က်န္းမာလွပတဲ႔ေျခသည္းလက္သည္းေလးေတြပုိင္ဆုိင္ဖို႔ သိထားရမယ့္အခ်က္မ်ား

ေျခသည္းလက္သည္းေလးေတြလွပက်န္းမာေနတာကလည္း က်န္းမာေရးအတြက္ အေထာက္အကူ ျပဳပါတယ္။ လက္သည္းေလးေတြသန္႔ရွင္းေနမွအစာစားတဲ႔အခါ လက္သည္းကအညစ္အေၾကးေတြ ဗိုက္ထဲကုိမေရာက္မွာပါ။ မိန္းကေလးတစ္ေယာက္ အတြက္လည္း တစ္ကုိယ္ေရသန္႔ရွင္းေရးတစ္ခုျဖစ္တဲ႔လက္သည္းက်န္းမာလွပေရးက အေရးၾကီးပါတယ္။လူေလးက လွပါရဲ႔။လက္သည္း၊ေျခသည္းကုိ ၾကည့္လိုက္ေတာ့ မလွမပနဲ႔ညစ္ပတ္ေနရင္အဆင္မေျပပါဘူးေနာ္။အဲ႔ဒါေၾကာင့္ ေျခသည္းလက္သည္းေလးေတြ ျဖဴစင္က်န္းမာလွပေစမယ့္ အခ်က္ေလးေတြကုိ မ်ွေ၀ေပးလိုက္ပါတယ္။

၁)ေျခသည္းလက္သည္းေတြကုိသန္႔ရွင္းေအာင္နဲ႔ေျခာက္ေသြ႔ေအာင္ထားပါ။
ေျခသည္းလက္သည္းၾကားထဲမွာအညစ္အေၾကးေတြမရွိေအာင္သန္႔ရွင္းပါ။သန္႔စင္ေဆးေၾကာျပီးရင္လည္း ေရေတြေျခာက္ေအာင္ေသခ်ာသုတ္ပါ။ျပီးရင္ေျခာက္သြားမယ္ဆုိျပီး မသုတ္ပဲမေနပါနဲ႔။ ေရစက္လက္ထားထားတာကလက္မွာရွိတဲ႔အစုိဓာတ္ေတြကုိပုိျပီးေျခာက္ေသြ႔ေစပါတယ္။

၂)တစ္ပတ္ကုိတစ္ခါလက္သည္းေခ်းခြ်တ္ေပးပါ
တစ္ပတ္ကုိတစ္ခါသံပုရာသီးေလးနဲ႔လက္သည္း၊ေျခသည္းကုိတိုက္ခြ်တ္ေပးပါ။လက္သည္းေလးေတြျဖဴ၀င္းလာသလို သန္႔ရွင္းေစပါတယ္။သံပုရာသီးလိုပဲ သြားတိုက္ေဆးအနည္းငယ္နဲ႔ တိုက္ခြ်တ္ေပးရင္လည္းလက္သည္းကိုျဖဴ၀င္းေစပါတယ္။

၃)လက္သည္းေျခသည္းအားျဖည့္ေပးပါ
ခႏၶာကိုယ္အတြက္လည္းအားျဖည့္ေပးရသလို ေျခသည္းလက္သည္းကုိလည္းခ်န္ထားလို႔မရပါဘူး။ လက္သည္းအတြက္လည္းအားျဖည့္ေပးရပါမယ္။ဘယ္လိုအားျဖည့္ရမလဲဆိုရင္  ညအိပ္ရာ၀င္ခါနီးတိုင္း Vaseline ေလးပါးပါးလိမ္းေပးတာျဖစ္ေစ၊ သံလြင္ဆီ၊အုန္းဆီစတဲ႔ အဆီတစ္မ်ိဳးမ်ိဳးလိမ္းေပးထားပါ။လက္သည္းေတြအလြယ္တကူမက်ိဳးပဲ႔ေစပါဘူး။ အုန္းဆီ၊သံလြင္ဆီကလက္သည္းေတြကုိခိုင္မာေစျပီးလက္သည္းက်န္းမာေရးအတြက္ေကာင္းမြန္ေစပါတယ္။အသီးအရြက္နဲ႔ပရိုတင္းမ်ားမ်ားပါတဲ႔အစားအစာေတြစားေပးတာကလည္းလက္သည္းအတြက္ေကာင္းမြန္ေစပါတယ္။ေရမ်ားမ်ားေသာက္ေပးဖုိ႔လည္းမေမ့ပါနဲ႔။

