ပရိတ္သတ္အားလံုးရဲ႕ အသည္းေက်ာ္ မင္းသား ခပ္ၾကမ္းၾကမ္း ဇာတ္႐ုပ္ေတြနဲ႔အျမဲေတြ႔ျမင္ေနရတဲ့ ေဟာလိဝုဒ္စတား Dwayne Johnson ဟာ ဒီအပတ္ထဲမွာပဲ စိတ္က်ေရာဂါကို သူဘယ္လိုတုိက္ဖ်က္ခဲ့တယ္ဆိုတဲ့အေၾကာင္း ကမၻာတစ္ဝွမ္းမွာ႐ွိတဲ့သူ႔ရဲ႕ပရိတ္သတ္ေတြကို ဖြင့္ဟေျပာျပခဲ့ပါတယ္။
The Express နဲ႔ အင္တာဗ်ဳးမွာ Former WWE champion ျဖစ္တဲ့ Dwayne Johnson ဟာ Canadian Football League မွာလည္း ပ်က္ကြက္မႈေတြျဖစ္ခဲ့ျပီးေနာက္ပုိင္းမွာခ်စ္သူနဲ႔ျပတ္စဲသြားခဲ့ပါတယ္။ ” အဲ့ဒီအခ်ိန္ေတြက ကၽြန္ေတာ့္အတြက္အဆိုးဆံုးပဲ” လို႔ တစ္ကမၻာလံုး သေဘာက်ရတဲ့ မင္းသားၾကီးကဆိုပါတယ္။
အသက္(၁၅)ႏွစ္တုန္းက ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔လုပ္ေနတဲ့ အေမျဖစ္သူကိုလည္းသူ႔မ်က္စိေ႐ွ႔မွာေတြ႔ျမင္ရဖူးေၾကာင္း Johnsonက ပြင့္လင္းစြာေျပာသြားခဲ့ပါတယ္။ အဲ့ဒီေန႔ရက္ေတြဟာ သူ႔အတြက္အေမွာင္မိုက္ဆံုးေန႔ေတြပဲ။ ဆက္လက္အသက္႐ွင္ေနထုိင္ဖို႔အတြက္လည္း သူအားအင္ေတြ႐ွာမေတြ႔ခဲ့ဘူးလို႔ ဝန္ခံပါတယ္။
” ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး တျဖည္းျဖည္းေနသားက်လာပါတယ္..ဒါေပမယ့္ အျခားလူေတြနာက်င္ေနတာျမင္ရင္ အေကာင္းဆံုးႏွစ္သိမ့္မႈေပးႏုိင္ေအာင္ ၾကိဳးစားတယ္ ”
အတြင္းေရးကိစၥေတြ လူသိ႐ွင္ၾကားျဖစ္ျပီးေနာက္ ပရိတ္သတ္ေတြလည္း Johnson ကုိအားေပးႏွစ္သိမ့္ၾကပါတယ္။ ခ်က္ခ်င္းပဲ ပရိတ္သတ္ေတြရဲ႕ဂ႐ုစိုက္မႈကုုိ အသိမွတ္ျပဳေၾကာင္း တြစ္တာမွာ ျပီးခဲ့တဲ့ တနလၤာေန႔ကတင္ထားခဲ့ပါတယ္။
” တံ႔ုျပန္မႈေတြအမ်ားၾကီးရတဲ့အတြက္ ေက်းဇူးတင္ပါတယ္…အဓိကကေတာ့ ဖြင့္ထုတ္ရမွာကိုမေၾကာက္ရြံ႔ဖို႔ပါပဲ။ လူတိုင္းမွာ ဒီလိုအခ်ိန္ေတြ႐ွိပါတယ္..သိထားဖို႔က မင္းတစ္ေယာက္
တည္းမဟုတ္ဘူးဆိုတာပါ… ”စိတ္က်ေရာဂါ ဒုကၡေတြနဲ႔ပတ္သတ္ျပီး The Rock အရင္တုန္းက ႐ိုးတိုးရိပ္တိပ္ေျပာခဲ့တာေတြ႐ွိေပမယ့္လည္း ဒီလိုတိုက္႐ုိက္ေျပာဆိုတာ ပထမဆံုးပါပဲ။
(Unicode)
