Kim Yoo Jung နဲ့အမြဲနှိုင်းယှဉ်ခံနေရတာ စိတ်သက်တောင့်သက်သာမဖြစ်ဘူးလို့ ပြောပြခဲ့တဲ့ Kim So Hyun
Unicode
လူငယ်ပရိသတ်တွေကြားမှာ တဖြည်းဖြည်းရေပန်းစားလာပြီဖြစ်တဲ့ အနုပညာရှင်မင်းသမီး လေးနှစ်ယောက် ကတော့ Kim Yoo Jung နဲ့ Kim So Hyunတို့ပါ။ကလေးသရုပ်ဆောင် အဖြစ်ကနေ အခုတော့အရွယ်ရောက်လာပြီးခေါင်းဆောင်မင်းသမီးတွေအဖြစ် သရုပ်ဆောင်နေကြပါပြီ။နှစ်ယောက်လုံးက အသက် ၁၈နှစ်အရွယ်ဖြစ်ကြတဲ့အပြင် အနုပညာလောကထဲကို အတူတူဝင်ရောက်လာသလိုဖြစ်တာကြောင့် ပရိသတ်တွေရဲ ့မျက်လုံးထဲမှာ မကြာခဏဆိုသလို နှိုင်းယှဉ်ပြောဆိုဝေဖန်ကြတာမျိုးရှိကြတယ်ထင်ပါတယ်။
မကြာသေးခင်က Sports Today တီဗီအစီအစဉ်က အင်တာဗျူးတစ်ခုမှာ Kim So Hyun က Kim Yoo Jung နဲ့ နှိုင်းယှဉ်ခံရတာနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြခဲ့ပါတယ်။
“ရိုးရိုးသားသားဝန်ခံရရင် ငယ်ရွယ်စဉ်တုန်းက Kim Yoo Jung နဲ့နှိုင်းယှဉ်ခံရတာ စိတ်သက်တောင့်သက်သာမဖြစ်သလိုခံစားခဲ့ရပါတယ်။မကြာခဏဆိုသလိုပဲ
သူနဲ့နှိုင်းယှဉ်ခံရပါတယ်။အဲ့ဒါကြောင့် ကျွန်မတို့က အသက်တူတာကြောင့်လား ရုပ်ချင်းဆင်တာကြောင့်လား ဆိုပြီး အံ့သြခဲ့ရပါသေးတယ်။အခုချိန်ထိတိုင်အောင်
လည်း Yoo Jung နဲ့ကျွန်မကို နှိုင်းယှဉ်ဝေဖန်နေတုန်းပါပဲ။ဒါပေမဲ့ အခုတော့ ဘာပဲဖြစ်ဖြစ်စိတ်ထဲသိပ်မထားပဲကျော်သွားလိုက်ပါတယ်။အများကြီးမတွေးတော့ပါ
ဘူး။ဒီလိုနှိုင်းယှဉ်တာက စိတ်ကိုသက်တော့င်သက်သာမဖြစ်စေသလို ကျွန်မအတွက် အနှောင့်အယှက်လည်းမဖြစ်စေပါဘူး။ကျွန်မတို့ ခဏခဏမတွေ့ကြပေမဲ့
တစ်ယောက်အခြေအနေတစ်ယောက် အမြဲမေးမြန်းလေ့ရှိပါတယ်။လူတွေက ကျွန်မတို့ကို ပြိုင်ဖက်တွေလို့ပြောကြပါတယ်။ဒါပေမဲ့ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေပါ။
ငယ်တုန်းကလည်း နှစ်ယောက်လုံးအတူတူ ရုပ်ရှင်အတွက်ကြိုးစားခဲ့ကြပါတယ်။အဲ့ဒါကြောင့်သူမရဲ ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးကြားရတဲ့သတင်းတွေက ကျွန်မကိုနာကျင်စေပါတယ်။ သူမရဲ ့ကျန်းမာရေးကို ကျွန်မအရမ်းစိုးရိမ်ပါတယ်။သူမအမြဲဆုံးကျန်းမာလာဖို့ကိုဆုတောင်းပေးပြီး သူမကို အားပေးနှစ်သိမ့်သွားမှာပါ”လို့ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ကိုယ်ခံအားနည်းတာကြောင့် Kim Yoo Jung ကို ဆေးရုံအရေးပေါ်ပို့ခဲ့ရပြီး အခုလောလောဆယ်မှာအနားယူနေတယ်လို့သိရပါတယ်။မင်းသမီး Kim So Hyun ကတော့ ဒီနှစ်အစပိုင်းမှာ Radio Romance ဆိုတဲ့ဇာတ်လမ်းတွဲကို မင်းသား Yoon Doo-joon နဲ့တွဲဖက်သရုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မင်းသမီးချောနှစ်ယောက်လုံး ခေါင်းဆောင်မင်းသမီးတွေအဖြစ်ပါဝင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတိုင်းက ကိုရီးယားပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေ၊ဇာတ်လမ်းတွဲတွေချည်းပါပဲ။
မင်းသမီးချောနှစ်ယောက်လုံးရဲ ့ချစ်စရာပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.