အရက္နာက်တာကုိ မ်က္လွည့္ျပလုိက္သလိုသက္သာေပ်ာက္ကင္းသြားေစမယ့္နည္းလမ္းမ်ား

TGIF တို႔၊လကုန္ရက္တို႔မွာ ကဲျပီးရင္ ေနာက္တစ္ေန႔ ထပ္ျပီးဖလန္းဖလန္းထဖို႔ဆုိတာ မလြယ္ေတာ့ပါဘူး။ကဲထားသမ်ွ ျပန္ျပီးဒဏ္ခံရတဲ႔မနက္ခင္းေတြကုိအဆင္ေျပေခ်ာေမြ႔စြာ ျဖတ္သန္းႏုိင္ဖို႔ ဒီနည္းလမ္းေတြသိထားဖုိ႔ လိုကုိလိုအပ္ပါတယ္။နည္းလမ္းေတြကေတာ့…

၁။ေရမ်ားမ်ားေသာက္ပါ
ညကေသာက္တာမ်ားသြားတယ္ဟုတ္! အယ္လ္ကုိေဟာက ခႏၶာကုိယ္ေရဓာတ္ ကုိေျခာက္ေသြ႔ေစလုိ ႔ေရဓာတ္ဆံုးရွံဳးျပီးပင္ပန္းသလိုျဖစ္ေစပါတယ္။အဲ႔ဒါေၾကာင့္
အေကာင္းဆံုးနည္းလမ္းကေတာ့အရက္မေသာက္ခင္၊အရက္ေသာက္ေနတုန္းနဲ႔အရက္ေသာက္ျပီးခ်ိန္ေတြမွာ ေရမ်ားမ်ားေသာက္ေပးဖုိ႔ပါပဲ။အရက္မ်ားမ်ားေသာက္ေလ ေရမ်ားမ်ား ပုိေသာက္ေပးရေလပါပဲ။ေနာက္တစ္ေန႔မိုးလင္းႏုိးလာရင္လည္း နာရီ၀က္ျခား တစ္ခါေလာက္ေရေသာက္ေပးရင္ သက္သာေပ်ာက္ကင္းေစပါတယ္။

၂။အုန္းေရ
အုန္းေရက ခႏၶာကုိုယ္က်န္းမာေရးအတြက္ေကာင္းမြန္ေစသလုိ အရက္နာက်တဲ႔အခါမွာလည္း ခ်န္ထားလို႔မရပါဘူး။အုန္းေရမွာ ငွက္ေပ်ာသီးထက္ပုိတက္ဆီယမ္မ်ားျပီး ခႏၶာကုိယ္အဓိကလိုအပ္တဲ႔ပိုတက္ဆီယမ္၊ဆိုဒီယမ္၊ကလုိရင္း၊ကယ္လ္စီယမ္၊မဂၢနီဆီယမ္ဓာတ္ေတြပါ၀င္လို႔ အရက္နာက်တဲ႔အခါ အုန္းေရေသာက္ေပးသင့္ပါတယ္။အုန္းေရထဲကုိ သံပုရာသီးအနည္းငယ္ညွစ္ထည့္ျပီးေသာက္ေပးႏုိင္ပါတယ္။

၃။ငွက္ေပ်ာသီး
အုန္းေရျပီးရင္ ပုိတက္ဆီယမ္မ်ားတာက ငွက္ေပ်ာသီးပါပဲ။အုန္းေရက အလြယ္တကူမရွိဘူး ဆိုိလည္းငွက္ေပ်ာသီးကုိ မနက္မုိးလင္းရင္စားဖို႔မေမ့ပါနဲ႔။အရက္နာက်တဲ႔အခါ ေခါင္းေတြကုိက္ျပီးတစ္ကုိယ္လံုးမလႈပ္ခ်င္မကုိင္ခ်င္ျဖစ္ေနပါလိမ့္မယ္။အဲ့ဒါေၾကာင့္ပိုတက္ဆီယမ္ဓာတ္ျပန္ျဖည့္ဖို႔ငွက္ေပ်ာသီးစားေပးပါ။ျဖစ္ႏုိင္ရင္ငွက္ေပ်ာသီးယူသြားျပီး ေသာက္ေနတဲ႔အခ်ိန္မွာေတာင္သေရစာအျဖစ္ စားေပးရင္ပုိေကာင္းပါတယ္။

၄။ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးက သင့္ရဲ ႔အရက္နာက်မႈအတြက္ ေဆးတစ္လက္ပါပဲ။အယ္လ္ကုိေဟာအတြက္ ေကာင္းမြန္ေစတဲ႔အနီေရာင္အသီးက ခရမ္းခ်ဥ္သီးပါပဲ။ခရမ္းခ်ဥ္သီးမွာ အယ္လ္ကုိေဟာေၾကာင့္ေလ်ာ့ပါးသြားတဲ႔ဓာတ္ေတြကုိ ျပန္ျပီးျဖည့္ေပးႏုိင္တဲ႔ အစြမ္းေတြရွိပါတယ္။အစာအိမ္အတြင္းက ဇီ၀ျဖစ္စဥ္ကုိလည္းေကာင္း
မြန္ေစလို႔ မနက္မိုးလင္းတဲ႔အခါ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကုိေသာက္ေပးသင့္ပါတယ္။

