ျမန္မာျပည္​သူျပည္​သားတိုင္း ေပ်ာ္ရႊင္ရတဲ့ အႀကီးက်ယ္အခမ္းနားဆုံး ျမန္မာ့ႏွစ္သစ္ကူးပြဲေတာ္

” သၾကၤန္ ” ဆိုတဲ့ ေဝါဟာရဟာ သကၤႏၲေခၚ ပါဠိဘာသာ၊ သၾကၤႏၲေခၚ သကၠတဘာသာမွ ဆင္းသက္လာတာျဖစ္ပါတယ္။ သကၤႏ ၱ၊ သၾကၤႏၲ ဆိုတာက ကူးေျပာင္းျခင္းလို႔ အဓိပၸါယ္ရပါတယ္။ တေပါင္းလတြင္ ျမန္မာႏွစ္ တစ္ႏွစ္ကုန္ဆံုးျပီး ႏွစ္ေဟာင္းကုန္လုိ႔ တန္ခူးလတြင္ ႏွစ္သစ္ကူးေျပာင္းကာလလို႔ဆိုပါတယ္။ ေႏြရာသီရဲ႕အပူဒဏ္ကို သၾကၤန္ေရနဲ႔ေအးျမေစျပီး ႏွစ္ေဟာင္းမွ အညစ္ေၾကးကို သၾကၤန္ေရနဲ႔ေဆးေၾကာ သစ္လြင္ေတာက္ပေစပါတယ္။

သၾကၤန္နဲ႔ပတ္သတ္သည့္ ဟိႏၵဴအယူဝါဒမွ ဆင္းသက္လာေသာ ရာဇဝင္မွာေတာ့

သိၾကားမင္းနဲ႔ ျဗဟၼာမင္းၾကီး အျငင္းပြားၾကရာ သိၾကားမင္းႏုိင္သြားျပီး ျဗဟၼာမင္းၾကီးရဲ႕ ဦးေခါင္းကိုရခဲ့ပါတယ္။ ျဗဟၼာမင္းၾကီးက တန္ခိုးၾကီးလြန္းတာေၾကာင့္ သူ႔ဦးေခါင္းကို ပင္လယ္ထဲပစ္ရင္ ေရခန္းမယ္ ၊ ေျမၾကီးမွာထားရင္ မီးေလာင္ပ်က္စီးမယ္၊ ေလထဲပစ္ရင္လည္း သတၱဝါအားလံုး မီးေလာင္မွာစိုးတာေၾကာင့္ သိၾကားမင္းက ဘယ္ကိုမွမပစ္ဘဲ လက္ထဲမွာ ကိုင္ထားရေလတယ္။ ေနာက္ေတာ့ တန္ခိုးၾကီးမားတဲ့ နတ္မင္းၾကီးေတြကို တာဝန္ေပးျပီး တစ္ႏွစ္ကို နတ္မင္းတစ္ပါးက ဦးေခါင္းကိုထိန္းသိမ္းဖို႔ အမိန္႔ခ်ပါတယ္။ ဦးေခါင္းၾကီးကို တစ္ဦးလက္က တစ္ဦးလက္ထဲလဲႊတဲ့အခ်ိန္ကို ပုဏၰားတို႔ကတြက္ခ်က္ျပီး ထိုအကူးအေျပာင္းကာလကို သကၤႏၱ လို႔ေခၚတြင္ပါတယ္။ ႏွစ္တစ္ႏွစ္ျပည့္တယ္လုိ႔လည္း သတ္မွတ္ၾကတယ္။

ႏွစ္တစ္ႏွစ္ျပည့္ကာလမွာ သိၾကားမင္းက လူျပည့္မွာ ေကာင္းမႈကုသိုလ္ထြန္းကားဖို႔နဲ႔ ဗုဒၶသာသနာျပန္႔ပြားရန္ လူျပည့္ဆင္းေဆာင္ရြက္ေလ့႐ွိပါတယ္။ ေကာင္းသူမ်ားကို ေရႊေပလႊာတြင္ ေရးမွတ္ျပီး မေကာင္းသူမ်ားကို ေခြးသားေရမွာ ေရးမွတ္တယ္လုိ႔ လူၾကီးေတြေျပာတာ ၾကားဖူးမွာပါ။ (ေသခါနီးစိတ္၊ ခႏၶာငါးပါးခ်ဳပ္ပုံ၊ အကုသိုလ္သေဘာႏွင့္ ငရဲ၊ ယမမင္း စသည့္အေၾကာင္းမ်ားကို ဘုရားရွင္က အဘိဏွသုတ္တြင္ ေဟာၾကားခဲ့ၿပီးျဖစ္သျဖင့္ ထိုသို႔ေရးမွတ္သည္ဆိုသည္မွာ မည္သို႔မၽွ အက်ိဳးအေၾကာင္းမရွိေပ။ ဆိုလိုသည္မွာ သိၾကားမင္းက မည္သို႔မၽွ အေရးမပါ၊ သတၱဝါတိုင္း မိမိကံႏွင့္မိမိသာျဖစ္သည္။)

