အေရာင္ေတြကေနတစ္ဆင့္ လူတစ္ေယာက္ရဲ႔စိတ္ေနစိတ္ထားကုိ ခန္႔မွန္းၾကမယ္

လူတစ္ေယာက္ရဲ ႔စိတ္ေနစိတ္ထားကုိ သူတို႔အၾကိဳက္ဆံုးအေရာင္ကေနတစ္ဆင့္ ခန္႔မွန္းရတာ စိတ္၀င္စားစရာပါပဲ၊သင္အႏွစ္သက္ဆံုးအေရာင္ကေရာ ဘာအေရာင္ပါလဲ? သင္ေရြးခ်ယ္လိုက္တဲ႔အေရာင္ကေန သင့္ရဲ ႔အေၾကာင္းကုိ ေျပာျပေပးႏုိင္ပါတယ္တဲ႔။ တစ္ျခားလူတစ္ေယာက္္ကုိလည္း သူအၾကိဳက္ဆံုး အေရာင္ကေနတစ္ဆင့္ သူ႔ရဲ႔စိတ္ေနစိတ္ထား ကုိေယဘူယ်အားျဖင့္ခန္႔မွန္းႏုိင္ပါတယ္။ကဲ ဒါျဖင့္ ဟုတ္မဟုတ္စမ္းၾကည့္လိုက္္ရေအာင္။

အျပာေရာင္
အျပာေရာင္က ေယာက်္ားေလးေတြအမ်ားစုၾကိဳက္ႏွစ္သက္တဲ႔အေရာင္တစ္ခုျဖစ္သလို ေယာက်္ားေလးနဲ႔မိန္းကေလးခြဲျခားထားတဲ႔အေရာင္လည္းျဖစ္ပါေသးတယ္။ဥပမာ မိန္းကေလးအမ်ားစုက ပန္းေရာင္ၾကိဳက္တာ၊ေယာက်္ားေလးေတြက အျပာေရာင္ ၾကိဳက္တာေပါ့။အျပာေရာင္မွာ တျခားအဓိပၸာယ္ေတြလည္းရွိပါေသးတယ္။ သင္အၾကိဳက္ဆံုးအေရာင္က အျပာေရာင္ျဖစ္မယ္ဆုိရင္ သင္က စိတ္တည္ျငိမ္တယ္ ၊အားကုိးရတဲ့သူတစ္ေယာက္ျဖစ္တယ္။တျခားသူေတြကသင့္အေပၚယံုၾကည္စိတ္ခ်မႈ အျပည့္ထားရွိနုိင္ေလာက္တဲ႔သူတစ္ေယာက္ျဖစ္ျပီး တျခားသူေတြကုိလည္း ေအးေအးေဆးေဆးစိတ္တည္ျငိမ္မႈျဖစ္ေအာင္ေျပာျပေပးႏုိင္သူေတြျဖစ္တယ္လို႔ေျပာလို႔ရပါတယ္။အဲ႔ဒီလိုပဲ အျပာေရာင္ၾကိဳက္သူတစ္ခ်ိဳ႔ဟာ အေပၚယံမ်က္ႏွာျပင္မွာသာ ကုိယ့္ကုိယ္ကုိယ္ ယံုၾကည္မႈအျပည့္ရွိျပီးသန္မာပံုေပၚေပမဲ႔ အတြင္းစိတ္မွာေတ့ာသင္က ထိခိုက္နာက်င္လြယ္တဲ႔သူ တစ္ေယာက္ျဖစ္ျပီး သင္ၾကိဳးစားသမ်ွအရာထင္ေစဖုိ႔အေကာင္းဆံုးလုပ္ေဆာင္ေနရတဲ႔သူ တစ္ေယာက္လည္းျဖစ္တယ္လို႔ေဖာ္ျပေနပါေသးတယ္။

