အချိန်တိုလေးအတွင်းမှာပေါက်ဖွားလာတဲ့အချစ်ကိုယုံလို့ရလား
(၂) ပေးဆပ်တတ်တယ်
ပါဘူး။
(၃) သတိတရရှိတယ်
Unicode
လူတော်တော်များများရဲ့စိတ်ထဲမှာ အချစ်ဆိုတာ အချိန်ကြာကြာတွေ့ဖူးဆုံဖူးကြရင်း သံယောဇဉ်တွေရှိလာကြမှအချစ်ဆိုတာဖြစ်တယ်လို့ထင်တတ်ကြပါတယ်။ဒီလိုမှမဟုတ်ပဲအချိန်ခဏလေးအတွင်းမှာ လူတစ်ယောက်ကိုချစ်မိသွားရင် သိပ်မယုံတတ်ကြပါဘူး။ တကယ်လားစိတ်ကစားတာလားဟ ဘာလား ညာလား တွေးထင်တတ်ပါတယ်။ဆိုတော့ အချိန်ခဏလေးတွင်းမှာပဲချစ်ခဲ့မိတဲ့စိတ်ဟာစစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားလားဆိုတာကိုအောက်ကအချက်လေးတွေကနေသိရှိနိုင်ပါတယ်…
(၁) သည်းခံလိုစိတ်များတယ်
အချိန်တိုတိုအတွင်းမှာပဲချစ်မိချစ်မိအချိန်အကြာကြီးတွင်းမှာပဲချစ်မိချစ်မိလူတစ်ယောက်ကိုချစ်ဖို့ကြိုက်ဖို့လွယ်ပင်မဲ့သည်းခံနိုင်ဖို့ကတော့သိပ်ကိုခက်ခဲလှပါတယ်။ ကိုယ်နဲ့တွေ့တာဆုံတာ မကြာသေးပင်မဲ့ ကိုယ်နဲ့ပတ်သတ်လာရင် အကောင်းတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်စိတ်ရှည်ရှည်ထားပြီးသည်းခံပေးနိုင်တဲ့ ရှိနေပြီဆိုရင်တော့ အချိန်တိုတယ်နည်းတယ်များတယ် တွေးမနေပဲကိုယ့်ဘဝအတွက်လူကောင်းတစ်ယောက်ဆိုတာတော့ လက်ခံရပါလိမ့်မယ်။
(၂) ပေးဆပ်တတ်တယ်
တစ်မေတည်းကမွေးတဲ့မောင်နှမသားချင်းတောင်တစ်ယောက်ကိုတစ်ယောက်အနစ်နာခံဖို့တစ်ယောက်ကိုတစ်ယောက်ပေးဆပ်ဖို့သိပ်မရှိလှပါဘူး။ ဒီလိုကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်တဲ့လူ့သဘာဝကြီးထဲကမှကိုယ့်တစ်ယောက်ပေါ်အနစ်နာခံပြီးပေးဆပ်တတ်တဲ့သူမျိုးဆိုရင်
အချိန်တိုတွင်းပေမဲ့သူ့အချစ်ကမြင့်မြတ်တယ်ဆိုတာလက်ခံရပါလိမ့်မယ်။ အရင်တည်းကကိုယ်နဲ့အချိန်ကြာပြီးပတ်သတ်ခဲ့တာမျိုးမရှိပဲအခုမှပတ်သတ်တဲ့သူတစ်ယောက်ဟာ ကိုယ့်အပေါ်မှာသူများတွေတောင်မပေးနိုင်ခဲ့တဲ့ပေးဆပ်မှုမျိုးကိုပေးနေပြီဆိုရင် ဒီလူကိုလက်မလွှတ်သင့်တော့
ပါဘူး။
(၃) သတိတရရှိတယ်
ကိုယ်နဲ့ပတ်သတ်တဲ့အချိန်ခဏလေးအတွင်းမှာကိုယ်ကြိုက်တဲ့အရာတွေကို သတိတရနဲ့မှတ်ထားတတ်တာမျိုး၊ ကိုယ်မကြိုက်လောက်ဘူးဆိုတဲ့အရာတွေဟာ သူ့ရဲ့စွဲနေတဲ့အလေ့ကျင့်တစ်ခုဖြစ်ရင်တောင် မရရအောင်ဖြတ်တောက်ပစ်တာမျိုး ဒီလိုပုံစံမျိုးနဲ့သူ့ဘဝမှာ အရေးကြီးဆုံး
ကကိုယ်ပါဆိုရင် လက်ခံပေးဖို့ဝန်မလေးးပါနဲ့။ အချိန်ကြာကြာသာပတ်သတ်နေပင်မဲ့ကိုယ်ဘာကြိုက်တတ်လဲဆိုတာတောင် သေချာမသိသေးတဲ့သူတွေတစ်ပုံကြီးပါ။
(၄) စိတ်ချင်းရင်းနှီးတယ်
အချိန်ကာလကြာကြာရင်းနှီးခဲ့ကြတဲ့သူတွေ မဟုတ်သော်ငြားလည်း တစ်ယောက်နဲ့တစ်ယောက်စိတ်တူကိုယ်တူဖြစ်နေတတ်ပြီးတစ်ယောက်ပြောချင်တာကို အစချီရင်တောင်သိနေတတ်တာမျိုး၊ ဘာလုပ်ချင်တယ်ဘာဖြစ်ချင်တယ် ဘာပြောချင်တယ်ဆိုတာကို တန်းခံစားမိနေတာမျိုး။ ဒီလိုစတွေ့ကတည်းကရင်းနှီးသလိုခံစားနေရပြီဆိုရင် တွေ့တာမကြာသေးပင်မဲ့သင်တို့ရဲ့စိတ်တွေကရင်းနှီးနေကြပါပြီ။
(၅) ရှေ့ရေးနောက်ရေးကိစ္စတွေထိလိုက်တွေးတယ်
တစ်စုံတစ်ယောက်ပေါ်တကယ်မြတ်နိုးမိတဲ့သူဟာ လက်ရှိအချိန်ကိုပဲအဆင်ပြေသလိုနေတတ်တာမျိုးမဟုတ်ပဲနောင်ရေးအတွက်ပါPlan ချပြီးလိုက်တွေးတောနေတတ်ပါတယ်။ ကိုယ့်ရဲ့ကိစ္စအသေးကအစအကြီးအဆုံးလိုက်လံတွေးပူပေးတတ်ပြီး သူရဲ့ရှေ့ရေးမှာကိုယ်ပါမပါမဖြစ်မရှိမဖြစ်လူသားတစ်ယောက်ဖြစ်နေပြီဆိုရင် ဒီလူဟာ အချိန်တိုတိုလေးအတွင်းမှာမင်းကိုသိပ်ချစ်မိနေပါပြီ။
အချိန်ကြာကြီးတွေ့ပြီးချစ်မှ တကယ်ချစ်တာပါလို့တစ်သတ်မတ်ကြီးယုံကြည်မထားပဲ အချိန်တိုလေးအတွင်းပတ်သတ်မှုမှာလည်းပေါက်ဖွားလာတဲ့အချစ်စစ်တွေကို အထင်သေးလို့မရပါဘူး
နော်။ အချစ်စစ်ဆိုတာ အချိန်ကာလနဲ့မဆိုင်တာမို့ ကိုယ့်အတွက်မှန်ကန်တဲ့မေတ္တာကိုတွေ့မြင်ခံစားကြပါစေလို့ဆုတောင်းရင်း…
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.