အုပ်စုဒုတိယပဲရခဲ့လို့ နောက်ပိုင်းပွဲစဉ်တွေ ပိုမိုခက်ခဲတော့မယ်ဆိုပြီး စိတ်ပျက်သွားခဲ့တဲ့ အာစင်ဝင်းဂါး

arsenal-v-ssc-napoli-uefa-champions-league-2328980.jpg

ယမန်နေ့ညက ကစားသွားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်များထဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာက နာပိုလီ-အာဆင်နယ်ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အနေနဲ့ (၃)ဂိုးပြတ်သာမရှုံးနဲ့ နောက်တစ်ဆင့်တက်မယ့် အာမခံချက်ရှိနေခဲ့တာကြောင့် နာပိုလီ ဘယ်နှစ်ဂိုးများသွင်းမလဲ စောင့်ကြည့်ခဲ့ကြရပါတယ်။ ရာဖေးလ်ဘင်နီတက် ဇ်ရဲ့ နာပိုလီအသင်းဟာ အာဆင်နယ်ကို အနိုင်ရရှိဖို့အတွက် အထူးကြိုးစားကစားခဲတဲ့အတိုင်း ပွဲအပြီးမှာတော့ ဟီ ဂူအင်နဲ့ ကယ်လီဂျွန်တို့ရဲ့သွင်းဂိုးများနဲ့အတူ နှစ်ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ဒီအချိန်မှာ ဒေါ့မွန်ကလည်း မာဆေး အသင်းကိုအဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် သူတို့(၃)သင်း(၁၂)မှတ်စီတူသွားခဲ့ချိန်မှာ ထိပ်တိုက်တွေ့ဆုံခဲ့မှု များအရ ရလဒ်မကောင်းခဲ့တဲ့ အီတလီကလပ်နာပိုလီ ချန်ပီယံလိဂ်က ပြုတ်ကျန်ရစ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒေါ့မွန်သာမနိုင်ခဲ့ရင် အုပ်စုဗိုလ်နေရာရခဲ့မှာဖြစ်ပေမယ့် ဖြစ်မလာခဲ့တာကြောင့် (၁၆)သင်းရှုံးထွက်အဆင့်မှာ အ ခြားအုပ်စုများဆီက ပထမရအသင်းများဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ အသလက်တီကို နဲ့ ဘာစီလိုနာတို့လိုအသင်းများနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

“ ဒုတိယပဲ ရလိုက်လို့ နောက်တစ်ဆင့်မှာ ပိုခက်ခဲသွားမှာ သေချာနေပါပြီ။ အခြားဘက်က ကြည့်မယ်ဆိုရင်တော့ အာဆင်နယ်ဟာ (၁၆)သင်းအဆင့်ဆီကို (၁၄)နှစ်ဆက်တက်နိုင်ခဲ့ပြီလေ။ နံပါတ်(၁၄)က ကံကောင်းခြင်းတွေပေး မယ်လို့ မျှော်လင့်ပါတယ်။ မဲခွဲမှုကနေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စောင့်ကြည့်သွားပြီးမှ  နောက်နှစ်ဖေ ဖော်ဝါရီလထဲကျရင် ရင်ဆိုင်သွားရမှာပါ။ နာပိုလီအတွက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ။ (၃)သင်းလုံး (၁၂)မှတ် စီနဲ့ ခက်ခဲလွန်းခဲ့တယ်။ တစ်သင်းကတော့ ကျန်ရစ်ခဲ့ပြီပေါ့”လို့ အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.