မိတ္ကပ္သားညက္ညက္ေလးနဲ႕မ်က္နွာေလးကိုပိုင္ဆုိင္ေစဖို႕

မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ မိတ္ကပ္လိမ္းတဲ႔အခါ အသားေပၚမွာညက္ညက္ေလးနဲ႕တင္းတင္းေလးျဖစ္တာမ်ိဳးသေဘာက်တတ္ျကပါတယ္။မိတ္ကပ္သားထူပိန္းတာမ်ိဳးကြက္တာမ်ိဳး မညီတာမ်ိဳးကို မလိုလားျကပါဘူး။ ဆိုေတာ႔မိတ္ကပ္ေလးလိမ္းတိုင္းညီညီညက္ညက္ေလးနဲ႕သဘာ၀အတိုင္းမ်က္နွာေလးပိုင္ဆုိင္ေစဖို႕…
(၁) မ်က္နွာသစ္ျပီး အစိုဓာတ္တစ္ခုခုခံလိမ္းပါ။
မိတ္ကပ္စလိမ္းေတာ႔မယ္လို႕ဆံုးျဖတ္လိုက္တာနဲ႕မ်က္နွာကိုအရင္သန္႕စင္ေအာင္သစ္ေပးဖို႕လိုပါတယ္။ မ်က္နွာကိုသန္႔စင္ေအာင္သစ္ျပီးခ်ိန္မွာအစိုဓာတ္ပါတဲ႔Cream လိုဟာမ်ိဳးကို မိတ္ကပ္မလိမ္းခင္ဦးစြာလိမ္းေပးသင္႔ပါတယ္။ ခ်က္ခ်င္းျကီးမိတ္ကပ္တစ္ဆင္႔ထဲေျပာင္းလိမ္းလိုက္တာမ်ိဳး
မဟုတ္ပဲ ေအာက္ခံအစိုဓာတ္ပါတဲ႔Cream တစ္ခုကိုဦးစြာပထမလိမ္းေပးသင္႔႔ပါတယ္။
(၂) မွန္ကန္တဲ႔အလွျပင္ပစၥည္းကိရိယာေတြခ်ယ္သပါ
မ်က္နွာကိုလိမ္းျခယ္တဲ႔ေနရာမွာသံုးတဲ႔ပစၥည္းေတြကို ေတြကိုေတြ႕ကရာသံုးစြဲတာမ်ိဳးမဟုတ္ပဲ သူ႕ေနရာနဲ႕သူ သူ႕ပစၥည္းနဲ႕သူ မွန္မွန္ကန္ကန္သံုးစြဲေပးဖို႕လိုပါတယ္။ ဒါမွသာမိတ္ကပ္လိမ္းထားတဲ႔မ်က္နွာဟာ သူ႕ေနရာနဲ႔သူမညီမညာမျဖစ္ပဲျကည္႔ေကာင္းေနမွာပါ။
(၃) ေပါင္တာမႈန္႕ေတြအမ်ားျကီးမလိမ္းပါနဲ႕
တစ္ခ်ိဳ႕မိန္းကေလးေတြဟာ ေပါင္ဒါမႈန္႕ေတြကိုျဖဴေအာင္ဆိုျပီး အမ်ားျကီးထပ္ရုိက္ေလ႕ရွိပါတယ္။ တကယ္႔အမွန္ကေအာက္ကမိတ္ကပ္သားကိုညက္ေနတင္းေနေအာင္လိမ္းျခယ္ျပီးမွအေပၚကေန ေပါင္ဒါရိုက္ခ်င္သပဆိုလည္းနည္းနည္းေလးသိပ္ရံုေလာက္ေလးလိမ္းသင္႔ပါတယ္။ ေပါင္
ဒါမႈန္႕ေတြ အမ်ားျကီးလိမ္းမိတဲ႔အခါ မ်က္နွာက မိတ္ကပ္သားမညက္ပဲပြစိစိျကီးနဲ႕မညီမညာျဖစ္ေနတတ္ပါတယ္။
(၄) Creamလို မိတ္ကပ္မ်ိဳးကိုလိမ္းေပးပါ