၅။ပ်ားရည္
အရက္နာက်တာေတြအတြက္ ပ်ားရည္ကလည္းအေကာင္းဆံုးေဆးတစ္လက္ပါပဲ။ပ်ားရည္က အရက္ေသာက္ျပီးလို႔ကုန္ဆံုးသြားတဲ႔အားအင္ေတြကုိျပန္လည္ျဖည့္တင္းေပးျပီး ပုိတက္ဆီယမ္လည္းပါ၀င္တဲ႔အတြက္ အရက္နာက်တာကုိ အျမန္ဆံုးသက္သာေစပါ တယ္။ပ်ားရည္အနည္းငယ္ကုိေပါင္မုန္႔ထဲမွာထည့္ျပီးျဖစ္ေစ စားေပးႏုိင္ပါတယ္။

၆။အိပ္ေရး၀ေအာင္အိပ္ပါ
အရက္နာက်တာက အိပ္ေရးပ်က္တာေၾကာင့္မဟုတ္တာေတာ့ေသခ်ာပါတယ္။ဒါေပမဲ႔ညက ေသာက္ျပီးရင္ မနက္က် ေကာင္းေကာင္းအိပ္ရမယ့္အစားအိပ္ေရးပါထပ္ပ်က္ရင္ ပုိျပီးဆုိးပါတယ္။ အဲ႔ဒါေၾကာင့္ မနက္ခင္းတစ္မနက္ေလာက္ေအးေဆးအိပ္လိုက္ပါ။ခႏၶာကုိယ္က သူ႔အလုပ္ကုိယ္သူေကာင္းေကာင္းလုပ္သြားပါလိမ့္မယ္။

၇။ေန႔လည္စာ
တစ္ညလံုးသူငယ္ခ်င္းေတြနဲ႔အတူကဲျပီးလို႔ ေနာက္တစ္ေန႔က်အရက္နာက်ေနမယ္ဆိုရင္ မနက္ခင္းလံုးအိပ္ေရး၀ေအာင္အိပ္လိုက္ပါ။ျပီးရင္ေန႔လည္စာကအေရးၾကီးပါတယ္။ေန႔လည္စာကုိ ေဂၚဖီထုပ္၊ကုိက္လန္၊ပန္းေဂၚဖီစတဲ႔ဟင္းသီးဟင္းရြက္ေတြ ပါေအာင္စားပါ။ေဂၚဖီပန္းေတြက အသည္းကုိေကာင္းေစလို႔အရက္နာက်တ႔ဲသူအတြက္အေကာင္းဆံုးေန႔လည္စာပါပဲ။ေဂၚဖီထုပ္မ်ားမ်ားစားေပးဖုိ႔မေမ့ပါနဲ႔။

Unicode

TGIF တို့၊လကုန်ရက်တို့မှာ ကဲပြီးရင် နောက်တစ်နေ့ ထပ်ပြီးဖလန်းဖလန်းထဖို့ဆိုတာ မလွယ်တော့ပါဘူး။ကဲထားသမျှ ပြန်ပြီးဒဏ်ခံရတဲ့မနက်ခင်းတွေကိုအဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ ဒီနည်းလမ်းတွေသိထားဖို့ လိုကိုလိုအပ်ပါတယ်။နည်းလမ်းတွေကတော့…

၁။ရေများများသောက်ပါ
ညကသောက်တာများသွားတယ်ဟုတ်! အယ်လ်ကိုဟောက ခန္ဓာကိုယ်ရေဓာတ် ကိုခြောက်သွေ့စေလို ့ရေဓာတ်ဆုံးရှုံးပြီးပင်ပန်းသလိုဖြစ်စေပါတယ်။အဲ့ဒါကြောင့်
အကောင်းဆုံးနည်းလမ်းကတော့အရက်မသောက်ခင်၊အရက်သောက်နေတုန်းနဲ့အရက်သောက်ပြီးချိန်တွေမှာ ရေများများသောက်ပေးဖို့ပါပဲ။အရက်များများသောက်လေ ရေများများ ပိုသောက်ပေးရလေပါပဲ။နောက်တစ်နေ့မိုးလင်းနိုးလာရင်လည်း နာရီဝက်ခြား တစ်ခါလောက်ရေသောက်ပေးရင် သက်သာစေပါတယ်။