အညိဳေရာင္
အညိဳေရာင္ကေတာ့ထူးျခားတဲ႔အေရာင္တစ္ခုပါပဲ။ဘာလို႔လဲဆိုရင္ အၾကိဳက္ဆံုးအေရာင္က အညိဳေရာင္ျဖစ္တယ္လို႔၀န္ခံတဲ႔သူ ရွားပါးပါတယ္တဲ႔။တကယ္လို႔မ်ားအညိဳေရာင္က သင္အၾကိဳက္ဆံုးအေရာင္ျဖစ္တယ္ဆုိရင္ သင္ကေသြးေအးတယ္၊အရမ္းတည္ျငိမ္တယ္၊ တကယ္လို႔ အျငင္းပြားမႈ တစ္္ခုၾကံဳရင္ေတာင္သင္က ၾကိဳတင္မျပင္ဆင္ပဲ အျငင္းပြားမႈထဲ ကုိ၀င္မယ့္သူတစ္ေယာက္မဟုတ္ပါဘူး။တစ္ျခားကုိယ္ရည္ေသြးအရည္အခ်င္းေတြကေတာ့ သင္က ကုိယ့္ကုိယ္ကုိယ္ႏွိမ့္ခ်တတ္သလိုအရွက္အေၾကာက္လည္းၾကီးတယ္။သစၥာရွိတဲ႔သူတစ္ေယာက္လညး္ျဖစ္ပါတယ္။ဒါ့အျပင္ သင္က လြတ္လပ္စြာေနတတ္ျပီး သင့္ရဲ ႔ကုိယ္ပုိင္စီးပြားေရးက  ေသးငယ္ရင္ေတာင္ အေကာင္းဆံုးၾကိဳးစားေလ့ရွိတယ္။

အနီေရာင္
အနီေရာင္ကေတာ ေသြးနဲ႔အႏၱရာယ္ၾကီးတဲ႔အေရာင္လုိ႔ေျပာၾကပါတယ္။သင့္ရဲ ႔အၾကိဳက္ဆံုးအေရာင္က အနီေရာင္ျဖစ္မယ္ဆိုရင္ သင္ကမေတြေ၀ မတြန္႔ဆုတ္တတ္ ဘူး၊အေၾကာက္အလန္႔မရွိဘူး။ဘယ္အရာမဆိုသင့္စိတ္ၾကိဳက္လုပ္ေလ့ရွိတယ္။သင့္ရဲ ႔ခႏၶာကိုယ္ထဲမွာစြန္႔စားခ်င္စိတ္ေတြအျပည့္ျဖစ္ေနျပီး စြန္႔စားခန္းခရီးေတြလည္း အျမဲတမ္းထြက္ခ်င္တဲ႔ဆႏၵေတြရွိေနတတ္ပါတယ္။ေဒါသထြက္လြယ္ျပီး အခြင့္အလမ္းအသစ္ေတြကုိအျမဲတမ္းရွာေဖြေနတတ္သူတစ္ေယာက္ပါ။

အ၀ါေရာင္
သင့္ရဲ ႔အၾကိဳက္ဆံုးအေရာင္က အ၀ါေရာင္ျဖစ္တယ္ဆုိရင္ သင္က အသစ္အဆန္းပညာရပ္ေတြကုိ ေလ့လာရတာေပ်ာ္ရႊင္တယ္။ကမာၻၾကီးမွာျဖစ္ပ်က္ေနသမ်ွကုိလည္း စူးစမ္းခ်င္ စိတ္ေတြရွိတယ္။ ေယဘူယ်အားျဖင့္ ပညာေရးနဲ႔ပတ္သက္ျပီး ထူးခြ်န္သူေတြျဖစ္ၾကတယ္။ သဘာ၀တရားၾကီး
နဲ႔ပတ္သက္လို႔ အေကာင္းျမင္စိတ္ေတြရွိေပမဲ႔ကုိယ္ကုိယ့္ကုိယ္ေတာ့ အေကာင္းျမင္စိတ္ေတြ အျမဲတမ္းမထားႏုိင္ၾကပါဘူး။သူတို႔က သူတို႔ရဲ ႔ဘ၀ပိုျပီးေကာင္းေအာင္ ဘာေတြလုပ္ရမလဲဆုိတာကလည္းသိတဲ႔သူေတြျဖစ္ၾကတယ္။