အသားေပၚမွာညက္ညက္ေလးျဖစ္ေစဖို႕ မိတ္ကပ္ကိုေရြးခ်ယ္၀ယ္ယူတဲ႔အခါမွာ Cream လိုမိတ္ကပ္မ်ိဳးကိုသာ၀ယ္ယူပါ။ အရမ္းဆြဲရတဲ႔ မိတ္ကပ္မ်ိဳးကိုမသံုးပဲ မ်က္နွာေပၚတင္ျပီးသာသာေလးလိမ္းလို႕ရတဲ႔ Cream လိုမိတ္ကပ္မ်ိဳးကို၀ယ္သံုးပါ။ လိမ္းလုိက္တာနဲ႕ထူးပိန္းျပီးဆြဲရခက္တဲ႔ မိတ္ကပ္မ်ိဳးဟာ မ်က္နွာအသားရည္ကိုသဘာ၀ ေလးကိုမျဖစ္ေစပဲမိတ္ကပ္လိမ္းထားတာသိသာေစတဲ႔ထူထူပိန္းပိန္းပံုစံမ်ိဳးျကီးျဖစ္ေစနုိင္ပါတယ္။
(၅) မိတ္ကပ္ျကာရွည္ခံေအာင္ျဖန္းတဲ႔Spray သံုးပါ
မနက္တည္းကမိတ္ကပ္လိမ္းထားရင္ ေန႕လည္ေလာက္ေရာက္တာနဲ႕မ်က္နွာအသားရည္ဟာ အဆီျပန္တာမ်ိဳး အကြက္ထတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေျကာင္႔မိတ္ကပ္ ျကာရွည္ခံေအာင္ျဖန္းတဲ႔Spray ေလးကိုသံုးေပးျပီးမ်က္နွာအသားရည္ ေပၚကမိတ္ကပ္ေလးေတြတင္းတင္းေလးနဲ႕ညက္ေနေအာင္လုပ္ေပးဖုိ႕လိုပါတယ္။
မိတ္ကပ္ျကီးလိမ္းထားတယ္လို႕မထင္ရေအာင္သဘာ၀တုိင္းေလးျဖစ္ေနတဲ႔Natural မိတ္ကပ္သားေလးျဖစ္ေစဖို႕အတြက္ အေပၚကနည္းလမ္းေလးအနည္းငယ္က အသံုး၀င္ပါလိမ္႔မယ္...

Unicode

မိန်းကလေးတော်တော်များများဟာ မိတ်ကပ်လိမ်းတဲ့အခါ အသားပေါ်မှာညက်ညက်လေးနဲ့တင်းတင်းလေးဖြစ်တာမျိုးသဘောကျတတ်ကြပါတယ်။မိတ်ကပ်သားထူပိန်းတာမျိုးကွက်တာမျိုး မညီတာမျိုးကို မလိုလားကြပါဘူး။ ဆိုတော့မိတ်ကပ်လေးလိမ်းတိုင်းညီညီညက်ညက်လေးနဲ့သဘာဝအတိုင်းမျက်နှာလေးပိုင်ဆိုင်စေဖို့…
(၁) မျက်နှာသစ်ပြီး အစိုဓာတ်တစ်ခုခုခံလိမ်းပါ။
မိတ်ကပ်စလိမ်းတော့မယ်လို့ဆုံးဖြတ်လိုက်တာနဲ့မျက်နှာကိုအရင်သန့်စင်အောင်သစ်ပေးဖို့လိုပါတယ်။ မျက်နှာကိုသန့်စင်အောင်သစ်ပြီးချိန်မှာအစိုဓာတ်ပါတဲ့Cream လိုဟာမျိုးကို မိတ်ကပ်မလိမ်းခင်ဦးစွာလိမ်းပေးသင့်ပါတယ်။ ချက်ချင်းကြီးမိတ်ကပ်တစ်ဆင့်ထဲပြောင်းလိမ်းလိုက်တာမျိုး
မဟုတ်ပဲ အောက်ခံအစိုဓာတ်ပါတဲ့Cream တစ်ခုကိုဦးစွာပထမလိမ်းပေးသင့့်ပါတယ်။
(၂) မှန်ကန်တဲ့အလှပြင်ပစ္စည်းကိရိယာတွေချယ်သပါ
