဲ႔အမ်ိဳးသားေပၚမလုပ္သင္႔တဲ႔အခ်က္ေလးေတြ

မိန္းကေလးတိုင္းဟာကိုယ္ခ်စ္ရတဲ႔သူဆီကျမတ္ျမတ္နိုးနိုးနဲ႕လက္ထပ္ခြင္႔ေတာင္းတာကိုခံခ်င္တတ္ျကျပီးတစ္သက္လံုးအရိုးေဆြးေအာင္ေပါင္းသင္းေနထိုင္ခ်င္ျကတဲ႔စိတ္ကူးေလးရွိတတ္ျကျပီးသားပါ။ ကိုယ္တကယ္ခ်စ္ရတဲ႔ေကာင္ေလးနဲ႕လက္ထပ္ခ်င္ေပမဲ႔ အေျကာင္းအမ်ိဳးမ်ိဳးေျကာင္႔စိတ္ကူးအိမ္မက္ေတြဟာ မထင္မွတ္ပဲလြဲေခ်ာ္ခဲ႔တတ္ျကပါတယ္။ဆိုေတာ႔ တကယ္လက္တြဲဖို႕ရည္ရြယ္ထားတဲ႔အမ်ိဳးသားအေပၚမလုပ္သင္႔တဲ႔အခ်က္ေလးေတြကဘာေတြျဖစ္မလဲ…
(၁) ေနရာတကာမထိန္းခ်ဳပ္ပါနဲ႕
ေယာက်္ားေလးဆိုတာ လြတ္လြတ္လပ္လပ္ေနထုိင္ရတာကိုသေဘာက်တတ္ျကတဲ႔အမ်ိဳးပါ။ မပ်က္စီးေအာင္ေနတာနဲ႕မေနတာပဲကြာပါတယ္။ကိုယ္လက္တြဲမဲ႔ေယာက်ာ္ားေလးကို ဘီယာမေသာက္ရဘူး သူငယ္ခ်င္းေတြနဲ႕မေတြ႕ရဘူး နုိက္ မေအာက္ရဘူး စသည္ျဖင္႔ မိန္းကေလးေတြဟာမွားမွာဆိုးလုိ႕ အပူတျပင္းမွာရင္းေနာက္ဆံုး အရာရာကိုထိန္းခ်ဳပ္တတ္တယ္ နားမလည္ေပးဘူးဆိုျပီး ေနာက္ပိုင္းကိုယ္႔ကိုဘယ္ေရာက္ေနတယ္ဘယ္သူနဲ႕ေတြ႕ေနတယ္ဆိုတာကအစ လိမ္တတ္လာျပီး တစ္ေယာက္နဲ႕တစ္ေယာက္ယံုျကည္မႈပိုေ၀းကြာလာတတ္ပါတယ္။ ဆိုေတာ႔စိတ္ပူသင္႔သေလာက္ပူ
မွာသင္႔သေလာက္မွာပါ။ တစ္ခ်ိန္အိမ္ေထာင္တစ္ခုကိုဦးစီးမဲ႔သူကဒီေလာက္ေတာ႔သူ႕ကိုယ္သူထိန္းသိမ္းတတ္ရမယ္လို႕ယံုျကည္ေပးလုိက္ပါ။
(၂) မကဲ႔ရဲ႕ပါနဲ႕
ကိုယ္ခ်စ္သူကိုဘယ္ေတာ႔မွမကဲ႔ရဲ႕ပါနဲ႕။ ေယာက်္ားေလးဆိုတာ ေပါရင္ေပါမယ္ေပ်ာ္ေပ်ာ္ေနတတ္ရင္သာေနမယ္သူတို႕ရဲ႕သိကၡာေတြမာနေတြကိုထိခိုက္တဲ႔စကားမ်ိဳးကို သူ႕တို႕ေကာင္မေလးေတြဆီကမျကားခ်င္ျကပါဘူး။ သူတို႕ေအာင္ျမင္ရင္ခ်ီးက်ဴးေပးတာကိုျကိုက္ျပီး အဆင္မေျပတဲ႔ခ်ိန္မွာေဖးမွ
ေပးျပီးအျပစ္မတင္တာကိုျကိုက္တာပါ။ သူတို႕ရဲ႕အမွားေတြလုပ္ရပ္ေတြကိုကဲ႔ရဲ႕ရႈံ႕ခ်တတ္တဲ႔မိန္းကေလးမ်ိဳးကိုမုန္းတီးသြားတတ္ျကပါတယ္။
(၃) ေလးစားပါ