ခရမ္းေရာင္
သင့္ရဲ ႔အႏွစ္သက္ဆံုးအေရာင္က ခရမ္းေရာင္ျဖစ္တယ္ဆုိရင္ သင့္ရဲ ႔စိတ္က အႏုပညာတစ္ခု လိုပါပဲတဲ႔။သင့္စိတ္ထဲကျဖစ္လာတဲ႔အတိုင္း၊လုပ္ခ်င္တဲ႔အတုိင္းပံုေဖာ္ျပီး ဘ၀ကုိရွင္သန္ေနထုိင္ ၾကတယ္္။အာရံုစူးစုိက္မႈလည္းေကာင္းမြန္ျပီးအမွီအခိုကင္းတဲ႔လူေတြျဖစ္ၾကတယ္။တျခားသူေတြအေပၚမွာ လြယ္လြယ္နဲ႔မွီခိုေလ့မရွိပဲ ကုိယ့္ဘ၀ကုိယ္ စိတ္ၾကိဳက္ရွင္သန္ၾကတဲသူေတြျဖစ္ပါတယ္။

အစိမ္းေရာင္
လူအမ်ားစုက အစိမ္းေရာင္ကုိႏွစ္သက္ေလ့ရွိၾကပါတယ္။အစိမ္းေရာင္က စစ္မွန္တဲ႔သူငယ္ခ်င္း လုိ႔ေတာင္ရည္ညႊန္းၾကတယ္။အစိမ္းေရာင္ၾကိဳက္ႏွစ္သက္သူေတြက သူတို႔ရဲ႔အေတြးေတြ၊ အျပဳအမူေတြ၊အက်င့္စရုိက္ေတြက ေကာင္းမြန္ျပီးသူငယ္ခ်င္း၊မိတ္ေဆြ၊မိသားစုအေပၚမွာလည္း သစၥာရွိၾကတယ္။အစိမ္းေရာင္ၾကိဳက္ႏွစ္သက္သူေတြနဲ႔ရင္းႏွီးရင္ သူတို႔က သင့္ကုိစိတ္ပ်က္ေစမွာ မဟုတ္ပါဘူး။ရင္းနွီးတဲ႔သူေတြၾကံဳေတြ႔ေနရတဲ႔ အခက္အခဲေတြကုိလည္း
ကူညီေျဖရွင္းေပးၾကျပီးပတ္၀န္းက်င္ကလူေတြနဲ႔ဆက္ဆံေရးေကာင္းမြန္ၾကတဲ႔သူေတြျဖစ္ပါတယ္။အိမ္ေထာင္က်လို႔ သားသမီးေတြရွိလာရင္လည္းတျခားသူေတြကုိ ဂရုစုိက္ေပးေနရင္းကုိ သူတို႔ရဲ ႔ကေလးေတြဘ၀ကုိျမွင့္တင္ေပးၾကတဲ႔သူေတြပါ။အစိမ္းေရာင္ၾကိဳက္ႏွစ္သက္သူေတြရဲ ႔ဘ၀က
မ်ားေသာအားျဖင့္ ပူပန္ေၾကာင့္ၾကမႈမရွိပဲ ေအးေဆးတည္ျငိမ္ၾကပါတယ္။

