ကုိရီးယားဇာတ္လမ္းတြဲဆန္းဆန္းေလးၾကည့္ခ်င္တယ္ဆိုရင္ ဒါေလးကိုၾကည့္ျဖစ္ေအာင္ၾကည့္ေနာ္

ကုိရီးယားရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားတဲ႔ဇာတ္ကားေကာင္း ေလးတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ Detective K: Secret of the Bloodsucking Demon ဆိုတဲ႔ဇာတ္ကားေလးပါ။ဒီကားေလးကုိ ဒါရုိက္တာ Kim Sok-yun ရိုက္ကူးထားတာျဖစ္ျပီး ပရိသတ္ေတြခ်စ္ၾကတဲ႔မင္းသားေလး Kim Bum ၊ Lee Min Ki ၊ Oh Dal su ၊ Kim Myung Min နဲ႔ ခ်စ္စရာမင္းသမီးေလး Kim Ji Won တို႔က
ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

ထူးျခားတာက ပံုမွန္ၾကည့္ေနက် အခ်စ္ဇာတ္လမ္းမ်ိဳးမဟုတ္ပဲ ဒီဇာတ္ကားဟာ လူသတ္မႈေတြနဲ႔ပတ္သက္ျပီး လုိက္လံစံုစမ္းရာကေနဒရာမာဘက္ကုိႏြယ္သြားတဲ႔ဇာတ္လမ္း မ်ိဳးျဖစ္ပါတယ္။ဇာတ္လမ္းအက်ဥ္းကေတာ့လူေသအေလာင္းတစ္ခုကုိ တူးေဖာ္မိရင္း ေသြးတိုက္လိုက္တဲ႔အခါလွပတဲ႔မိန္းမပ်ိဳေလးအျဖစ္ရွင္သန္လာတဲ႔မင္းသမီးေခ်ာ၊နန္းတြင္းဂ်ိဳဆြန္းေခတ္မွာ ေသြးစုပ္ဖုတ္ေကာင္တကယ္ရွိမရွိသံသယျဖစ္ေနတဲ႔ စံုစမ္းေရးအမတ္မင္းသား၊ လူသတ္မႈေတြဆက္တိုက္ဆုိသလိုျဖစ္ပြားေနတဲ႔ကြ်န္းတစ္ကြ်န္း၊အဲ႔ဒီေနရာမွာျဖစ္ပြားေနတဲ႔ကြင္းဆက္လူသတ္မႈေတြနဲ႔ပတ္သက္ျပီးစံုစမ္းဖုိ႔အေၾကာင္းဖန္လာတဲ႔စံုစမ္းေရးအမတ္နဲ႔လက္ေထာက္၊လူသတ္မႈေတြဆက္တိုက္ျဖစ္ေနတဲ႔ေနရာကလည္းမိန္းမေခ်ာေလးအျဖစ္အသြင္ေျပာင္းေနတဲ႔မင္းသမီးရွိတဲ႔ေနရာပါ။

စံုစမ္းေရးအမတ္က လူသတ္မႈေတြနဲ႔ပတ္သက္ျပီး ကြ်န္းေပၚမွာလိုက္လံစံုစမ္းရင္း ဘယ္လိုထူးဆန္းတာေတြ၊ဘယ္လိုတိုက္ဆိုင္တာေတြၾကဳံရျပီး ဇာတ္လမ္းစကတည္းက ေသဆံုးေနတဲ႔မင္းသမီးတို႔ ဘယ္လိုဇာတ္လမ္းဆက္ၾကမလဲဆုိတာ စိတ္၀င္စားစရာပါပဲ။ဒါ့အျပင္ မင္းသမီးေသဆံုးရတာက အသတ္ခံရတာလား၊မေကာင္းဆုိး၀ါးသတ္လုိ႔ေသရတာလားဆိုတဲ႔ ေနာက္ေၾကာင္းရာဇ၀င္ကလည္း ဘယ္ေလာက္ထိသည္းထိတ္ရင္ဖိုစရာေကာင္းမလဲဆုိတာ
စဥ္းစားသာၾကည့္ေပေတာ့ ပရိသတ္ၾကီး။

ပရိသတ္ေတြအတြက္ trailer ေလးၾကည့္လုိ႔ရေအာင္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

ကိုရီးယားရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားတဲ့ဇာတ်ကားကောင်းေလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Detective K: Secret of the Bloodsucking Demon ဆိုတဲ့ဇာတ်ကားလေးပါ။ဒီကားလေးကို ဒါရိုက်တာ Kim Sok-yun ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေချစ်ကြတဲ့မင်းသားလေး Kim Bum ၊ Lee Min Ki ၊ Oh Dal su ၊ Kim Myung Min နဲ့ ချစ်စရာမင်းသမီးလေး Kim Ji Won တို့က
ပါဝင်သရုပ်ဆောင်ထားပါတယ်။

ထူးခြားတာက ပုံမှန်ကြည့်နေကျ အချစ်ဇာတ်လမ်းမျိုးမဟုတ်ပဲ ဒီဇာတ်ကားဟာ လူသတ်မှုတွေနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းရာကနေဒရာမာဘက်ကိုနွယ်သွားတဲ့ဇာတ်လမ်း မျိုးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လူသေအလောင်းတစ်ခုကို တူးဖော်မိရင်း သွေးတိုက်လိုက်တဲ့အခါလှပတဲ့မိန်းမပျိုလေးအဖြစ်ရှင်သန်လာတဲ့မင်းသမီးချော၊နန်းတွင်းဂျိုဆွန်းခေတ်မှာ သွေးစုပ်ဖုတ်ကောင်တကယ်ရှိမရှိသံသယဖြစ်နေတဲ့ စုံစမ်းရေးအမတ်မင်းသား၊ လူသတ်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားနေတဲ့ကျွန်းတစ်ကျွန်း၊အဲ့ဒီနေရာမှာဖြစ်ပွားနေတဲ့ကွင်းဆက်လူသတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းဖို့အကြောင်းဖန်လာတဲ့စုံစမ်းရေးအမတ်နဲ့လက်ထောက်၊လူသတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့နေရာကလည်းမိန်းမချောလေးအဖြစ်အသွင်ပြောင်းနေတဲ့မင်းသမီးရှိတဲ့နေရာပါ။

စုံစမ်းရေးအမတ်က လူသတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်းပေါ်မှာလိုက်လံစုံစမ်းရင်း ဘယ်လိုထူးဆန်းတာတွေ၊ဘယ်လိုတိုက်ဆိုင်တာတွေကြုံရပြီး ဇာတ်လမ်းစကတည်းက သေဆုံးနေတဲ့မင်းသမီးတို့ ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ဒါ့အပြင် မင်းသမီးသေဆုံးရတာက အသတ်ခံရတာလား၊မကောင်းဆိုးဝါးသတ်လို့သေရတာလားဆိုတဲ့ နောက်ကြောင်းရာဇဝင်ကလည်း ဘယ်လောက်ထိသည်းထိတ်ရင်ဖိုစရာကောင်းမလဲဆိုတာ
စဉ်းစားသာကြည့်ပေတော့ ပရိသတ်ကြီး။

ပရိသတ်တွေအတွက် trailer လေးကြည့်လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

 

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.