ဆေးလိပ်ဖြတ်ဖို့ ခက်နေရင် …

ဆေးလိပ်ဖြတ်ချင်ပေမယ့် သူငယ်ချင်းတွေသောက်ရင် ၊ ပုံမှန်သောက်နေကြ အချိန်ရောက်လာရင် အသွေးထဲ အသားထဲကအလိုလိုတောင့်တနေတဲ့ စိတ်ကို ဖျောက်ဖျက်မရဖြစ်နေပြီလား ? ဆေးလိပ်ဖြတ်နိုင်ဖို့ အဓိက,ကတော့ စိတ်ပါပဲ။ ပြတ်သားတဲ့စိတ်နဲ့သာ ဆုံးဖြတ်ချက်ပြီးပြီဆိုရင် ဒီလမ်းစဉ်အတိုင်း လိုက်နာနိုင်အောင်သာ လုပ်ကြပါလေ။

ရေအေးလေး တစ်ကျိုက်စီငုံ
အသေးအဖွဲ့လေးတွေ ပါးစပ်က၀ါးနေဖို့လိုပါတယ်။ စီးကရက် ရှိုက်ခြင်းကို အစားထိုး
နည်းတစ်မျိုးပါပဲ။ လေ့လာချက်များအရ ရေအေးကို ပိုက်နဲ့ နည်းနည်းချင်းစီ စုပ်သောက်ခြင်းက Dopamine ထွက်စေပါတယ်။ Dopamine ဆိုတာ ”မကောင်းတဲ့စိတ်”တွေကိုလျော့ကျစေတာပါ။ အစားနည်းနည်း ဝါးစားခြင်းကလည်း မီးခိုးငွေ့အလွမ်းကိုလျော့စေပါတယ်။

ကောင်းကျိုးစဉ်းစား
ဆေးလိပ်မသောက်ရင် ရရှိနိုင်မယ့် ကောင်းကျိုးတွေကိုစဉ်းစားပါ။ ကိုယ့်စိတ်ကိုယ်
လည်းနိုင်မယ် ၊ ငွေကုန်လည်း သက်သာမယ်၊ အစားသောက် အရသာရှိစွာ
စားနိုင်ခြင်းနဲ့ အမောခံနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေကိုခံစားရမှာပါ။

သွားခဏခဏ တိုက်ပါ
ဆေးလိပ်ဖြတ်ရင် ခံတွင်းနံ့လေးကောင်းလာမယ်။ လူကြားထဲ ပါးစပ်အကျယ်ကြီးဟ
ပြီး အော်ရယ်၊ အော်ပြောနိုင်မယ်။ ချစ်စရာ ခံတွင်းရနံ့လေးကိုပိုင်ဆိုင်နိုင်မယ်။

အရက်သေစာရှောင်ပါ
အရက်သောက်ရင် ဆေးလိပ်သောက်ချင်စိတ်ကို အားပေးပါတယ်။ အကြောင်းပြ
ချက်များစွာကြောင့်ဖြစ်နိုင်ပါတယ်။ အရက်ဆိုတာကလည်း ကိုယ်လုပ်ချင်တာလုပ်
နိုင်အောင် အားပေးတာလည်းပါပါတယ်။

ကန့်သတ်နယ်မြေသတ်မှတ်
လူရှေ့သူရှေ့ ၊ အလုပ်နဲ့ လူကြီးသူမတွေရှေ့မှာ မသောက်မိအောင် ကိုယ့်ဘာသာ
သက်သက် ကန့်သတ်ပိုင်းခြားထားပါ။

Image result for smoking

ဘာကြောင့် ငါဒါကိုဖြတ်ချင်တာလဲဆိုတဲ့ အကြောင်းပြချက်တွေ ကိုယ်စီရှိကြမှာပါ။
ချစ်သူကိုသတိရသလို ဒါလေးကိုလည်းအမြဲတမ်း အဆက်မပြတ်သတိရနေဖို့လိုပါတယ်။ လန်းဆန်းတက်ကြွနေပါစေ။ စိတ်ခံစားမှုကောင်းနေပြီး တက်ကြွတဲ့စိတ်ရှိနေခြင်းက ဟိုဟာမလုပ်ရ မနေနိုင် ၊ ဒီဟာမလုပ်ရမနေနိုင်တာတွေကို ဟန့်တားပေးနိုင်ပါတယ်။

တစ်နေ့လုံးနေလို့ တစ်လိပ်မသောက်ဖြစ်ရင် အဲ့ဒီရက်လေးကို ပြက္ခဒိန်မှာ သေချာမှတ်ထားပါ။ နောက်ထပ်ရက်တွေ တိုးပွားချင်စိတ်တွေဖြစ်လာပါလိမ့်မယ်။ အပေါင်းသင်းကလည်း အရေးကြီးပါတယ်။ ဆေးလိပ်ကိုအောင်မြင်စွာအပြတ်ဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက် ကိုယ့်စီမှာရှိနေဖို့လိုပါတယ်။ အပေါင်းသင်းတွေထဲမှာ ဒီလူနဲ့တွေ့လို့ ပြန်သောက်မိနေတယ်ဆိုရင် သူ့ကိုရှောင်ပါ။

ကော်ဖီသောက်လေ့ရှိတယ်ဆိုရင် နည်းနည်းတော့ ကော်ဖီလျော့ဖို့လိုပါတယ်။ မနက်မိုးလင်းတာနဲ့ ကော်ဖီသောက်ပြီးရင် နောက်ထပ်ထပ်မသောက်မိအောင်နေပါ။ ကော်ဖီရဲ့ ကဖင်းဓာတ်တွေက မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေနဲ့ မကောင်းတဲ့စိတ်အလိုဆန္ဒတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကော်ဖီသောက်တာကိုလျော့ချပါ။

စိတ်ဆိုး ၊ စိတ်အလိုမကျ ၊ စိတ်ဓာတ်ကျနေရင် အခြားနည်းနဲ့ စိတ်ကိုဖြေဖျောက်ပါ။
ဆေးလိပ်သောက်ချင်စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ နောက်ဆုံးပြောချင်တာက
တော့ ပြေးလမ်းပေါ်မှာ စိတ်ရှည်ဖို့လိုပါတယ်။ ၁၄ရက်လောက် မသောက်ပဲနေနိုင်တယ်ဆိုရင် တော်တော်ဟန်ကျနေပြီပြောရမယ်။မိသားစု၊ မိတ်ဆွေတွေနဲ့ ၀ိုင်းဖွဲ့စားသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုများများလုပ်ပါ။ ဆေးလိပ်ပျက်ခြင်း ၊ မပျက်ခြင်းသည် ကြားမှာပါးလွှာလွန်းလှတယ်။
“တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။

169 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.