ပန္းေရာင္
ပန္းေရာင္မၾကိဳက္တဲ႔မိန္းကေလးရယ္လို႔မရွိဘူးလုိ႔ေျပာလုိ႔ရသလိုပန္းေရာင္ၾကိဳက္တဲ႔ေယာက်္ားေလး ကေတာ ့ရွားပါတယ္။ပန္းေရာင္ၾကိဳက္တဲ႔သူေတြဟာအရမ္းလည္းခ်စ္တတ္ ၾကင္နာတတ္ျပီး ႏွလံုးသားကလည္းႏူးညံ႔ပါတယ္။စိတ္ခံစားလြယ္သူေတြလည္းျဖစ္ျပီး တစ္ျခားသူေတြကုိလည္း အေသးအဖြဲေလးကအစဂရုစုိက္ေပးတတ္သူေတြျဖစ္ပါတယ္။မ်ားေသာအားျဖင့္ပန္းေရာင္ခ်စ္သူေတြက ရဖုိ႔ထက္ ေပးဖုိ႔ကုိပဲ ပိုျပီးစိတ္ဆႏၵရွိပါတယ္။သူတို႔ရဲ ႔တာ၀န္က တစ္ျခားသူေတြ ဘ၀မွာေပ်ာ္ရႊင္ဖို႔လုပ္ေပးရမယ္လို႔သတ္မွတ္ထားသလိုပါပဲ။သူတို႔က ခ်ိဳသာတယ္ ၊ေပ်ာ္ေပ်ာ္ရႊင္ရႊင္လည္းေနတတ္ျပီး ဘယ္သူနဲ႔မဆုိခ်စ္ခင္ရင္းႏွီးလြယ္ပါတယ္။လူတုိင္းကလည္း သူတို႔အေပၚကုိခ်စ္ၾကပါတယ္။

အမည္းေရာင္
အမည္းေရာင္က ၁၉ရာစုမတိုင္ခင္အထိ ရွားရွားပါးပါးျမင္ေတြ႔ရတဲ႔အေရာင္ပါပဲ။အမည္းေရာင္က သင့္ရဲ ႔အၾကိဳက္ဆံုးအေရာင္ျဖစ္မယ္ဆုိရင္သင္က ဆံုးျဖတ္ခ်က္ခိုင္မာစြာခ်တတ္ျပီး စိတ္ဓာတ္ၾကံ႔ခိုင္တဲ႔သူတစ္ေယာက္ျဖစ္ပါတယ္။သင္က အစြမ္းအစေတြအျပည့္ရဖို႔ ထိပ္ဆံုးထိေရာက္ေအာင္တက္ခ်င္သူျဖစ္ျပီး သင့္ရဲ ႔ရည္မွန္းခ်က္အတိုင္းေအာင္ျမင္ ေအာင္ၾကိဳးစားတတ္သူျဖစ္ပါတယ္။သင္က သင့္ကုိဘယ္အရာကေအာင္ျမင္ေစမလဲဆိုတာ
ေသခ်ာသိထားတဲ႔သူတစ္ေယာက္လည္းျဖစ္ပါေသးတယ္။အမည္းေရာင္ၾကိဳက္ႏွစ္သက္သူေတြက တစ္ျခားသူေတြနဲ႔ေရာေရာေႏွာေႏွာေနေလ့မရွိေပမဲ႔ခင္ဖို႔ေတာ့ေကာင္းပါတယ္။ အမည္းေရာင္ၾကိဳက္သူေတြရဲ ႔ရည္မွန္းခ်က္က အျမင့္ဆံုးမွာပဲရွိတတ္ျပီး သူငယ္ခ်င္းေတြအေပၚမွာလည္းလႊမ္းမိုးတဲ႔သူတစ္ေယာက္္ျဖစ္ပါတယ္။

Unicode

လူတစ်ယောက်ရဲ ့စိတ်နေစိတ်ထားကို သူတို့အကြိုက်ဆုံးအရောင်ကနေတစ်ဆင့် ခန့်မှန်းရတာ စိတ်ဝင်စားစရာပါပဲ၊သင်အနှစ်သက်ဆုံးအရောင်ကရော ဘာအရောင်ပါလဲ? သင်ရွေးချယ်လိုက်တဲ့အရောင်ကနေ သင့်ရဲ ့အကြောင်းကို ပြောပြပေးနိုင်ပါတယ် တဲ့။တစ်ခြားလူတစ်ယောက််ကိုလည်း သူအကြိုက်ဆုံး အရောင်ကနေတစ်ဆင့် သူ့ရဲ့စိတ်နေစိတ်ထားကိုယေဘူယျအားဖြင့်ခန့်မှန်းနိုင်ပါတယ်။ကဲ ဒါဖြင့် ဟုတ်မဟုတ်စမ်းကြည့်လိုက််ရအောင်။

