သင့်ကိုတစ်ဘ၀စာလုံးအတွက်ရည်ရွယ်ပြီးချစ်တဲ့မိန်းကလေးတစ်ယောက်ဆိုတာ
မိန်းကလေးတစ်ယောက်အတွက် ပိုးပန်းတဲ့ယောက်ျားဆိုတာ မရှားပါဘူး။ တစ်နေ့တစ်နေ့အလုပ်သွားကျောင်းသား နဲ့နေ့စဉ်ယောင်္ကျားလေးပေါင်းသောင်းခြောက်ထောင်နဲ့တွေ့ဆုံနေရပင်မဲ့ သင့်အတွက်ပဲဖြစ်ဖြစ်သူ့ရဲ့သိက္ခာနဲ့တန်ဖိုးကိုထိန်းသိမ်းတတ်တဲ့မိန်းကလေးမျိုးပါ။ သင်ကလွဲလို့တစ်ခြားယောက်ျားလေးတွေနဲ့ထိတွေ့ဆက်ဆံတတ်တဲ့မိန်းကလေးမျိုး မဟုတ်ပါဘူး။
Unicode
မိန်းကလေးဆိုတဲ့ အမျိုးဟာကိုယ်သဘောမကျတဲ့သူမချစ်တဲ့သူဆိုတွဲကြည့်ဖို့နေနေသာသာ အနားတောင်အကပ်ခံကြတာမဟုတ်ပါဘူး။ ချစ်မိတဲ့သူဆိုရင်လည်း မျက်စိတစ်ဆုံးတစ်ဘဝအတွက်ရည်ရွယ်ပြီးချစ်တတ်ကြပါတယ်။ ဆိုတော့ယောကျင်္ားလေးတစ်ယောက်အပေါ်ဒီမိန်းကလေးဟာ တစ်ဘေဝလုံးစာအတွက်ရည်ရွယ်ထားတာ ဟုတ်မဟုတ်ဆိုတာဘာအချက်လေးတွေကသိစေနိုင်သလဲ…
(၁) သင့်ဘဝကိုအလင်းပြပေးတယ်
သင့်ကိုတကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ဟာ သင့်ဘဝရဲ့အတိတ်ကဆိုးသွမ်းခဲ့သမျှတွေ အမှားတွေကို သူမရောက်ရှိလာချိန်မှာငြိုငြင်ခြင်းမရှိပဲယုံကြည်မှုရှိရှိနဲ့သင့်ဘဝအတွက်ကောင်းမွန်တဲ့နေထိုင်မှုပုံစံတွေဖြစ်လာအောင်ပြောင်းလဲပေးတတ်ပါတယ်။ သူ့ဘဝအတွက်သာ ရည်ရွယ်ထားလို့ယောကျ်ားလေးတစ်ယောက်ပေါ် ဒီလိုအချိန်ကုန်ခံပြီးပြုပြင်ပေးနေတယ်ဆိုတာကိုမမေ့ပါနဲ့။
(၂) နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးချစ်တယ်
တစ်ခါတစ်ရံသင့်ရဲ့လွဲမှားမှုတွေ ကြောင့်သူမကသင့်ကို စိတ်တိုချင်တို စိတ်ဆိုးချင်ဆိုးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လုံးဝတော့စိတ်မနာနိုင်ပါဘူး။ ယောကျ်ားတစ်ယောက်ကို နှလုံးသားနဲ့ရင်းပြီးချစ်တဲ့မိန်းမတစ်ယောက်ဟာ သင်သူ့ပေါ်ချစ်နေသ၍သင်ရဲ့ကောင်း၏ဆိုး၏ မှန်သမျှကိုပြုပြင်ပေးပြီး နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးတစ်ခါတစ်ရံမိခင်တစ်ယောက်လို တစ်ခါတစ်ရံ ကလေးတစ်ယောက်လို ချစ်နည်းမျိုးစုံနဲ့သင့်ကိုချစ်နေမှာပါ။
