ဒီနှစ် ၂၀၁၃ထဲမှာတော့ K-Pop မိန်းကလေးအဆိုရှင်အဖွဲ့ Secret ဟာ Yoo Hoo ဆိုတဲ့ သီချင်းတစ်ပုဒ်သာ ပရိသတ်ကို ချပြခဲ့ပေမယ့် နံပါတ်(၅)နေရာ ရရှိခဲ့ပါတယ်။ ဒီသီချင်းက Secret’s ရဲ့ သွယ်လျမှု ၊ ဖျတ်လတ်မှုတွေကို ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ မီးမောင်းထိုးပြခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ “Madonna” “Poison” သီချင်းတွေရဲ့ electro-pop တီးလုံးမျိုးကို သဘောကျနေ ကြပါတယ်။
“Yoo Hoo” ဟာ ကိုရီးယား K-Pop Hot 100 မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ် ဖြစ်နေချိန်မှာပဲ အခုနောက်ဆုံး နည်းပညာသစ်နဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “I Do I Do” ဆိုတဲ့ အားလပ်ရက် ရင်ခုန်သံသီချင်းလေးကို တင်ဆက်လိုက်ပါပြီ။
ပုံမှန်ဆိုရင်တော့ တူရိယာအသံ ခပ်ကြမ်းကြမ်းလေးတွေ ထပ်ပေါင်းထည့်တာများပါတယ်။ (ဥပမာ- Poison မှာလိုမျိုး ခပ်ကျယ်ကျယ်ဟွန်းသံတွေ၊ Talk That မှာလိုမျိုး ဂစ်တာ riffs အသံမျိုး)။ အခု I Do I Do မှာတော့ တူရိယာသံစုံတွေနဲ့စဖွင့်ထားပြီး ညင်သာတဲ့တယောသံနဲ့ အလွန်ရိုးရှင်းတဲ့ သံပြိုင်သီဆိုမှုလေးတွေနဲ့ပါ။
ဒီထဲမှာပါတဲ့ Secret’s ရဲ့ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်ပုံက ဆောင်းရာသီနဲ့ ကိုက်ညီပါတယ်။ K-Pop fans တွေအနေနဲ့ကလည်း အခုလက်ရှိဈေးကွက်မှာ အကြောင်းအရာတစ်ခုကို သရုပ်ဖော်တဲ့ တေးသီချင်းမျိုးကို ပိုနှစ်သက်နေကြပါတယ်။ ဥပမာ IU ရဲ့ ၂၀၁၁ခုနှစ်တုန်းက You and I ဆိုတဲ့ သီချင်းလိုမျိုးပေါ့။ ဒီသီချင်းကလည်း classical-pop သံစဉ်မျိုး နီးနီးစပ်စပ် အခြေခံထားပါတယ်။ Secret ရဲ့ သီချင်းအသစ်က အိုင်ဒီယာရိုးရှင်းပြီး ခံစားလို့ကောင်းပါတယ်။
Ref:billboard