အပြာရောင်
အပြာရောင်က ယောကျ်ားလေးတွေအများစုကြိုက်နှစ်သက်တဲ့အရောင်တစ်ခုဖြစ်သလို ယောကျ်ားလေးနဲ့မိန်းကလေးခွဲခြားထားတဲ့အရောင်လည်းဖြစ်ပါသေးတယ်။ဥပမာ မိန်းကလေးအများစုက ပန်းရောင်ကြိုက်တာ၊ယောကျ်ားလေးတွေက အပြာရောင် ကြိုက်တာပေါ့။အပြာရောင်မှာ တခြားအဓိပ္ပာယ်တွေလည်းရှိပါသေးတယ်။ သင်အကြိုက်ဆုံးအရောင်က အပြာရောင်ဖြစ်မယ်ဆိုရင် သင်က စိတ်တည်ငြိမ်တယ် ၊အားကိုးရတဲ့သူတစ်ယောက်ဖြစ်တယ်။တခြားသူတွေကသင့်အပေါ်ယုံကြည်စိတ်ချမှု အပြည့်ထားရှိနိုင်လောက်တဲ့သူတစ်ယောက်ဖြစ်ပြီး တခြားသူတွေကိုလည်း အေးအေးဆေးဆေးစိတ်တည်ငြိမ်မှုဖြစ်အောင်ပြောပြပေးနိုင်သူတွေဖြစ်တယ်လို့ပြောလို့ရပါတယ်။အဲ့ဒီလိုပဲ အပြာရောင်ကြိုက်သူတစ်ချို့ဟာ အပေါ်ယံမျက်နှာပြင်မှာသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီးသန်မာပုံပေါ်ပေမဲ့ အတွင်းစိတ်မှာတေ့ာသင်က ထိခိုက်နာကျင်လွယ်တဲ့သူ တစ်ယောက်ဖြစ်ပြီး သင်ကြိုးစားသမျှအရာထင်စေဖို့အကောင်းဆုံးလုပ်ဆောင်နေရတဲ့သူ တစ်ယောက်လည်းဖြစ်တယ်လို့ဖော်ပြနေပါသေးတယ်။

အညိုရောင်
အညိုရောင်ကတော့ထူးခြားတဲ့အရောင်တစ်ခုပါပဲ။ဘာလို့လဲဆိုရင် အကြိုက်ဆုံးအရောင်က အညိုရောင်ဖြစ်တယ်လို့ဝန်ခံတဲ့သူ ရှားပါးပါတယ်တဲ့။တကယ်လို့များအညိုရောင်က သင်အကြိုက်ဆုံးအရောင်ဖြစ်တယ်ဆိုရင် သင်ကသွေးအေးတယ်၊အရမ်းတည်ငြိမ်တယ်၊ တကယ်လို့ အငြင်းပွားမှု တစ််ခုကြုံရင်တောင်သင်က ကြိုတင်မပြင်ဆင်ပဲ အငြင်းပွားမှုထဲ ကိုဝင်မယ့်သူတစ်ယောက်မဟုတ်ပါဘူး။တစ်ခြားကိုယ်ရည်သွေးအရည်အချင်းတွေကတော့ သင်က ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သလိုအရှက်အကြောက်လည်းကြီးတယ်။သစ္စာရှိတဲ့သူတစ်ယောက်လညး်ဖြစ်ပါတယ်။ဒါ့အပြင် သင်က လွတ်လပ်စွာနေတတ်ပြီး သင့်ရဲ ့ကိုယ်ပိုင်စီးပွားရေးက သေးငယ်ရင်တောင် အကောင်းဆုံးကြိုးစားလေ့ရှိတယ်။