၄) ႏွစ္ပတ္တစ္ခါ ေျခသည္းလက္သည္းညွပ္ေပးပါ
ေျခသည္းလက္သည္းက်န္းမာေရးထက္ လက္သည္းအလွအပက ပုိျပီးအေရးၾကီးပါဦးမလား။ လက္သည္း အရွည္ၾကီးထားရင္သူမ်ားကုိလည္းထိခိုက္မိေစသလုိ ကုိယ့္ကုိယ္ကုိယ္ျပန္ကုတ္ ဖဲ႔မိရင္လည္း အနာတရျဖစ္ေစပါတယ္။ႏွစ္ပတ္ေလာက္ဆုိရင္ကုိ လက္သည္းကေတာ္ေတာ္ ရွည္ေနပါျပီ။လက္သည္းရွည္ေနရင္အညစ္အေၾကးေတြ၊ဘတ္တီးရီးယားေတြအတြက္လည္း အၾကိဳက္ပါပဲ။အဲ႔ဒါေၾကာင့္ႏွစ္ပတ္ကိုတစ္ခါေလာက္ လက္သည္းပံုမွန္ညွပ္ေပးပါ။ ေျခသည္းေတြလည္းရွည္ေနရင္ ၾကည့္လုိ႔မလွပါဘူး။အဲ႔ဒါေၾကာင့္ပုံမွန္ေလးညွပ္ေပးပါ။

၅)ေျခသည္းလက္သည္းကုိအနားေပးပါ
ေျခသည္းလက္သည္းကုိအနားေပးပါဆုိတာက ေျခသည္းနီ လက္သည္းနီပံုမွန္ ဆုိးေနက်လူအတြက္္ပါ။ လက္သည္းနီတစ္ေရာင္ဖ်က္ျပီးတိုင္း ေနာက္ထပ္တစ္ေရာင္ထပ္ဆုိးဖုိ႔
မလုပ္ပါနဲ႔ဦး။လက္သည္းနီေတြ အျမဲတမ္းဆုိးထားရင္ ၾကာလာတဲ႔အခါ လက္သည္းေတြ၀ါလာ တတ္ပါတယ္။အဲ႔ဒါေၾကာင့္ လက္သည္းနီတစ္ေရာင္ဆုိးျပီးဖ်က္ျပီးတိုင္း ခဏအနားေပးျပီး အားျဖည့္ဆီတစ္မ်ိဳးမ်ိဳးလိမ္းေပးထားပါ။ လက္သည္းေတြခဏခဏက်ိဳးပဲ႔လြယ္တယ္ဆိုတာ လက္သည္းက်န္းမာေရးမေကာင္းလို႔ပါ။ေသခ်ာသတိထားသင့္ပါတယ္။

၆)လက္သည္းနီအတြက္ေစ်းႏႈန္းသင့္တင့္ေကာင္းမြန္တဲ႔လက္သည္းနီကုိေရြးပါ လက္သည္းနီဆုိးတဲ႔အခါမွာလည္း လွပက်န္းမာတဲ႔လက္သည္းေလးေတြျဖစ္ဖုိ႔ ေစ်းေပါေစ်းသက္သာတဲ႔လက္သည္းနီမ်ိဳးမေရြးသင့္ပါဘူး။အေရာင္လွေပမဲ႔
ေစ်းေပါသက္သာတဲ႔လက္သည္းနီေတြဟာ လက္သည္းအတြက္မေကာင္းေစသလို ခဏေလးနဲ႔ပ်က္တတ္တဲ႔အတြက္သင့္အတြက္စိတ္ေက်နပ္မႈလည္းရေစမွာ
မဟုတ္ပါဘူး။အ႔ဲဒါေၾကာင့္ လက္သည္းကုိမထိခိုက္ေစမယ့္ လက္သည္းနီ ၊လက္သည္းဖ်က္ေဆးမ်ိဳးကုိေရြးခ်ယ္သင့္ပါတယ္။

