သင်အလိမ်ခံနေရပြီမှန်း သိသာစေတဲ့အချက်တွေ

ဘယ်လိုပတ်ဝန်းကျင်မျိုးမှာပဲဖြစ်ဖြစ် လိမ်တတ်သူတွေကတော့ရှိနေမှာပါပဲ။ လူတွေက လိမ်ညာပြောဆိုရခြင်းမှာပျော်မွေ့ရခြင်းအကြောင်းအရင်းတွေထဲကတစ်ခုကတော့ တစ်ခါတစ်လေမှာလိမ်ရတာက အမှန်တရားကိုဖွင့်ထုတ်ဖော်ပြလိုက်ရတာထက်စာရင် ပိုပြီးလွယ်ကူလို့ပါပဲ။အမှန်တရားကအကျည်းတန်လို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရုပ်ဆိုးတဲ့သူတွေ မျက်နှာကိုမိတ်ကပ်တွေလိမ်းပြီး ရုပ်ချောသယောင်ဟန်ဆောင်ကြသလိုပေါ့။မျက်နှာကိုမိတ်ကပ်လိမ်းတာမှာဘာပြဿနာမှမရှိပါဘူး။ ဒါပေမယ့် စကားလုံးတွေကိုပုံသဏ္ဍာန်ပြောင်းပစ်တာ၊အရောင်ဆိုးပစ်တာကတော့ ပြဿနာရှိပါတယ်။ မျက်နှာကတော့ ကိုယ်ကြည့်မှမြင်ရတာဆိုပေမယ့် ကိုယ့်ကိုလာရောက်ထိမှန်တဲ့စကားလုံးတွေက အမှန်တရားနဲ့သွေဖီနေမယ်ဆိုရင်တော့ အနည်းနဲ့အများစိတ်ရှုပ်ရမှာအမှန်ပါပဲ။ ဒါကြောင့် လိမ်နေတဲ့လူတစ်ယောက်ကိုဘယ်လိုအချက်တွေထောက်ချင့်ခြင်းအားဖြင့် လိမ်နေမှန်းသိနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

စကားတွေရှေ့နောက်မညီဘူး

သူ့စကားတွေကိုသေချာအာရုံစိုက်နားထောင်ခဲ့ရင် ပြောနေရင်းနဲ့ကိုရှေ့နောက်မညီတာတွေအသုံးအနှုန်းလွဲမှားတာတွေနဲ့ အမှန်တရားတွေအားမကောင်းတာ အချက်အလက်တွေကိုက်ညီမှုလျော့ရဲတာတွေတွေ့ရမှာပါ။

 

သူ့ကိုယ်သူလူကောင်းသူကောင်းလေးအဖြစ်ပုံဖော်ထားမယ်

ဖြစ်နိုင်ပါတယ်။လူတိုင်းမှာမတရားခံရတဲ့အခိုက်အတန့်တွေက ရှိတတ်တာပဲလေ။ဒါပေမယ့် သူပြောနေတဲ့ ဇာတ်လမ်းမှာ သူ့အပေါ်မကောင်းတဲ့လူတွေက ဘာကြောင့်မကောင်းရတယ်ဆိုတဲ့အချက်ကိုတော့ထည့်သွင်းပြောကြားခြင်းမရှိဘူး။အဓိကမီးမောင်းထိုးပြောပြနေတာက သူ့ကိုလူတွေကဘယ်လိုမကောင်းကြံတယ်ဆိုတာမျိုးပဲ။ဘယ်သူကမှတော့သူများကိုအားအားလျားလျားမကောင်းကြံမနေပါဘူး။အကြောင်းကြောင့်အကျိုးဖြစ်လာတာပါ။

 

အလိမ်အညာတွေကိုသင်ကြားဖူးသလိုဖြစ်နေမယ်

ဒီအကြောင်းငါတစ်နေရာရာမှာ ကြားဖူးသလိုပါပဲလို့သင်တွေးနေမယ်။တကယ်က အမှန်တကယ်ကိုပဲသင်ကြားဖူးနေတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိမ်ညာတဲ့လူတွေက ကိုယ်ပိုင်စဉ်းစားဖန်တီိးထားတဲ့အလိမ်အညာမျိုးမဟုတ်ပဲနဲ့ သူများဆီကကြားဖူးနားဝအကြောင်းအရာတွေကိုသူတို့ကိုယ်တိုင်ပဲကြုံခဲ့ရသလို ပြောဆိုတတ်တာကြောင့်ပါ။

 

သင့်မေးခွန်းတွေကို ဂဃဏန ဖြေနိုင်ခြင်းမရှိဘူး

လိမ်တဲ့သူတွေအကြောက်ဆုံးကတော့ သူတို့ရဲ့အလိမ်စကားကိုပေါ်သွားစေနိုင်တဲ့မေးခွန်းတွေပါပဲ။ဒါကြောင့် တတ်နိုင်သမျှမဖြေပဲရှောင်တိမ်းလေ့ရှိကြပါတယ်။ သင့်မေးခွန်းတွေကိုမဖြေပဲ စကားလမ်းကြောင်းလွှဲလိုက်တာတို့ အခြားအကြောင်းအရာတွေဆက်ပြောတာတို့လုပ်လေ့ရှိကြပါတယ်။

 

မျက်လုံးချင်းအချိတ်အဆက်

လိမ်တဲ့သူကတစ်ယောက်မကဘူးဆိုရင် သူုတို့အချင်းချင်းမျက်လုံးအချိတ်အဆက်ရှိနိုင်ပါတယ်။လိမ်တဲ့သူကတစ်ယောက်တည်းဆိုရင်တော့ သင်နဲ့မျက်လုံးချင်းဆိုင်ပြီးမကြည့်တာနဲ့ မျက်လုံးချင်းဆုံပြီးတစ်ချိန်လုံးကြည့်နေတာနဲ့နှစ်မျိုးဖြစ်နိုင်ပါတယ်။ မျက်လုံးချင်းဆုံပြီးမကြည့်တာက သူ့ကိုယ်သူယုံကြည်မှုမရှိလို့ဖြစ်ပြီး သူ့အလိမ်တွေပေါ်သွားမှာစိုးလို့ပါ။ မျက်လုံးချင်းဆုံပြီးအကြာကြီိးကြည့်နေပြီဆိုရင်တော့ သင့်အနေနဲ့သူလိမ်နေတာကိုယုံရဲ့လားအကဲခတ်နေတာဖြစ်ပြီး ယုံကြည်စိတ်ချအောင်တမင်ကြိုးစားနေခြင်းလည်းဖြစ်နိုင်ပါတယ်။

 

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

 

Unicode Format

 


 



 



 



 



 




388 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.