ေကာင္းတာလုပ္တုိင္း ေကာင္းက်ဳိးမခံစားရတာေတြဟာ ဘာေၾကာင့္လဲ ?

တခါက အရက္သမားတစ္ေယာက္ရွိတယ္။ အရက္သမားဆုိတဲ႔အတုိင္း သူ႔ရဲ႕မိတ္ေဆြဟာ အရက္ပါပဲ ၊ အရက္သမားဆုိေပမယ့္ သူ႔မွာအတတ္ပညာတစ္ခုရွိတယ္။ သူဟာခဲတစ္လုံးကုိ ေကာင္းကင္ေပၚမွာ ေပ်ာက္ကြယ္သြားတဲ႔အထိ အျမင့္ဆံုးေရာက္ေအာင္ပစ္ႏုိင္သတဲ့။

တစ္ေန႔မွာေတာ႔ အရက္မူးမူးနဲ႔ ေကာင္းကင္ထက္ကုိခဲတစ္လုံး ပစ္တင္လုိက္ျပီး လမ္းေလွ်ာက္လာရင္းက ဆြမ္းခံၾကြလာတဲ႔ ရဟန္းေတာ္တပါးနဲ႔ေတြ႕ေတာ့ အရက္သမား ကစဥ္းစားတယ္ “ သူမ်ားေတြမွာေတာ႔ သာသနာေဘာင္၀င္ျပီးရဟန္းျပဳလုိ႔..၊ ငါ႔မွာေတာ႔ အကုသုိလ္ေတြမ်ားလုိက္တာ ..ဒီအတုိင္းေနလုိ႔ကေတာ႔ မျဖစ္ေသးပါဘူး ကုသုိလ္ရေအာင္လုပ္အုံးမွပဲ “ဆုိျပီး ရဟန္းကုိ သုံးၾကိမ္ဦးခ် ကန္ေတာ႔လုိက္တယ္။

အဲဒီအခ်ိန္မွာ သူေစာေစာက ပစ္တင္လုိက္တဲ႔ ခဲဟာသူ႕ေခါင္းေပၚကုိ တည္႔တည္႔က်လာေတာ႔တယ္။ အရက္သမားက အရမ္းစိတ္ဆုိးသြားျပီး –

“ ၾကည္႔စမ္းပါဦး! ဒီေလာကၾကီးကရုိင္းလုိက္တာ ေျပာင္းျပန္ၾကီးပါလား.. မူးရစ္ယမ္းကားျပီး အကုသုိလ္ေတြ လုပ္ေနတုန္းကေတာ႔ ငါ႔ကုိ ဘယ္သူမွ မေစာ္ကားရဲဘူး၊ ဒီၤေလာက္နာက်င္တဲ႔ ေ၀ဒနာလည္းမခံစားရဖူးဘူး၊ အခု ကု သုိလ္ေကာင္းမႈလည္းလုပ္္ေရာ နာလုိက္တာ ထိပ္ပါေပါက္သြားတယ္။ ဒီေလာကၾကီးက ေျပာင္းျပန္ၾကီး၊ အကုသုိလ္လုပ္ရင္ ကုသုိလ္ျဖစ္တယ္။ ကုသုိလ္လုပ္ေတာ႔ အကုသုိလ္ျဖစ္တယ္” ဆုိျပီးေၾကြးေၾကာ္တယ္။

အဲဒီအခါ ရဟန္းေတာ္ကလဲ ခဏစဥ္းစားျပီး အခုလုိေျပာလုိက္တယ္။

“ ခဲလုံးဟာ အလြန္ျမင္႔တဲ႔ အရပ္ကက်လာတာေတြရတယ္ ဒကာ..။ ဒီနားတစ္၀ုိက္မွာ ခဲလုံးကုိ ေတာ္ေတာ္အျမင္႔ေရာက္ေအာင္ ဘယ္သူပစ္ႏုိင္သလဲ” လုိ႔ေမးလုိက္တဲ႔ အခါက်ေတာ႔ အရက္သမား က  “ ဒီနားတစ္၀ုိက္မွာေတာ႔ ခဲလုံးကုိျမင္႔ျမင္႔ပစ္ႏုိင္တာဆုိလုိ႔ တပည္ေတာ္တစ္ေယာက္တည္းပဲရွိပါတယ္ ဘုရား ” လုိ႔ျပန္ေလ်ွက္လုိက္တယ္။