ကိုယ္႔ထက္အသက္ငယ္တဲ႔ခ်စ္သူပဲျဖစ္ျဖစ္ကိုယ္႔ထက္ အသက္ျကီးတဲ႔ခ်စ္သူပဲျဖစ္ျဖစ္ ကိုယ္႔ေရြးခ်ယ္ထားတဲ႔အမ်ိဳးသားေပၚ လိုအပ္တဲ႔ေလးစားမႈအနည္းငယ္ေတာ႔ရွိသင္႔ပါတယ္။ နွစ္ကိုျကားေတြ႕ဆံုတဲ႔အခ်ိန္မွာကိုယ္႔ကိုခ်စ္လုိ႕ကိုယ္ဘယ္လိုအနိုင္ယူယူ အဆင္ေျပေပမဲ႔ကိုယ္႔အသိုင္း၀ိုင္း
သူ႕အသိုင္း၀ိုင္းလူျကားသူျကားထဲသြားတဲ႔အခ်ိန္မွာ တရားလြန္အနိင္ယူမႈေတြ မေခ်မငံေျပာဆိုတာမ်ိဳးေတြမလုပ္သင္႔ပါဘူး။ အာ႔လိုလုပ္တာေတြမ်ားလာတဲ႔အခါေနာက္ဆံုးမွာ ကိုယ္နဲ႕တူတူသြားလာရမွာေတာင္ေျကာက္ေနပါလိမ္႔မယ္။
(၄) မနႈိုင္းပါနဲ႕
ဘယ္သူ႕ရဲ႕ေကာင္ေလးကဘယ္လုိေတာ္တာ ဘယ္ေကာင္ကဘယ္လိုသူ႕ရည္းစားကိုခ်စ္တာ ဆိုတာမ်ိဳးေတြ မေျပာသင္႔ပါဘူ။ ကိုယ္ေကာင္းမယ္ထင္လို႕ေရြးခ်ယ္ထားတဲ႔သူတစ္ေယာက္ကို ယံုယံုျကည္ျကည္နဲ႕ခ်စ္ေနေပးတာမ်ိဳးပဲျဖစ္သင္႔တာပါ။ တစ္ျခားေယာကၤ်ားတစ္ေယာက္နဲ႕နိႈင္းနိႈင္းျပီးေျပာတာမ်ိဳးကို လံုး၀စိတ္တိုတတ္ျကပါတယ္။
(၅) သူ႕ပတ္၀န္းက်င္ကိုလက္ခံနိုင္ပါ
အစကတည္းကသူ႕ပတ္၀န္းက်င္ကို ကိုယ္နဲ႕သဟဇာတမျဖစ္ဘူးလို႕မခံစားရရင္စျပီးလက္တြဲဖို႕မေရြးခ်ယ္တာေကာင္းပါတယ္။ေယာကၤ်ားေလးေတာ္ေတ္ာမ်ားမ်ားကသူတို႕အေပါင္းသင္းသူတို႕သူငယ္ခ်င္းမိတ္ေဆြေတြ အေပၚသံေယာဇဥ္ျကီးတတ္ျကပါတယ္။ဒါေျကာင္႔ သူတို႕ပတ္၀န္းက်င္ ကိုပါလက္ခံေပးနိုင္ဖို႕လိုပါတယ္။ ဒါမွလည္းေရရွည္လက္တြဲဖို႕အဆင္ေျပမွာပါ။ ဒီလိုမွလက္မခံနိုင္ရင္ အစတည္းကလက္တြဲဖို႕မဆံုးျဖတ္ပါနဲ႕။
ကိုယ္ကသူ႕ကိုခ်စ္သူကကိုယ္႔ကိုခ်စ္ေနတာနဲ႕တင္ ျပီးတာမဟုတ္ပါဘူး။ တစ္ဘ၀လံုးလက္တြဲသြားနိုင္ဖို႕ဆိုရင္ နားလည္သင္႔တာနားလည္သည္းခံသင္႔တာသည္းခံျပီး သေဘာထားျကီးသင္႔တာျကီးမွသာ ေရရွည္တည္တံ့နိုင္မွာပါ။ကိုယ္တကယ္ခ်စ္ရတဲ႔အမ်ိဳးသားေပၚနားလည္ေပးနိုင္ျပီး ေကာင္းမြန္တဲ႔ဘ၀ေတြကိုေလ်ွာက္လွမ္းနိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

