မျက်လုံးအားကောင်းစေမဲ့အိမ်တွင်းနည်းသညာလေးတွေဆိုတာ
ပေးလိုက်ပါတယ်…
(၄) မျက်လုံးကစားပါ
Unicode
မျက်လုံးဆိုတာလူတစ်ယောက်ရဲ့အရေးကြီးအစိတ်အပိုင်းတစ်ခုမှာ အဓိကပါဝင်တဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒီလိုအရေးပါတဲ့မျက်လုံးလေးဟာ နေ့တစ်လူလူဝ အသုံးပြုနေရတာကြောင့် ကျန်းမာအားကောင်းတဲ့မျက်လုံးတစ်စုံဖြစ်စေဖို့အိမ်တွင်းနည်းလမ်းလေးတစ်ချို့ကိုဖော်ပြ
ပေးလိုက်ပါတယ်…
(၁) အိမ်ယာနိုးနိုးချင်း အဆင့်လိုက်ရေလောင်းပါ
မနက်အိပ်ယာနိုးနိုးချင်းမှာ မျက်နှာအရင်သစ်တာမျိုးတွေ အရင်မလုပ်ပါနဲ့။ အရင်ဆုံးဒူးခေါင်းကနေခြေထောက်ကို ငါးခွက်လောက်လောင်းပေးပါ။အပူတွေထွက်လာတာကိုခံစားရမှာပါ၊ နောက်တစ်ဆင့်အနေနဲ့ ဂျိုင်းကြားကနေလက်တစ်ချောင်းလုံးတောက်လျှောက်ကိုရေလောင်းပေးတာ တစ်ဖက်ကို၅ခွက်လောက်စီလောင်းပေးသင့့်ပါတယ်။ အဲ့အဆင့်တွေအားလုံးပြီးမှသာရေချိုးစရာရှိချိုးမျက်နှာသစ်စရာရှိသစ်ပါ။ ဒီလိုနည်းတိုင်းနေ့စဉ်လုပ်ပေးသွားရင်အပူကင်းကာမျက်လုံးမှုန်တဲ့သူတွေဆိုသိသိသာသာ ကြည်လင်လာမှာဖြစ်ပါတယ်။
(၂) မျက်လုံးကိုကွမ်းရွက်(သို့) အာလူးကပ်ကပ်ပေးပါ
ကွမ်းရွက်တို့အားလူးတို့လို အပူစုပ်တဲ့အရာတွေကိုမျက်လုံးကိုနှစ်ရက်ခြားတစ်ခါလောက်ကပ်ပေးသင့်ပါတယ်။ တစ်နေ့ပတ်လုံးအနားမပေးခဲ့ရတဲ့ဒီမျက်လုံးလေးကို အနားပေးတဲ့အနေနဲ့ မျက်လုံးပေါ်တင်ပြီးကပ်ကပ်ပေးရင် မျက်သားကို အေးစေပြီးမျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။
(၃) မြင်းခွာရွက်နဲ့မုန်လာဥနီလိုအစားစာတွေကိုစားသုံးပါ
မျက်လုံးအားကောင်းဖို့အတွက်အကောင်းဆုံးအစားစာတွေထဲကတစ်ခုဟာ မြင်းခွာရွက်နဲ့မုန်လာဥနီပါ။ သူတို့မှာပါတဲ့ဓာတ်တွေဟာမျက်လုံးအားကို အထူးကောင်းမွန်စေတာကြောင့်စားသုံးသင့့်ပါတယ်။
(၄) မျက်လုံးကစားပါ
အလုပ်ခွင်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကိုယ်ဟာ Laptop တွေ ဖုန်းတွေကို မဖြစ်မနေအကြည့်များနေရပြီဆိုရင် Screen ကိုအချိန်အကြာကြီးစိုက်ကြည့်တာမျိုးမလုပ်ပဲ ၁၅မိနစ်ခြားတစ်ခါလောက် ဘေးပတ်ဝန်းကျင်ကိုကြည့်ကြည့်ပေးပါ။ မျက်လုံးကို အပေါ်အောက်ဘေးဘယ် ကစားပြီးမျက်လုံးလေ့ကျင့်ခန်းများများလုပ်ပေးသင့်ပါတယ်။
(၅) အားကစားများများလုပ်ပါ
သိပ်မဆိုင်ဘူးထင်ရပေမဲ့တကယ်လက်တွေ့သက်ရောက်မှုရှိပါတယ်။ မျက်မှန်သမားတစ်ချိုပါ၀ါမကျတော့ဘူးထင်ရာမှ အားကစားပြင်းပြင်းထန်ထန်လုပ်ရင်းချွေးထွက်များကာ မျက်မှန်ပါ၀ါကျသွားတာမျိုးတွေရှိတတ်ပါတယ်။ ဆိုတော့အားကစားလုပ်ခြင်းဟာ မျက်လုံးကျန်းမာရေးအတွက်ပါသင့်တော်တဲ့အရာတစ်ခုပါ။
ဆိုတော့ကျန်းမာအားကောင်းတဲ့မျက်လုံးတစ်စုံပိုင်ဆိုင်ဖို့ဆေးသောက်စရာမလိုတဲ့အိမ်တွင်းနည်းသညာတစ်ချို့ကနေကြိုးစားကြည့်လို့ရပပြီနော်…
911 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.