ျမန္မာလူမ်ဳိးတို႔ က်င္းပျမဲျဖစ္တဲ့ (၁၂)ရာသီပဲြေတာ္မ်ားမွာ သၾကၤန္ေရသဘင္ပဲြေတာ္သည္ အလြန္ၾကီးက်ယ္စည္ကားေသာ အမ်ဳိးသားပဲြေတာ္တစ္ခုျဖစ္ပါတယ္။ ျမန္မာလူမ်ဳိးတို႔ရဲ႕ ႏွစ္ကူးသၾကၤန္ပဲြေတာ္ဟာ ဟိႏၵဴအယူဝါဒမွ ဆင္းသက္လာတာေၾကာင့္ ဟိုးအရင္ကဆို မိဘဆရာသမားေတြနဲ႔ သက္ၾကီး ဝါၾကီးေတြကို သနပ္ခါးနံသာေရမ်ား ၊ သေျပခက္ကေလးမ်ားနဲ႔ ကန္ေတာ့ၾကတဲ့ အေလ့ထေတြ႐ွိခဲ့ပါတယ္။ အခုေခတ္မွာေတာ့ တစ္ဦးနဲ႔ တစ္ဦး ၊ တစ္ဖဲြ႔နဲ႔ တစ္ဖဲြ႔ ေရေလာင္းၾက ၊ အားကစားစိတ္
ဓာတ္သေဘာနဲ႔ အျပဳိင္အဆုိုင္ စကားႏုိင္သံခ်ပ္မ်ား ျမိဳင္ျမိဳင္ဆိုင္ဆိုင္ပဲြေတာ္တစ္ခုကို က်င္းပလာပါတယ္။

ပုဂံေခတ္၊ နရသီဟပေတ့မင္းလက္ထက္ မိဖုရားေစာလုံႏွင့္ ေရပက္ကစားတုန္းက ဘုရင္က အက်ီစားလြန္လို႔ ေစာလုံစိတ္ဆိုးကာ ဘုရင္ကို ေသေၾကာင္းႀကံေသာေၾကာင့္ ေစာလုံကြပ္​မ်က္​ခံရတဲ့ ျဖစ္ရပ္အရ သၾကၤန္ေရ ကစားသည့္အေလ့သည္ ပုဂံေခတ္တုန္းက ႐ွိခဲ့တယ္ဆိုတာ မွတ္ယူႏိုင္ပါတယ္။ သၾကၤန္နဲ႔ပတ္သက္တဲ့ သမိုင္းအခ်က္အလက္မ်ား ဘယ္လိုပင္ကြဲျပားေစကာမူ လက္ရွိအခ်ိန္မွာ ပိေတာက္ပန္းမ်ားပြင့္တဲ့ တန္ခူးလတြင္က်င္းပသည့္ အတာသၾကၤန္ေရသဘင္ပြဲေတာ္ကို ျမန္မာနိုင္ငံတြင္ အစည္ကားဆုံးႏွင့္ အႀကီးက်ယ္ဆုံး အခမ္းနားဆုံး ျမန္မာႏွစ္သစ္ကူးပြဲေတာ္တစ္ခုအျဖစ္ ႏွစ္စဥ္က်င္းပလ်က္႐ွိပါတယ္။