ရဟန္းက “ ဒါဆုိရင္ က်လာတဲ႔ခဲလုံးဟာ ဘယ္သူ႔ခဲလုံးလဲ” လုိ႔ဆက္ေမးတယ္။

အရက္သမားက “ တပည္႔ေတာ္ပစ္တင္လုိက္္တဲ႔ခဲလုံးပါ ”လုိ႔၀န္ခံတယ္။

ဒီအခါ ရဟန္းကဆက္ျပီး “ အဲဒါပါပဲ ဒကာ၊ အရင္ကျပဳခဲ႔ဖူးတဲ႔ အကုသုိလ္ကံဟာ အခုအက်ဳိးေပးလုိက္တာပါပဲ..။ အခုျပဳေနတဲ႔ ကုသုိလ္ကံက အကုသုိလ္အက်ဳိးေပးတာမဟုတ္ဘူး..။

  “ ဒါေပမဲ႔ အကုသုိလ္ဟာ အကုသုိလ္ျပဳေနတဲ႔အခ်ိန္မွာ အက်ဳိးမေပးဘဲ ကုသုိလ္ျပဳတဲ႔အခ်ိန္က်မွ လာအက်ဳိးေပးတာကေတာ႔  ဒကာအတြက္ ကံဆုိးရုံတင္မကဘူး ဥာဏ္ပါဆုိးသြားေစတယ္။ အဲဒါ ကုသုိလ္ျပဳလုိ႔ အကုသုိလ္အက်ဳိးေပးတာမဟုတ္ဘူး။ အရင္က အကုသုိလ္ျပဳခဲ႔လုိ႔ အခုအကုသုိလ္အက်ဳိးပဲ လာေပးတာ။ လတ္တေလာျဖစ္စဥ္တစ္ခုကုိ ေသေသခ်ာခ်ာ မစဥ္းစား မေတြးေခၚတတ္ရင္ေတာ႔ကုသုိလ္ေကာင္းမွဳ လုပ္ပါရက္နဲ႔ မေကာင္းတဲ႔ရလာဘ္ေတြ အကုသုိလ္ေတြ ျဖစ္တယ္လုိ႔ အထင္လြဲမွားစရာရွိတယ္..။ ေလာကၾကီးဟာ ေျပာင္းျပန္မဟုတ္ဘူး အတည္႔အတုိင္းပါပဲ။ လူေတြရဲ႕အေတြးအျမင္ ေတြကသာ ေဖာက္ျပန္ေနၾကတာ’’ လို႔ေျပာဆို ဆံုးမျပီး ျပန္ၾကြသြားပါတယ္။

ဒီပံုျပင္ေလးကိုၾကည့္ျခင္းအားျဖင့္ လူ႔အသိုင္း၀ိုင္းမွာ ေကာင္းတာလုပ္ျပီး ေကာင္းက်ဳိးမရတဲ့အျပင္ ဒုကၡေတြခံစားေနရတာဟာ အရင္ကလုပ္ခဲ့တဲ့ အကုသိုလ္ကံေတြေၾကာင့္ အက်ဳိးခံစားေနရျပီး လက္႐ွိလုပ္ေနတဲ့ ေကာင္းမႈကုသိုလ္ရဲ႕အက်ဳိးကို ေလာေလာလတ္လတ္မခံစာရေသးတာပါ။

Image result for ကံအက်ိဳး

သက္႐ွိသတၱ၀ါမွန္သမွ် ကံနဲ႔မကင္းၾကပါဘူး။ ကံနဲ႔မကင္းသလို ပစၥပၸန္၊ အတိတ္ ၊ အနာဂတ္ဆိုတဲ့ အခ်ိန္ကာသံုးရပ္နဲ႔လည္း မကင္းႏုိင္ၾကဘူး။ တစ္ဦးတစ္ေယာက္ျပဳလုပ္တဲ့ ကံေတြမွာပဲ ေကာင္းတာ ၊ ဆိုးတာ ႏွစ္မ်ဳိးစလံုးဒြန္႔တဲြျပီးပါဝင္ေနေတာ့ ကံေတြအက်ဳိးေပးပံုကိုေဖာ္ျပဖို႔မလြယ္ကူပါဘူး။ တစ္ခ်ဳိ ႔ကံအက်ိဳးေပးပံုေတြဟာ တစ္ဘဝ၊ ႏွစ္ဘဝျခားျပီးမွ အက်ဳိးလာေပးတာေတြလည္း႐ွိပါတယ္။ ဆရာၾကီး ဦးညြန္႔ေမာင္ေရးတဲ့ “ကံႏွင့္ သတၱေလာက” အမရပူရ မဟာဂႏၶာရုံဆရာေတာ္ အရွင္ဇနကာဘိ၀ံသ ေရးတဲ႔ အေျချပဳပဌာန္း စာအုပ္နဲ႔ အေျချပဳပဌာန္း တရားမ်ားကို နာၾကားဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit: ဘ၀အလင္းေရာင္