မိန်းကလေးတိုင်းဟာကိုယ်ချစ်ရတဲ့သူဆီကမြတ်မြတ်နိုးနိုးနဲ့လက်ထပ်ခွင့်တောင်းတာကိုခံချင်တတ်ကြပြီးတစ်သက်လုံးအရိုးဆွေးအောင်ပေါင်းသင်းနေထိုင်ချင်ကြတဲ့စိတ်ကူးလေးရှိတတ်ကြပြီးသားပါ။ ကိုယ်တကယ်ချစ်ရတဲ့ကောင်လေးနဲ့လက်ထပ်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်စိတ်ကူးအိမ်မက်တွေဟာ မထင်မှတ်ပဲလွဲချော်ခဲ့တတ်ကြပါတယ်။ဆိုတော့ တကယ်လက်တွဲဖို့ရည်ရွယ်ထားတဲ့အမျိုးသားအပေါ်မလုပ်သင့်တဲ့အချက်လေးတွေကဘာတွေဖြစ်မလဲ…
(၁) နေရာတကာမထိန်းချုပ်ပါနဲ့
ယောကျ်ားလေးဆိုတာ လွတ်လွတ်လပ်လပ်နေထိုင်ရတာကိုသဘောကျတတ်ကြတဲ့အမျိုးပါ။ မပျက်စီးအောင်နေတာနဲ့မနေတာပဲကွာပါတယ်။ကိုယ်လက်တွဲမဲ့ယောကျာ်ားလေးကို ဘီယာမသောက်ရဘူး သူငယ်ချင်းတွေနဲ့မတွေ့ရဘူး နိုက် မအောက်ရဘူး စသည်ဖြင့် မိန်းကလေးတွေဟာမှားမှာဆိုးလို့ အပူတပြင်းမှာရင်းနောက်ဆုံး အရာရာကိုထိန်းချုပ်တတ်တယ် နားမလည်ပေးဘူးဆိုပြီး နောက်ပိုင်းကိုယ့်ကိုဘယ်ရောက်နေတယ်ဘယ်သူနဲ့တွေ့နေတယ်ဆိုတာကအစ လိမ်တတ်လာပြီး တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုပိုဝေးကွာလာတတ်ပါတယ်။ ဆိုတော့စိတ်ပူသင့်သလောက်ပူ
မှာသင့်သလောက်မှာပါ။ တစ်ချိန်အိမ်ထောင်တစ်ခုကိုဦးစီးမဲ့သူကဒီလောက်တော့သူ့ကိုယ်သူထိန်းသိမ်းတတ်ရမယ်လို့ယုံကြည်ပေးလိုက်ပါ။
(၂) မကဲ့ရဲ့ပါနဲ့
ကိုယ်ချစ်သူကိုဘယ်တော့မှမကဲ့ရဲ့ပါနဲ့။ ယောကျ်ားလေးဆိုတာ ပေါရင်ပေါမယ်ပျော်ပျော်နေတတ်ရင်သာနေမယ်သူတို့ရဲ့သိက္ခာတွေမာနတွေကိုထိခိုက်တဲ့စကားမျိုးကို သူ့တို့ကောင်မလေးတွေဆီကမကြားချင်ကြပါဘူး။ သူတို့အောင်မြင်ရင်ချီးကျူးပေးတာကိုကြိုက်ပြီး အဆင်မပြေတဲ့ချိန်မှာဖေးမှ
ပေးပြီးအပြစ်မတင်တာကိုကြိုက်တာပါ။ သူတို့ရဲ့အမှားတွေလုပ်ရပ်တွေကိုကဲ့ရဲ့ရှုံ့ချတတ်တဲ့မိန်းကလေးမျိုးကိုမုန်းတီးသွားတတ်ကြပါတယ်။
(၃) လေးစားပါ
