Googleရဲ့ Chrome မောင်းနှင်မှုစနစ် သုံးထားတဲ့ Chromebook 11 ကို Dell ကုမ္ပဏီက ထုတ်လုပ်လိုက်ပါတယ်။ Dell ကုမ္ပဏီအနေနဲ့ Chrome OS ကိုသုံးပြီး notebook ထုတ်တာ ပထမဆုံး အကြိမ်ပါ။ ကန်ဒေါ်လာ ၃၀၀ အောက်နဲ့ နောက်လက စပြီး ၀ယ်ယူနိုင်ပြီလို့ သိရပါတယ်။
Intel Celeron 2955U ကိုသုံးထားပြီး သိုလှောင်မှုပမာဏကို 16GB ပေးထားပါတယ်။ Chromebook 11 မှာ RAM 4GB နဲ့ 2GB ဆိုပြီး နှစ်မျိုးနှစ်စား ထည့်ထားပါတယ်။ မျက်နှာပြင်အကျယ် ၁၁ ဒဿမ ၆ လက်မရှိပြီး ဘက်ထရီက ၁၀နာရီအသုံးခံပါတယ်။ ဖိုင်တွေကို အွန်လိုင်းမှာ သိမ်းထားပြီး သုံးခွင့်ပေးမှာဖြစ်တဲ့ အတွက် ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ quad-core processorတွေ နဲ့ RAM အများကြီးမလိုပါဘူး။
RAM 4GB နဲ့ 2GB နှစ်မျိုးလုံးအတွက် Chromebook 11 ရဲ့ ဈေးနှုန်းအတိအကျကို Dell က အတည်မပြုပေးသေးပါဘူး။ ဒါပေမဲ့ ဇန်န၀ါရီလကစပြီး Dell ကုမ္ပဏီ ၀ဘ်ဆိုဒ်မှာ ကန်ဒေါ်လာ ၃၀၀ အောက်နဲ့ ရောင်းချပေးသွားမယ်လို့တော့ အခိုင်အမာပြောဆိုထားပါတယ်။
Ref:zdnet