Unicode

ခြေသည်းလက်သည်းလေးတွေလှပကျန်းမာနေတာကလည်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ လက်သည်းလေးတွေသန့်ရှင်းနေမှအစာစားတဲ့အခါ လက်သည်းကအညစ်အကြေးတွေ ဗိုက်ထဲကိုမရောက်မှာပါ။ မိန်းကလေးတစ်ယောက် အတွက်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးတစ်ခုဖြစ်တဲ့လက်သည်းကျန်းမာလှပရေးက အရေးကြီးပါတယ်။လူလေးက လှပါရဲ့။လက်သည်း၊ခြေသည်းကို ကြည့်လိုက်တော့ မလှမပနဲ့ညစ်ပတ်နေရင်အဆင်မပြေပါဘူးနော်။အဲ့ဒါကြောင့် ခြေသည်းလက်သည်းလေးတွေ ဖြူစင်ကျန်းမာလှပစေမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁)ခြေသည်းလက်သည်းတွေကိုသန့်ရှင်းအောင်နဲ့ခြောက်သွေ့အောင်ထားပါ။
ခြေသည်းလက်သည်းကြားထဲမှာအညစ်အကြေးတွေမရှိအောင်သန့်ရှင်းပါ။သန့်စင်ဆေးကြောပြီးရင်လည်း ရေတွေခြောက်အောင်သေချာသုတ်ပါ။ပြီးရင်ခြောက်သွားမယ်ဆိုပြီး မသုတ်ပဲမနေပါနဲ့။ ရေစက်လက်ထားထားတာကလက်မှာရှိတဲ့အစိုဓာတ်တွေကိုပိုပြီးခြောက်သွေ့စေပါတယ်။

၂)တစ်ပတ်ကိုတစ်ခါလက်သည်းချေးချွတ်ပေးပါ
တစ်ပတ်ကိုတစ်ခါသံပုရာသီးလေးနဲ့လက်သည်း၊ခြေသည်းကိုတိုက်ချွတ်ပေးပါ။လက်သည်းလေးတွေဖြူဝင်းလာသလို သန့်ရှင်းစေပါတယ်။သံပုရာသီးလိုပဲ သွားတိုက်ဆေးအနည်းငယ်နဲ့ တိုက်ချွတ်ပေးရင်လည်းလက်သည်းကိုဖြူဝင်းစေပါတယ်။

၃)လက်သည်းခြေသည်းအားဖြည့်ပေးပါ
ခန္ဓာကိုယ်အတွက်လည်းအားဖြည့်ပေးရသလို ခြေသည်းလက်သည်းကိုလည်းချန်ထားလို့မရပါဘူး။ လက်သည်းအတွက်လည်းအားဖြည့်ပေးရပါမယ်။ဘယ်လိုအားဖြည့်ရမလဲဆိုရင် ညအိပ်ရာဝင်ခါနီးတိုင်း Vaseline လေးပါးပါးလိမ်းပေးတာဖြစ်စေ၊ သံလွင်ဆီ၊အုန်းဆီစတဲ့ အဆီတစ်မျိုးမျိုးလိမ်းပေးထားပါ။လက်သည်းတွေအလွယ်တကူမကျိုးပဲ့စေပါဘူး။ အုန်းဆီ၊သံလွင်ဆီကလက်သည်းတွေကိုခိုင်မာစေပြီးလက်သည်းကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။အသီးအရွက်နဲ့ပရိုတင်းများများပါတဲ့အစားအစာတွေစားပေးတာကလည်းလက်သည်းအတွက်ကောင်းမွန်စေပါတယ်။ရေများများသောက်ပေးဖို့လည်းမမေ့ပါနဲ့။