သၾကၤန္ကာလတြင္း ဥပုသ္​သီလ​ေဆာက္​တည္ တရားဘာဝနာပြားမ်ားသူမ်ားရွိသကဲ့သို႔ ေရကစားသူမ်ားကလည္း​ ေရပက္ခံသူ၊ ေရေလာင္းသူမ်ားႏွင့္ စည္ကားလွသည္။ ကိုယ္​​​ဝန္သည္ မ​ေပါ့မပါးအမ်ိဳးသမီးမ်ား၊ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားႏွင့္ ဘာသာေရးပုဂၢိဳလ္မ်ား(ဘုန္းႀကီး၊ ရဟန္း၊ သီလရွင္၊ ဥပုသ္​သည္​)ကို ေရပက္ျခင္းမွ ေရွာင္ၾကဥ္ၾကသည္မွာ ခ်စ္စရာေကာင္းတဲ့ လက္ရွိအခ်ိန္ အတာသၾကၤန္ကာလ က်င္းပပုံျဖစ္ပါတယ္။ အခ်ိဳ႕ေသာ ၿမိဳ႕ႀကီးမ်ား၌ မ႑ပ္မ်ားတည္ေဆာက္၍ ေရကစားၾကရာတြင္ အရင္က သၾကၤန္ယိမ္းအကအလွမ်ားအစား ေခတ္ေပၚေတးဂီတမ်ားနဲ႔ မလုံမျခဳံအဝတ္​အစားမ်ားဝတ္ဆင္ျပီး ​ေဖာ္​ခၽြတ္​ကျပ​ေဖ်ာ္ေျဖတာေတြလည္း တြင္တြင္က်ယ္က်ယ္ ေတြ႕ျမင္လာရသည္။ ေခတ္ေဟာင္းေငြဖလားႏွင့္ သေျပခက္ယဥ္ေက်းမႈမ်ား၊ ေခတ္သစ္ ဂီတအကအလွယဥ္ေက်းမႈမ်ားနဲ႔ ေရာေထြးေနေပမယ့္လည္း သၾကၤန္သည္ ျမန္မာျပည္​သူျပည္​သားတိုင္း
ေပ်ာ္ရႊင္ရတဲ့ အႀကီးက်ယ္အခမ္းနားဆုံး ျမန္မာ့ႏွစ္သစ္ကူးပြဲေတာ္တစ္ခုပါပဲမဟုတ္လား…

(Unicode) 

မြန်မာပြည်​သူပြည်​သားတိုင်း ပျော်ရွှင်ရတဲ့ အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်

” သင်္ကြန် ” ဆိုတဲ့ ဝေါဟာရဟာ သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ်
သက္ကတဘာသာမှ ဆင်းသက်လာတာဖြစ်ပါတယ်။ သင်္ကန ္တ၊ သင်္ကြန္တ ဆိုတာက
ကူးပြောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးပြီး
နှစ်ဟောင်းကုန်လို့ တန်ခူးလတွင် နှစ်သစ်ကူးပြောင်းကာလလို့ဆိုပါတယ်။ နွေရာသီရဲ့
အပူဒဏ်ကို သင်္ကြန်ရေနဲ့အေးမြစေပြီး နှစ်ဟောင်းမှ အညစ်ကြေးကို သင်္ကြန်ရေနဲ့ဆေး
ကြော သစ်လွင်တောက်ပစေပါတယ်။

သင်္ကြန်နဲ့ပတ်သတ်သည့် ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသော ရာဇဝင်မှာတော့

သိကြားမင်းနဲ့ ဗြဟ္မာမင်းကြီး အငြင်းပွားကြရာ သိကြားမင်းနိုင်သွားပြီး ဗြဟ္မာမင်းကြီး
ရဲ့ ဦးခေါင်းကိုရခဲ့ပါတယ်။ ဗြဟ္မာမင်းကြီးက တန်ခိုးကြီးလွန်းတာကြောင့် သူ့ဦးခေါင်းကို
ပင်လယ်ထဲပစ်ရင် ရေခန်းမယ် ၊ မြေကြီးမှာထားရင် မီးလောင်ပျက်စီးမယ်၊ လေထဲ
ပစ်ရင်လည်း သတ္တဝါအားလုံး မီးလောင်မှာစိုးတာကြောင့် သိကြားမင်းက ဘယ်ကိုမှ
မပစ်ဘဲ လက်ထဲမှာ ကိုင်ထားရလေတယ်။ နောက်တော့ တန်ခိုးကြီးမားတဲ့ နတ်မင်းကြီး
တွေကို တာဝန်ပေးပြီး တစ်နှစ်ကို နတ်မင်းတစ်ပါးက ဦးခေါင်းကိုထိန်းသိမ်းဖို့ အမိန့်
ချပါတယ်။ ဦးခေါင်းကြီးကို တစ်ဦးလက်က တစ်ဦးလက်ထဲလွှဲတဲ့အချိန်ကို ပုဏ္ဏားတို့က
တွက်ချက်ပြီး ထိုအကူးအပြောင်းကာလကို သင်္ကန္တ လို့ခေါ်တွင်ပါတယ်။ နှစ်တစ်နှစ်
ပြည့်တယ်လို့လည်း သတ်မှတ်ကြတယ်။