(၃) မင်းအတွက်သူ့ဘဝကိုတန်ဖိုးထားတယ်
မိန်းကလေးတစ်ယောက်အတွက် ပိုးပန်းတဲ့ယောကျ်ားဆိုတာ မရှားပါဘူး။ တစ်နေ့တစ်နေ့အလုပ်သွားကျောင်းသား နဲ့နေ့စဉ်ယောကျင်္ားလေးပေါင်းသောင်းခြောက်ထောင်နဲ့တွေ့ဆုံနေရပင်မဲ့ သင့်အတွက်ပဲဖြစ်ဖြစ်သူ့ရဲ့သိက္ခာနဲ့တန်ဖိုးကိုထိန်းသိမ်းတတ်တဲ့မိန်းကလေးမျိုးပါ။ သင်ကလွဲလို့တစ်ခြားယောကျ်ားလေးတွေနဲ့ထိတွေ့ဆက်ဆံတတ်တဲ့မိန်းကလေးမျိုး မဟုတ်ပါဘူး။
(၄) ချစ်စိတ်တွေနိုးကြားတတ်တယ်
သင့်ကိုတကယ်ချစ်တဲ့မိန်းကလေးဟာ သင်ရဲ့အပြုမူတွေ အကြည့်တွေ မပြောဆိုတွေအောက်မှာသူ့ရဲ့ချစ်စိတ်တွေဟာနိုးကြားတတ်ပါတယ်။ယောကျ်ားတကားကို ပလူးတူးတူးနေတတ်တာမဟုတ်ပဲ သင်တစ်ယောက်ပေါ်မှာပဲချစ်တတ်စိတ်တွေပေါက်ဖွားတတ်တာပါ။
(၅) သင့်မိသားစုအရေးပါစိတ်ဝင်စားတယ်
တကယ်ဘဝအတွက်ရည်ရွယ်ပြီးချစ်တဲ့မိန်းကလေးဟာ သင့်မိသားစုရဲ့အခက်ခဲတွေကအရေးကြီးကိစ္စတွေက အစ စိတ်ပူပင်ပြီးသင့်ဘေးနားကနေသင်ဖြေရှင်းလွယ်အောင်ကူညီဖေးမပေးတတ်ပါတယ်။
(၆) အရေးပါတဲ့နေ့တွေကိုမေ့လေ့မရှိဘူး
သင့်အတွက်ပဲဖြစ်ဖြစ် သင်တို့ချစ်သူနှစ်ယောက်လုံးရဲ့အရေးကြီးတဲ့ အမှတ်တရနေ့တွေပဲဖြစ်ဖြစ် ကောင်လေးဖြစ်သူကသာမေ့ရင်မေ့မယ်သူတို့ကတော့အသေးမွှားလေးကအစ သတိရနေတတ်ကြပါတယ်။
(၇) သင်နဲ့ပတ်သတ်ရင် အထိမခံတတ်တဲ့စိတ်လေးရှိတယ်
သင်နဲ့ပတ်သတ်လာရင် သူသာသင့်ကိုနာအောင်ပြောရင်ပြောမယ် သူတစ်ပါးကကိုယ့်ကောင်လေးကိုနည်းနည်းပြောပါးစပ်နဲ့ပြောတာတောင်မခံတတ်ကြသူတွေပါ။ ဘယ်လောက်ပဲအင်အားနည်းတဲ့မိန်းမသားဖြစ်စေကိုယ့်ချစ်သူကိုတစ်စုံတစ်ယောက်များထိခိုက်လာပြီဆိုရင် အရှေ့ကနေဘာမှကြည့်မနေပဲကာကွယ်ပေးတတ်ကြပါတယ်။
ဒီလိုအချက်လေးတွေနဲ့တော်တော်များများပြည့်စုံတဲ့ကောင်မလေးကိုသင်ပိုင်ဆိုင်ထားရပြီဆိုရင်တော့ သူဟာသင့်ရဲ့ကောင်းမွန်အဖိုးတန်တဲ့မြတ်နိုးမှုတွေယုယမှုတွေနဲ့ထိုက်တန်တဲ့မိန်းကလေးဖြစ်လို့ တစ်ဘဝလုံးအတွက်လက်မလွှတ်မိဖို့လိုအပ်ပါတယ်…
278 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.