ကိုယ့်ထက်အသက်ငယ်တဲ့ချစ်သူပဲဖြစ်ဖြစ်ကိုယ့်ထက် အသက်ကြီးတဲ့ချစ်သူပဲဖြစ်ဖြစ် ကိုယ့်ရွေးချယ်ထားတဲ့အမျိုးသားပေါ် လိုအပ်တဲ့လေးစားမှုအနည်းငယ်တော့ရှိသင့်ပါတယ်။ နှစ်ကိုကြားတွေ့ဆုံတဲ့အချိန်မှာကိုယ့်ကိုချစ်လို့ကိုယ်ဘယ်လိုအနိုင်ယူယူ အဆင်ပြေပေမဲ့ကိုယ့်အသိုင်းဝိုင်း
သူ့အသိုင်းဝိုင်းလူကြားသူကြားထဲသွားတဲ့အချိန်မှာ တရားလွန်အနိင်ယူမှုတွေ မချေမငံပြောဆိုတာမျိုးတွေမလုပ်သင့်ပါဘူး။ အာ့လိုလုပ်တာတွေများလာတဲ့အခါနောက်ဆုံးမှာ ကိုယ်နဲ့တူတူသွားလာရမှာတောင်ကြောက်နေပါလိမ့်မယ်။
(၄) မနှိုုင်းပါနဲ့
ဘယ်သူ့ရဲ့ကောင်လေးကဘယ်လိုတော်တာ ဘယ်ကောင်ကဘယ်လိုသူ့ရည်းစားကိုချစ်တာ ဆိုတာမျိုးတွေ မပြောသင့်ပါဘူ။ ကိုယ်ကောင်းမယ်ထင်လို့ရွေးချယ်ထားတဲ့သူတစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ချစ်နေပေးတာမျိုးပဲဖြစ်သင့်တာပါ။ တစ်ခြားယောင်္ကျားတစ်ယောက်နဲ့နှိုင်းနှိုင်းပြီးပြောတာမျိုးကို လုံးဝစိတ်တိုတတ်ကြပါတယ်။
(၅) သူ့ပတ်ဝန်းကျင်ကိုလက်ခံနိုင်ပါ
အစကတည်းကသူ့ပတ်ဝန်းကျင်ကို ကိုယ်နဲ့သဟဇာတမဖြစ်ဘူးလို့မခံစားရရင်စပြီးလက်တွဲဖို့မရွေးချယ်တာကောင်းပါတယ်။ယောင်္ကျားလေးတော်တေ်ာများများကသူတို့အပေါင်းသင်းသူတို့သူငယ်ချင်းမိတ်ဆွေတွေ အပေါ်သံယောဇဉ်ကြီးတတ်ကြပါတယ်။ဒါကြောင့် သူတို့ပတ်ဝန်းကျင် ကိုပါလက်ခံပေးနိုင်ဖို့လိုပါတယ်။ ဒါမှလည်းရေရှည်လက်တွဲဖို့အဆင်ပြေမှာပါ။ ဒီလိုမှလက်မခံနိုင်ရင် အစတည်းကလက်တွဲဖို့မဆုံးဖြတ်ပါနဲ့။
ကိုယ်ကသူ့ကိုချစ်သူကကိုယ့်ကိုချစ်နေတာနဲ့တင် ပြီးတာမဟုတ်ပါဘူး။ တစ်ဘဝလုံးလက်တွဲသွားနိုင်ဖို့ဆိုရင် နားလည်သင့်တာနားလည်သည်းခံသင့်တာသည်းခံပြီး သဘောထားကြီးသင့်တာကြီးမှသာ ရေရှည်တည်တံ့နိုင်မှာပါ။ကိုယ်တကယ်ချစ်ရတဲ့အမျိုးသားပေါ်နားလည်ပေးနိုင်ပြီး ကောင်းမွန်တဲ့ဘဝတွေကိုလျှောက်လှမ်းနိုင်ကြပါစေလို့ဆုတောင်းရင်း…

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.