နှစ်တစ်နှစ်ပြည့်ကာလမှာ သိကြားမင်းက လူပြည့်မှာ ကောင်းမှုကုသိုလ်ထွန်းကားဖို့နဲ့
ဗုဒ္ဓသာသနာပြန့်ပွားရန် လူပြည့်ဆင်းဆောင်ရွက်လေ့ရှိပါတယ်။ ကောင်းသူများကို
ရွှေပေလွှာတွင် ရေးမှတ်ပြီး မကောင်းသူများကို ခွေးသားရေမှာ ရေးမှတ်တယ်လို့
လူကြီးတွေပြောတာ ကြားဖူးမှာပါ။ (သေခါနီးစိတ်၊ ခန္ဓာငါးပါးချုပ်ပုံ၊ အကုသိုလ်သဘောနှင့် ငရဲ၊ ယမမင်း စသည့်အကြောင်းများကို ဘုရားရှင်က အဘိဏှသုတ်တွင် ဟောကြားခဲ့ပြီးဖြစ်သဖြင့် ထိုသို့ရေးမှတ်သည်ဆိုသည်မှာ မည်သို့မျှ အကျိုးအကြောင်းမရှိပေ။ ဆိုလိုသည်မှာ သိကြားမင်းက မည်သို့မျှ အရေးမပါ၊ သတ္တဝါတိုင်း မိမိကံနှင့်မိမိသာဖြစ်သည်။)

ုမြန်မာလူမျိုးတို့ ကျင်းပမြဲဖြစ်တဲ့ (၁၂)ရာသီပွဲတော်များမှာ သင်္ကြန်ရေသဘင်ပွဲတော်
သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်ပါတယ်။
မြန်မာလူမျိုးတို့ရဲ့ နှစ်ကူးသင်္ကြန်ပွဲတော်ဟာ ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာတာ
ကြောင့် ဟိုးအရင်ကဆို မိဘဆရာသမားတွေနဲ့ သက်ကြီး ဝါကြီးတွေကို သနပ်ခါးနံသာ
ရေများ ၊ သပြေခက်ကလေးများနဲ့ ကန်တော့ကြတဲ့ အလေ့ထတွေရှိခဲ့ပါတယ်။ အခု
ခေတ်မှာတော့ တစ်ဦးနဲ့ တစ်ဦး ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရေလောင်းကြ ၊ အားကစားစိတ်
ဓာတ်သဘောနဲ့ အပြိုင်အဆိုုင် စကားနိုင်သံချပ်များ မြိုင်မြိုင်ဆိုင်ဆိုင်ပွဲတော်တစ်ခု
ကို ကျင်းပလာပါတယ်။

ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံနှင့် ရေပက်ကစားတုန်းက ဘုရင်က အကျီစားလွန်လို့ စောလုံစိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံသောကြောင့် စောလုံကွပ်​မျက်​ခံရသည်တဲ့ ဖြစ်ရပ်အရ သင်္ကြန်ရေ ကစားသည့်အလေ့သည် ပုဂံခေတ်တုန်းက ရှိခဲ့တယ်ဆိုတာ မှတ်ယူနိုင်ပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ သမိုင်းအချက်အလက်များ ဘယ်လိုပင်ကွဲပြားစေကာမူ လက်ရှိအချိန်မှာ ပိတောက်ပန်းများပွင့်တဲ့ တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။

သင်္ကြန်ကာလတွင်း ဥပုသ်​သီလ​ဆောက်​တည် တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေကစားသူများကလည်း​ ရေပက်ခံသူ၊ ရေလောင်းသူများနှင့် စည်ကားလှသည်။ ကိုယ်​​​ဝန်သည် မ​ပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်​သည်​)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာကောင်းတဲ့ လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်ပါတယ်။ အချို့သော မြို့ကြီးများ၌ မဏ္ဍပ်များတည်ဆောက်၍ ရေကစားကြရာတွင် အရင်က သင်္ကြန်ယိမ်းအကအလှများအစား ခေတ်ပေါ်တေးဂီတများနဲ့ မလုံမခြုံအဝတ်​အစားများဝတ်ဆင်ပြီး ​ဖော်​ချွတ်​ကပြ​ဖျော်ဖြေတာတွေလည်း တွင်တွင်ကျယ်ကျယ် တွေ့မြင်လာရသည်။ ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှယဉ်ကျေးမှုများနဲ့ ရောထွေးနေပေမယ့်လည်း သင်္ကြန်သည် မြန်မာပြည်​သူပြည်​သားတိုင်း
ပျော်ရွှင်ရတဲ့ အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုပါပဲမဟုတ်လား…

54 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.