၄) နှစ်ပတ်တစ်ခါ ခြေသည်းလက်သည်းညှပ်ပေးပါ
ခြေသည်းလက်သည်းကျန်းမာရေးထက် လက်သည်းအလှအပက ပိုပြီးအရေးကြီးပါဦးမလား။ လက်သည်း အရှည်ကြီးထားရင်သူများကိုလည်းထိခိုက်မိစေသလို ကိုယ့်ကိုယ်ကိုယ်ပြန်ကုတ် ဖဲ့မိရင်လည်း အနာတရဖြစ်စေပါတယ်။နှစ်ပတ်လောက်ဆိုရင်ကို လက်သည်းကတော်တော် ရှည်နေပါပြီ။လက်သည်းရှည်နေရင်အညစ်အကြေးတွေ၊ဘတ်တီးရီးယားတွေအတွက်လည်း အကြိုက်ပါပဲ။အဲ့ဒါကြောင့်နှစ်ပတ်ကိုတစ်ခါလောက် လက်သည်းပုံမှန်ညှပ်ပေးပါ။ ခြေသည်းတွေလည်းရှည်နေရင် ကြည့်လို့မလှပါဘူး။အဲ့ဒါကြောင့်ပုံမှန်လေးညှပ်ပေးပါ။

၅)ခြေသည်းလက်သည်းကိုအနားပေးပါ
ခြေသည်းလက်သည်းကိုအနားပေးပါဆိုတာက ခြေသည်းနီ လက်သည်းနီပုံမှန် ဆိုးနေကျလူအတွက််ပါ။ လက်သည်းနီတစ်ရောင်ဖျက်ပြီးတိုင်း နောက်ထပ်တစ်ရောင်ထပ်ဆိုးဖို့
မလုပ်ပါနဲ့ဦး။လက်သည်းနီတွေ အမြဲတမ်းဆိုးထားရင် ကြာလာတဲ့အခါ လက်သည်းတွေဝါလာ တတ်ပါတယ်။အဲ့ဒါကြောင့် လက်သည်းနီတစ်ရောင်ဆိုးပြီးဖျက်ပြီးတိုင်း ခဏအနားပေးပြီး အားဖြည့်ဆီတစ်မျိုးမျိုးလိမ်းပေးထားပါ။ လက်သည်းတွေခဏခဏကျိုးပဲ့လွယ်တယ်ဆိုတာ လက်သည်းကျန်းမာရေးမကောင်းလို့ပါ။သေချာသတိထားသင့်ပါတယ်။

၆)လက်သည်းနီအတွက်စျေးနှုန်းသင့်တင့်ကောင်းမွန်တဲ့လက်သည်းနီကိုရွေးပါ လက်သည်းနီဆိုးတဲ့အခါမှာလည်း လှပကျန်းမာတဲ့လက်သည်းလေးတွေဖြစ်ဖို့ စျေးပေါစျေးသက်သာတဲ့လက်သည်းနီမျိုးမရွေးသင့်ပါဘူး။အရောင်လှပေမဲ့
စျေးပေါသက်သာတဲ့လက်သည်းနီတွေဟာ လက်သည်းအတွက်မကောင်းစေသလို ခဏလေးနဲ့ပျက်တတ်တဲ့အတွက်သင့်အတွက်စိတ်ကျေနပ်မှုလည်းရစေမှာ
မဟုတ်ပါဘူး။အဲ့ဒါကြောင့် လက်သည်းကိုမထိခိုက်စေမယ့် လက်သည်းနီ ၊လက်သည်းဖျက်ဆေးမျိုးကိုရွေးချယ်သင့်ပါတယ်။

137 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.