(Unicode) 
နှလုံးကျန်းမာရေးအတွက် စားပေးသင့်တဲ့ ကြက်သွန်ဖြူမီးဖုတ်
ကြက်သွန်ဖြူဆို နှာခေါင်းရှုံ ့ပြီး ၊ ပါးစပ်နံနံ့မှာစိုးလို့ ဝေးဝေးကရှောင်ကြတဲ့
ကိုကိုတို့ ၊ မမတို့ ၊ မောင်လေး ညီမလေးတွေရေ .. ကြက်သွန်ဖြူမှာ ကျန်းမာရေးနဲ့
ညီညွတ်တဲ့ဓာတ်တွေများစွာပါဝင်တာကြောင့် အနံနံ့တာလေးတစ်ခုတည်းနဲ့
‘ဟင့်အင်း’ ဆိုပြီး ခေါင်းမခါလိုက်ပါနဲ့ဦး …
သဘာဝအရ ကြက်သွန်ဖြူမှာပါဝင်တဲ့ဓာတ်တွေက ဖြစ်တတ်တဲ့ရောဂါများစွာကို
ကုသပေးနိုင်ပြီး ကမ္ဘာတစ်ဝန်းက ဆေးဝါးတွေမှာလည်း သူ့ကိုမပါမဖြစ် အသုံးပြု
လာကြတာတွေ့ရပါတယ်။ ကြက်သွန်ဖြူက မီးဖုတ်လိုက်ရင် အနံ့တော်တော်မွှေးတာ
ကြောင့် မစားရရင် မနေနိုင်ဖြစ်ကြမှာပါ။
ကြက်သွန်ဖြူမှာ ကယ်လိုရီပါဝင်မှုနည်းပြီး အဆီနဲ့ အဝလွန်ခြင်းကိုလျော့ချပေးနိုုင်
ပါတယ်။ နှလုံးရောဂါရှိသူတွေ ပုံမှန်စားပေးသင့်သလို ကိုယ်ခံအားကောင်းချင်တဲ့
သူများလည်း နေ့စဉ်သုံးဆောင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် အဆိပ်တောက်
ဖြစ်စေမယ့် ဘတ်တီးရီးယားပိုးမွှားတွေကို ကင်းဝေးစေသလို အရွယ်တင်နုပျိုစေပါ
တယ်။ ဆေးအဖြစ် ကြက်သွန်ဖြူမီးဖုတ်ကိုနေ့တိုင်း (၆)မွှာစားပေးမယ်ဆို ကျန်း
မားရေးအတွက် တော်တော်အားဖြစ်စေမှာပါ။ လူတိုင်းစိုးရိမ်တဲ့ ကင်ဆာဆဲလ်တွေကို
ကာကွယ်ပေးပြီး မှိုစွဲကပ်ရောဂါ၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို တားဆီးပေး
နိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းပြီး ကိုယ်ခံအားစနစ်ပိုတိုးစေတာကြောင့်
သူများထက် အမောခံနိုင်တာပေါ့။ ဒါကြောင့်
နှလုံးရောဂါကင်းရှင်းရေး ကြက်သွန်ဖြူမီးဖုတ် စားသုံးပေး ! 😉
240 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.