ပရိတ်သတ်အားလုံးရဲ့ အသည်းကျော် မင်းသား ခပ်ကြမ်းကြမ်း ဇာတ်ရုပ်တွေနဲ့အမြဲတွေ့မြင်နေရတဲ့ ဟောလိဝုဒ်စတား Dwayne Johnson ဟာ ဒီအပတ်ထဲမှာပဲ စိတ်ကျရောဂါကို သူဘယ်လိုတိုက်ဖျက်ခဲ့တယ်ဆိုတဲ့အကြောင်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့သူ့ရဲ့ပရိတ်သတ်တွေကို ဖွင့်ဟပြောပြခဲ့ပါတယ်။
The Express နဲ့ အင်တာဗျုးမှာ Former WWE champion ဖြစ်တဲ့ Dwayne Johnson ဟာ Canadian Football League မှာလည်း ပျက်ကွက်မှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်းမှာချစ်သူနဲ့ပြတ်စဲသွားခဲ့ပါတယ်။ ” အဲ့ဒီအချိန်တွေက ကျွန်တော့်အတွက်အဆိုးဆုံးပဲ” လို့ တစ်ကမ္ဘာလုံး သဘောကျရတဲ့ မင်းသားကြီးကဆိုပါတယ်။
အသက်(၁၅)နှစ်တုန်းက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်နေတဲ့ အမေဖြစ်သူကိုလည်းသူ့မျက်စိရှေ့မှာတွေ့မြင်ရဖူးကြောင်း Johnsonက ပွင့်လင်းစွာပြောသွားခဲ့ပါတယ်။ အဲ့ဒီနေ့ရက်တွေဟာ သူ့အတွက်အမှောင်မိုက်ဆုံးနေ့တွေပဲ။ ဆက်လက်အသက်ရှင်နေထိုင်ဖို့အတွက်လည်း သူအားအင်တွေရှာမတွေ့ခဲ့ဘူးလို့ ဝန်ခံပါတယ်။
” ကျွန်တော်တို့နှစ်ယောက်လုံး တဖြည်းဖြည်းနေသားကျလာပါတယ်..ဒါပေမယ့် အခြားလူတွေနာကျင်နေတာမြင်ရင် အကောင်းဆုံးနှစ်သိမ့်မှုပေးနိုင်အောင် ကြိုးစားတယ် ”
အတွင်းရေးကိစ္စတွေ လူသိရှင်ကြားဖြစ်ပြီးနောက် ပရိတ်သတ်တွေလည်း Johnson ကိုအားပေးနှစ်သိမ့်ကြပါတယ်။ ချက်ချင်းပဲ ပရိတ်သတ်တွေရဲ့ဂရုစိုက်မှုကုုိ အသိမှတ်ပြုကြောင်း တွစ်တာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကတင်ထားခဲ့ပါတယ်။
” တုံ့ပြန်မှုတွေအများကြီးရတဲ့အတွက် ကျေးဇူးတင်ပါတယ်…အဓိကကတော့ ဖွင့်ထုတ်ရမှာကိုမကြောက်ရွံ့ဖို့ပါပဲ။ လူတိုင်းမှာ ဒီလိုအချိန်တွေရှိပါတယ်..သိထားဖို့က မင်းတစ်ယောက်
တည်းမဟုတ်ဘူးဆိုတာပါ… ”စိတ်ကျရောဂါ ဒုက္ခတွေနဲ့ပတ်သတ်ပြီး The Rock အရင်တုန်းက ရိုးတိုးရိပ်တိပ်ပြောခဲ့တာတွေရှိပေမယ့်လည်း ဒီလိုတိုက်ရိုက်ပြောဆိုတာ ပထမဆုံးပါပဲ။