(Unicode)

“ တခါက အရက်သမားတစ်ယောက်ရှိတယ်။ အရက်သမားဆိုတဲ့အတိုင်း သူ့ရဲ့မိတ်ဆွေဟာ အရက်ပါပဲ ၊ အရက်သမားဆိုပေမယ့် သူ့မှာအတတ်ပညာတစ်ခုရှိတယ်။ သူဟာခဲတစ်လုံးကို ကောင်းကင်ပေါ်မှာ ပျောက်ကွယ်သွားတဲ့အထိ အမြင့်ဆုံးရောက်အောင်ပစ်နိုင်သတဲ့။
တစ်နေ့မှာတော့ အရက်မူးမူးနဲ့ ကောင်းကင်ထက်ကိုခဲတစ်လုံး ပစ်တင်လိုက်ပြီး လမ်းလျှောက်လာရင်းက ဆွမ်းခံကြွလာတဲ့ ရဟန်းတော်တပါးနဲ့တွေ့တော့ အရက်သမား ကစဉ်းစားတယ် “ သူများတွေမှာတော့ သာသနာဘောင်ဝင်ပြီးရဟန်းပြုလို့..၊ ငါ့မှာတော့ အကုသိုလ်တွေများလိုက်တာ ..ဒီအတိုင်းနေလို့ကတော့ မဖြစ်သေးပါဘူး ကုသိုလ်ရအောင်လုပ်အုံးမှပဲ ဆိုပြီး ရဟန်းကို သုံးကြိမ်ဦးချ ကန်တော့လိုက်တယ်။
အဲဒီအချိန်မှာ သူစောစောက ပစ်တင်လိုက်တဲ့ ခဲဟာသူ့ခေါင်းပေါ်ကို တည့်တည့်ကျလာတော့တယ်။ အရက်သမားက အရမ်းစိတ်ဆိုးသွားပြီး –
“ ကြည့်စမ်းပါဦး! ဒီလောကကြီးကရိုင်းလိုက်တာ ပြောင်းပြန်ကြီးပါလား.. မူးရစ်ယမ်းကားပြီး အကုသိုလ်တွေ လုပ်နေတုန်းကတော့ ငါ့ကို ဘယ်သူမှ မစော်ကားရဲဘူး၊ ဒီင်္လောက်နာကျင်တဲ့ ဝေဒနာလည်းမခံစားရဖူးဘူး၊ အခု ကု သိုလ်ကောင်းမှုလည်းလုပ််ရော နာလိုက်တာ ထိပ်ပါပေါက်သွားတယ်။ ဒီလောကကြီးက ပြောင်းပြန်ကြီး၊ အကုသိုလ်လုပ်ရင် ကုသိုလ်ဖြစ်တယ်။ ကုသိုလ်လုပ်တော့ အကုသိုလ်ဖြစ်တယ်” ဆိုပြီးကြွေးကြော်တယ်။
အဲဒီအခါ ရဟန်းတော်ကလဲ ခဏစဉ်းစားပြီး အခုလိုပြောလိုက်တယ်။
“ ခဲလုံးဟာ အလွန်မြင့်တဲ့ အရပ်ကကျလာတာတွေရတယ် ဒကာ..။ ဒီနားတစ်ဝိုက်မှာ ခဲလုံးကို တော်တော်အမြင့်ရောက်အောင် ဘယ်သူပစ်နိုင်သလဲ” လို့မေးလိုက်တဲ့ အခါကျတော့ အရက်သမား က “ ဒီနားတစ်ဝိုက်မှာတော့ ခဲလုံးကိုမြင့်မြင့်ပစ်နိုင်တာဆိုလို့ တပည်တော်တစ်ယောက်တည်းပဲရှိပါတယ် ဘုရား ” လို့ပြန်လျှေက်လိုက်တယ်။
ရဟန်းက “ ဒါဆိုရင် ကျလာတဲ့ခဲလုံးဟာ ဘယ်သူ့ခဲလုံးလဲ” လို့ဆက်မေးတယ်။
အရက်သမားက “ တပည့်တော်ပစ်တင်လိုက််တဲ့ခဲလုံးပါ ”လို့ဝန်ခံတယ်။