အနီရောင်
အနီရောင်ကတော သွေးနဲ့အန္တရာယ်ကြီးတဲ့အရောင်လို့ပြောကြပါတယ်။သင့်ရဲ ့အကြိုက်ဆုံးအရောင်က အနီရောင်ဖြစ်မယ်ဆိုရင် သင်ကမတွေဝေ မတွန့်ဆုတ်တတ် ဘူး၊အကြောက်အလန့်မရှိဘူး။ဘယ်အရာမဆိုသင့်စိတ်ကြိုက်လုပ်လေ့ရှိတယ်။သင့်ရဲ ့ခန္ဓာကိုယ်ထဲမှာစွန့်စားချင်စိတ်တွေအပြည့်ဖြစ်နေပြီး စွန့်စားခန်းခရီးတွေလည်း အမြဲတမ်းထွက်ချင်တဲ့ဆန္ဒတွေရှိနေတတ်ပါတယ်။ဒေါသထွက်လွယ်ပြီး အခွင့်အလမ်းအသစ်တွေကိုအမြဲတမ်းရှာဖွေနေတတ်သူတစ်ယောက်ပါ။

အဝါရောင်
သင့်ရဲ ့အကြိုက်ဆုံးအရောင်က အဝါရောင်ဖြစ်တယ်ဆိုရင် သင်က အသစ်အဆန်းပညာရပ်တွေကို လေ့လာရတာပျော်ရွှင်တယ်။ကမ္ဘာကြီးမှာဖြစ်ပျက်နေသမျှကိုလည်း စူးစမ်းချင် စိတ်တွေရှိတယ်။ ယေဘူယျအားဖြင့် ပညာရေးနဲ့ပတ်သက်ပြီး ထူးချွန်သူတွေဖြစ်ကြတယ်။ သဘာဝတရားကြီး
နဲ့ပတ်သက်လို့ အကောင်းမြင်စိတ်တွေရှိပေမဲ့ကိုယ်ကိုယ့်ကိုယ်တော့ အကောင်းမြင်စိတ်တွေ အမြဲတမ်းမထားနိုင်ကြပါဘူး။သူတို့က သူတို့ရဲ ့ဘဝပိုပြီးကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတာကလည်းသိတဲ့သူတွေဖြစ်ကြတယ်။

ခရမ်းရောင်
သင့်ရဲ ့အနှစ်သက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်တယ်ဆိုရင် သင့်ရဲ ့စိတ်က အနုပညာတစ်ခု လိုပါပဲတဲ့။သင့်စိတ်ထဲကဖြစ်လာတဲ့အတိုင်း၊လုပ်ချင်တဲ့အတိုင်းပုံဖော်ပြီး ဘဝကိုရှင်သန်နေထိုင် ကြတယ််။အာရုံစူးစိုက်မှုလည်းကောင်းမွန်ပြီးအမှီအခိုကင်းတဲ့လူတွေဖြစ်ကြတယ်။တခြားသူတွေအပေါ်မှာ လွယ်လွယ်နဲ့မှီခိုလေ့မရှိပဲ ကိုယ့်ဘဝကိုယ် စိတ်ကြိုက်ရှင်သန်ကြတဲသူတွေဖြစ်ပါတယ်။

အစိမ်းရောင်
လူအများစုက အစိမ်းရောင်ကိုနှစ်သက်လေ့ရှိကြပါတယ်။အစိမ်းရောင်က စစ်မှန်တဲ့သူငယ်ချင်း လို့တောင်ရည်ညွှန်းကြတယ်။အစိမ်းရောင်ကြိုက်နှစ်သက်သူတွေက သူတို့ရဲ့အတွေးတွေ၊ အပြုအမူတွေ၊အကျင့်စရိုက်တွေက ကောင်းမွန်ပြီးသူငယ်ချင်း၊မိတ်ဆွေ၊မိသားစုအပေါ်မှာလည်း သစ္စာရှိကြတယ်။အစိမ်းရောင်ကြိုက်နှစ်သက်သူတွေနဲ့ရင်းနှီးရင် သူတို့က သင့်ကိုစိတ်ပျက်စေမှာ မဟုတ်ပါဘူး။ရင်းနှီးတဲ့သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း
ကူညီဖြေရှင်းပေးကြပြီးပတ်ဝန်းကျင်ကလူတွေနဲ့ဆက်ဆံရေးကောင်းမွန်ကြတဲ့သူတွေဖြစ်ပါတယ်။အိမ်ထောင်ကျလို့ သားသမီးတွေရှိလာရင်လည်းတခြားသူတွေကို ဂရုစိုက်ပေးနေရင်းကို သူတို့ရဲ ့ကလေးတွေဘဝကိုမြှင့်တင်ပေးကြတဲ့သူတွေပါ။အစိမ်းရောင်ကြိုက်နှစ်သက်သူတွေရဲ ့ဘဝက
များသောအားဖြင့် ပူပန်ကြောင့်ကြမှုမရှိပဲ အေးဆေးတည်ငြိမ်ကြပါတယ်။