၂။အုန်းရေ
အုန်းရေက ခန္ဓာကိုုယ်ကျန်းမာရေးအတွက်ကောင်းမွန်စေသလို အရက်နာကျတဲ့အခါမှာလည်း ချန်ထားလို့မရပါဘူး။အုန်းရေမှာ ငှက်ပျောသီးထက်ပိုတက်ဆီယမ်များပြီး ခန္ဓာကိုယ်အဓိကလိုအပ်တဲ့ပိုတက်ဆီယမ်၊ဆိုဒီယမ်၊ကလိုရင်း၊ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်လို့ အရက်နာကျတဲ့အခါ အုန်းရေသောက်ပေးသင့်ပါတယ်။အုန်းရေထဲကို သံပုရာသီးအနည်းငယ်ညှစ်ထည့်ပြီးသောက်ပေးနိုင်ပါတယ်။

၃။ငှက်ပျောသီး
အုန်းရေပြီးရင် ပိုတက်ဆီယမ်များတာက ငှက်ပျောသီးပါပဲ။အုန်းရေက အလွယ်တကူမရှိဘူး ဆိိုလည်းငှက်ပျောသီးကို မနက်မိုးလင်းရင်စားဖို့မမေ့ပါနဲ့။အရက်နာကျတဲ့အခါ ခေါင်းတွေကိုက်ပြီးတစ်ကိုယ်လုံးမလှုပ်ချင်မကိုင်ချင်ဖြစ်နေပါလိမ့်မယ်။အဲ့ဒါကြောင့်ပိုတက်ဆီယမ်ဓာတ်ပြန်ဖြည့်ဖို့ငှက်ပျောသီးစားပေးပါ။ဖြစ်နိုင်ရင်ငှက်ပျောသီးယူသွားပြီး သောက်နေတဲ့အချိန်မှာတောင်သရေစာအဖြစ် စားပေးရင်ပိုကောင်းပါတယ်။

၄။ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက သင့်ရဲ ့အရက်နာကျမှုအတွက် ဆေးတစ်လက်ပါပဲ။အယ်လ်ကိုဟောအတွက် ကောင်းမွန်စေတဲ့အနီရောင်အသီးက ခရမ်းချဉ်သီးပါပဲ။ခရမ်းချဉ်သီးမှာ အယ်လ်ကိုဟောကြောင့်လျော့ပါးသွားတဲ့ဓာတ်တွေကို ပြန်ပြီးဖြည့်ပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။အစာအိမ်အတွင်းက ဇီဝဖြစ်စဉ်ကိုလည်းကောင်း
မွန်စေလို့ မနက်မိုးလင်းတဲ့အခါ ခရမ်းချဉ်သီးဖျော်ရည်ကိုသောက်ပေးသင့်ပါတယ်။

၅။ပျားရည်
အရက်နာကျတာတွေအတွက် ပျားရည်ကလည်းအကောင်းဆုံးဆေးတစ်လက်ပါပဲ။ပျားရည်က အရက်သောက်ပြီးလို့ကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးပြီး ပိုတက်ဆီယမ်လည်းပါဝင်တဲ့အတွက် အရက်နာကျတာကို အမြန်ဆုံးသက်သာစေပါ တယ်။ပျားရည်အနည်းငယ်ကိုပေါင်မုန့်ထဲမှာထည့်ပြီးဖြစ်စေ စားပေးနိုင်ပါတယ်။

၆။အိပ်ရေးဝအောင်အိပ်ပါ
အရက်နာကျတာက အိပ်ရေးပျက်တာကြောင့်မဟုတ်တာတော့သေချာပါတယ်။ဒါပေမဲ့ညက သောက်ပြီးရင် မနက်ကျ ကောင်းကောင်းအိပ်ရမယ့်အစားအိပ်ရေးပါထပ်ပျက်ရင် ပိုပြီးဆိုးပါတယ်။ အဲ့ဒါကြောင့် မနက်ခင်းတစ်မနက်လောက်အေးဆေးအိပ်လိုက်ပါ။ခန္ဓာကိုယ်က သူ့အလုပ်ကိုယ်သူကောင်းကောင်းလုပ်သွားပါလိမ့်မယ်။

၇။နေ့လည်စာ
တစ်ညလုံးသူငယ်ချင်းတွေနဲ့အတူကဲပြီးလို့ နောက်တစ်နေ့ကျအရက်နာကျနေမယ်ဆိုရင် မနက်ခင်းလုံးအိပ်ရေးဝအောင်အိပ်လိုက်ပါ။ပြီးရင်နေ့လည်စာကအရေးကြီးပါတယ်။နေ့လည်စာကို ဂေါ်ဖီထုပ်၊ကိုက်လန်၊ပန်းဂေါ်ဖီစတဲ့ဟင်းသီးဟင်းရွက်တွေ ပါအောင်စားပါ။ဂေါ်ဖီပန်းတွေက အသည်းကိုကောင်းစေလို့အရက်နာကျတဲ့သူအတွက်အကောင်းဆုံးနေ့လည်စာပါပဲ။ဂေါ်ဖီထုပ်များများစားပေးဖို့မမေ့ပါနဲ့။

413 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.