ပရိသတ်တွေရဲ့  April Fool ကြောင့် အံ့သြပျော်ရွှင်ခဲ့တဲ့ မင်းသား Jung Hae In





Unicode

April 1 နေ့ဟာဆိုရင် တစ်ကမ္ဘာလုံးကလူတွေက April Fool ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ကျီစယ်နောက်ပြောင်ကြတဲ့နေ့လို့တောင်ပြောရမလိုပါပဲ။တောင်ကိုရီးယားအနုပညာရှင် မင်းသားတစ်လက်ဖြစ်တဲ့ Jung Hae In အတွက်လည်း ပရိသတ်တွေက April Fool မဟုတ်တဲ့ April Fool လက်ဆောင်ကိုပြင်ဆင်ခဲ့ပါတယ်။ဘာလဲဆိုတော့ အဲ့ဒီနေ့တစ်နေ့လုံး အွန်လိုင်းမှာ အရှာဖွေခံရဆုံး၊ရှာဖွေမှုအများဆုံး နံပါတ်တစ်နေရာကို လက်ဆောင်ပေးခဲ့တာပါ။

တကယ်တော့ April 1 ရက်နေ့က မင်းသားချောရဲ ့အသက် ၃ဝပြည့်မွေးနေ့ပါ။ပရိသတ်တွေက မွေးနေ့လက်ဆောင်အနေနဲ့ အခုလိုအွန်လိုင်းမှာရှာဖွေမှုအများဆုံးနံပါတ်တစ်နေရာရအောင် ကြိုးစားပေးခဲ့ကြတာဖြစ်ပါတယ်။Jung Hae In ကိုယ်တိုင်ကလည်း သူ့ရဲ့အင်စတာဂရမ် အကောင့်ကနေအခုလိုရေးသားခဲ့ပါတယ်။
“ဒီနေ့ ကျွန်တော့်ရဲ ့မွေးနေ့ဖြစ်တဲ့ April 1 ရက်နေ့မှာ မွေးနေ့လက်ဆောင်တစ်ခုရခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်။ဒါက အကျီစယ်အနောက်ပြောင်ခံရတာတော့ မဟုတ်ဘူးမှတ်လား”ဆိုပြီး နံပါတ်တစ်နေရာရောက်နေတဲ့ သူ့နာမည်ပါတဲ့ပုံလေးကိုတင်ထားခဲ့တာဖြစ်ပါတယ်။

April Fool Day အတွက်နောက်ပြောင်ခံရတာမဟုတ်ပဲ တကယ်ပဲ သူ့ပရိသတ်တွေက အမှတ်တရဖန်တီးပေးခဲ့တာပါ။မင်းသားဟာ အခုလောလောဆယ်မှာ JTBC ကထုတ်လွှင့်ပြသနေတဲ့ “Pretty Noona Who Buys Me Food” တီဗီစီးရီးတစ်ခုမှာ Son Ye-jin နဲ့တွဲဖက်သရုပ်ဆောင်နေပါတယ်။မင်းသမီး Son Ye-Jin ရဲ ့ငါးနှစ်ကြာမှပြန်လည် ရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး မတ်လ ၃ဝရက်နေ့ကမှစတင်ပြသတာဖြစ်ပါတယ်။

Happy Belated Birthday Jung Hae In !

164 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.