ပန်းရောင်
ပန်းရောင်မကြိုက်တဲ့မိန်းကလေးရယ်လို့မရှိဘူးလို့ပြောလို့ရသလိုပန်းရောင်ကြိုက်တဲ့ယောကျ်ားလေး ကတော ့ရှားပါတယ်။ပန်းရောင်ကြိုက်တဲ့သူတွေဟာအရမ်းလည်းချစ်တတ် ကြင်နာတတ်ပြီး နှလုံးသားကလည်းနူးညံ့ပါတယ်။စိတ်ခံစားလွယ်သူတွေလည်းဖြစ်ပြီး တစ်ခြားသူတွေကိုလည်း အသေးအဖွဲလေးကအစဂရုစိုက်ပေးတတ်သူတွေဖြစ်ပါတယ်။များသောအားဖြင့်ပန်းရောင်ချစ်သူတွေက ရဖို့ထက် ပေးဖို့ကိုပဲ ပိုပြီးစိတ်ဆန္ဒရှိပါတယ်။သူတို့ရဲ ့တာဝန်က တစ်ခြားသူတွေ ဘဝမှာပျော်ရွှင်ဖို့လုပ်ပေးရမယ်လို့သတ်မှတ်ထားသလိုပါပဲ။သူတို့က ချိုသာတယ် ၊ပျော်ပျော်ရွှင်ရွှင်လည်းနေတတ်ပြီး ဘယ်သူနဲ့မဆိုချစ်ခင်ရင်းနှီးလွယ်ပါတယ်။လူတိုင်းကလည်း သူတို့အပေါ်ကိုချစ်ကြပါတယ်။

အမည်းရောင်
အမည်းရောင်က ၁၉ရာစုမတိုင်ခင်အထိ ရှားရှားပါးပါးမြင်တွေ့ရတဲ့အရောင်ပါပဲ။အမည်းရောင်က သင့်ရဲ ့အကြိုက်ဆုံးအရောင်ဖြစ်မယ်ဆိုရင်သင်က ဆုံးဖြတ်ချက်ခိုင်မာစွာချတတ်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သင်က အစွမ်းအစတွေအပြည့်ရဖို့ ထိပ်ဆုံးထိရောက်အောင်တက်ချင်သူဖြစ်ပြီး သင့်ရဲ ့ရည်မှန်းချက်အတိုင်းအောင်မြင် အောင်ကြိုးစားတတ်သူဖြစ်ပါတယ်။သင်က သင့်ကိုဘယ်အရာကအောင်မြင်စေမလဲဆိုတာ
သေချာသိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါသေးတယ်။အမည်းရောင်ကြိုက်နှစ်သက်သူတွေက တစ်ခြားသူတွေနဲ့ရောရောနှောနှောနေလေ့မရှိပေမဲ့ခင်ဖို့တော့ကောင်းပါတယ်။ အမည်းရောင်ကြိုက်သူတွေရဲ ့ရည်မှန်းချက်က အမြင့်ဆုံးမှာပဲရှိတတ်ပြီး သူငယ်ချင်းတွေအပေါ်မှာလည်းလွှမ်းမိုးတဲ့သူတစ်ယောက််ဖြစ်ပါတယ်။

970 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.