ဒီအခါ ရဟန်းကဆက်ပြီး “ အေး..အဲဒါပါပဲ ဒကာ၊ အရင်ကပြုခဲ့ဖူးတဲ့ အကုသိုလ်ကံဟာ အခုအကျိုးပေးလိုက်တာပါပဲ..။ အခုပြုနေတဲ့ ကုသိုလ်ကံက အကုသိုလ်အကျိုးပေးတာမဟုတ်ဘူး..။
“ ဒါပေမဲ့ အကုသိုလ်ဟာ အကုသိုလ်ပြုနေတဲ့အချိန်မှာ အကျိုးမပေးဘဲ ကုသိုလ်ပြုတဲ့အချိန်ကျမှ လာအကျိုးပေးတာကတော့ ဒကာအတွက် ကံဆိုးရုံတင်မကဘူး ဉာဏ်ပါဆိုးသွားစေတယ်။ အဲဒါ ကုသိုလ်ပြုလို့ အကုသိုလ်အကျိုးပေးတာမဟုတ်ဘူး။ အရင်က အကုသိုလ်ပြုခဲ့လို့ အခုအကုသိုလ်အကျိုးပဲ လာပေးတာ။ လတ်တလောဖြစ်စဉ်တစ်ခုကို သေသေချာချာ မစဉ်းစား မတွေးခေါ်တတ်ရင်တော့ကုသိုလ်ကောင်းမှု လုပ်ပါရက်နဲ့ မကောင်းတဲ့ရလာဘ်တွေ အကုသိုလ်တွေ ဖြစ်တယ်လို့ အထင်လွဲမှားစရာရှိတယ်..။ လောကကြီးဟာ ပြောင်းပြန်မဟုတ်ဘူး အတည့်အတိုင်းပါပဲ။ လူတွေရဲ့အတွေးအမြင် တွေကသာ ဖောက်ပြန်နေကြတာ’’ လို့ပြောဆို ဆုံးမပြီး ပြန်ကြွသွားပါတယ်။
ဒီပုံပြင်လေးကိုကြည့်ခြင်းအားဖြင့် လူ့အသိုင်းဝိုင်းမှာ ကောင်းတာလုပ်ပြီး ကောင်းကျိုးမရတဲ့အပြင် ဒုက္ခတွေခံစားနေရတာဟာ အရင်ကလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေကြောင့် အကျိုးခံစားနေရပြီး လက်ရှိလုပ်နေတဲ့ ကောင်းမှုကုသိုလ်ရဲ့အကျိုးကို လောလောလတ်လတ်မခံစာရသေးတာပါ။
သက်ရှိသတ္တဝါမှန်သမျှ ကံနဲ့မကင်းကြပါဘူး။ ကံနဲ့မကင်းသလို ပစ္စပ္ပန်၊ အတိတ် ၊ အနာဂတ်ဆိုတဲ့ အချိန်ကာသုံးရပ်နဲ့လည်း မကင်းနိုင်ကြဘူး။ တစ်ဦးတစ်ယောက်ပြုလုပ်တဲ့ ကံတွေမှာပဲ ကောင်းတာ ၊ ဆိုးတာ နှစ်မျိုးစလုံးဒွန့်တွဲပြီးပါဝင်နေတော့ ကံတွေအကျိုးပေးပုံကိုဖော်ပြဖို့မလွယ်ကူပါဘူး။ တစ်ချို ့ကံအကျိုးပေးပုံတွေဟာ တစ်ဘဝ၊ နှစ်ဘဝခြားပြီးမှ အကျိုးလာပေးတာတွေလည်းရှိပါတယ်။ ဆရာကြီး ဦးညွန့်မောင်ရေးတဲ့ “ကံနှင့် သတ္တလောက” အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ အခြေပြုပဌာန်း စာအုပ်နဲ့ အခြေပြုပဌာန်း တရားများကို နာကြားဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit: ဘဝအလင်းရောင်

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.