မျက်နှာကိုလိမ်းခြယ်တဲ့နေရာမှာသုံးတဲ့ပစ္စည်းတွေကို တွေကိုတွေ့ကရာသုံးစွဲတာမျိုးမဟုတ်ပဲ သူ့နေရာနဲ့သူ သူ့ပစ္စည်းနဲ့သူ မှန်မှန်ကန်ကန်သုံးစွဲပေးဖို့လိုပါတယ်။ ဒါမှသာမိတ်ကပ်လိမ်းထားတဲ့မျက်နှာဟာ သူ့နေရာနဲ့သူမညီမညာမဖြစ်ပဲကြည့်ကောင်းနေမှာပါ။
(၃) ပေါင်တာမှုန့်တွေအများကြီးမလိမ်းပါနဲ့
တစ်ချို့မိန်းကလေးတွေဟာ ပေါင်ဒါမှုန့်တွေကိုဖြူအောင်ဆိုပြီး အများကြီးထပ်ရိုက်လေ့ရှိပါတယ်။ တကယ့်အမှန်ကအောက်ကမိတ်ကပ်သားကိုညက်နေတင်းနေအောင်လိမ်းခြယ်ပြီးမှအပေါ်ကနေ ပေါင်ဒါရိုက်ချင်သပဆိုလည်းနည်းနည်းလေးသိပ်ရုံလောက်လေးလိမ်းသင့်ပါတယ်။ ပေါင်
ဒါမှုန့်တွေ အများကြီးလိမ်းမိတဲ့အခါ မျက်နှာက မိတ်ကပ်သားမညက်ပဲပွစိစိကြီးနဲ့မညီမညာဖြစ်နေတတ်ပါတယ်။
(၄) Creamလို မိတ်ကပ်မျိုးကိုလိမ်းပေးပါ
အသားပေါ်မှာညက်ညက်လေးဖြစ်စေဖို့ မိတ်ကပ်ကိုရွေးချယ်ဝယ်ယူတဲ့အခါမှာ Cream လိုမိတ်ကပ်မျိုးကိုသာဝယ်ယူပါ။ အရမ်းဆွဲရတဲ့ မိတ်ကပ်မျိုးကိုမသုံးပဲ မျက်နှာပေါ်တင်ပြီးသာသာလေးလိမ်းလို့ရတဲ့ Cream လိုမိတ်ကပ်မျိုးကိုဝယ်သုံးပါ။ လိမ်းလိုက်တာနဲ့ထူးပိန်းပြီးဆွဲရခက်တဲ့ မိတ်ကပ်မျိုးဟာ မျက်နှာအသားရည်ကိုသဘာဝ လေးကိုမဖြစ်စေပဲမိတ်ကပ်လိမ်းထားတာသိသာစေတဲ့ထူထူပိန်းပိန်းပုံစံမျိုးကြီးဖြစ်စေနိုင်ပါတယ်။
(၅) မိတ်ကပ်ကြာရှည်ခံအောင်ဖြန်းတဲ့Spray သုံးပါ
မနက်တည်းကမိတ်ကပ်လိမ်းထားရင် နေ့လည်လောက်ရောက်တာနဲ့မျက်နှာအသားရည်ဟာ အဆီပြန်တာမျိုး အကွက်ထတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်မိတ်ကပ် ကြာရှည်ခံအောင်ဖြန်းတဲ့Spray လေးကိုသုံးပေးပြီးမျက်နှာအသားရည် ပေါ်ကမိတ်ကပ်လေးတွေတင်းတင်းလေးနဲ့ညက်နေအောင်လုပ်ပေးဖို့လိုပါတယ်။
မိတ်ကပ်ကြီးလိမ်းထားတယ်လို့မထင်ရအောင်သဘာဝတိုင်းလေးဖြစ်နေတဲ့Natural မိတ်ကပ်သားလေးဖြစ်စေဖို့အတွက် အပေါ်ကနည်းလမ်းလေးအနည်းငယ်က အသုံးဝင်ပါလိမ့်မယ်…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.