ေၾကြရုပ္ေလးလုိ ၾကည္လင္လွပတဲ႔မ်က္ႏွာေလးပုိင္ဆုိင္ခ်င္တယ္ဆုိရင္ ဒါေလးဖတ္ၾကည့္ထားေနာ္

ျပီးျပည့္စံုလွပတဲ႔မ်က္ႏွာေလးကုိပုိင္ဆိုင္ခ်င္ၾကတာ မိန္းကေလးတုိင္းရဲ ႔အိပ္မက္ပါ။အဲ႔ဒါေၾကာင့္ပဲ မ်က္ႏွာေလး ၾကည္လင္လွပေစဖို႔ ေပါင္းတင္တာ၊ေခ်းခြ်တ္တာေတြအမ်ိဳးမ်ိဳးလုပ္ေနၾကတာေပ့ါ။ ဒါေပမဲ႔ လွခ်င္လြန္းလို႔ဆုိျပီးခဏခဏလုပ္ေနမယ္ဆိုရင္မ်က္ႏွာအသားအရည္ကုိပုိျပီးေတာင္ ပ်က္စီးေစပါတယ္တဲ႔။ၾကည္လင္သန္႔စင္တဲ႔မ်က္ႏွာေလးပုိင္ဆုိင္ခ်င္တယ္ဆိုရင္သတိထားရမယ့္အခ်က္ေလးေတြကေတာ့…

၁)မ်က္ႏွာကပ္ခြာေပါင္းတင္တဲ႔အခါ…
တစ္လကုိ အမ်ားဆံုး ၂ခါေလာက္ပဲေပါင္းတင္ကပ္ခြာေတြသံုးေပးသင့္ျပီးကပ္ခြာကပ္ထားတဲ႔အခါမွာ လည္း ၁၅မိနစ္ထက္ပုိျပီးမထားသင့္ပါဘူး။ကပ္ခြာကပ္ျပီးတစ္ညလံုးအိပ္လို႔မရပါဘူး။ ဒါကုိသတိထားဖို႔လိုပါတယ္။၁၅မိနစ္ျပည့္ရင္မေမ့မေလ်ာ့ခြာေပးပါ။မ်က္ႏွာေပါင္းတင္ကပ္ခြာသံုးတဲ႔အခါမွာလည္း ကုိယ့္ရဲ႔အသားအရည္ကအဆီျပန္တာလား၊ေျခာက္ေသြ႔တာလားဆိုတာ သတိထားျပီး သင့္ေတာ္တဲ႔ကပ္ခြာကုိသံုးေပးပါ။

၂)သဘာ၀ပစၥည္းေတြနဲ႔ေပါင္းတင္တဲ႔အခါ…
သဘာ၀ပစၥည္းေတြနဲ႔ေပါင္းတင္တာကုိေတာ့ တစ္လကုိ၃ခါေလာက္လုပ္ေပးႏုိင္ပါတယ္။ဒါကလည္း ပစၥည္းအေပၚမူတည္ပါတယ္။အသီးအနွံေတြနဲ႔လုပ္မယ္ဆုိရင္တစ္ပတ္ကုိ တစ္ခါေလာက္လုပ္ေပးႏုိင္ျပီး ပ်ားရည္နဲ႔သံပုရာရည္ေရာျပီးမ်က္ႏွာေပါင္းတင္ခ်င္တဲ႔အခါ တစ္လကုိ သံုးခါေလာက္ပဲလုပ္ေပးသင့္ပါတယ္။သံပုရာရည္ခ်ည္းပဲသီးသန္႔ေပါင္းတင္တာကုိေတာ့မလုပ္ဖို႔အၾကံေပးခ်င္ပါတယ္။သံပုရာရည္က အခ်ဥ္ဓာတ္ပါလို႔ အေရျပားပါးတဲ႔သူဆုိရင္မ်က္ႏွာအသားအရည္ ထိခိုက္ႏုိင္ပါတယ္။

၃)မ်က္ႏွာေခ်းခြ်တ္တဲ႔အခါ…
ပံုမွန္မ်က္ႏွာသစ္ေဆးသံုးရံုနဲ႔ မ်က္ႏွာအတြင္းပုိင္းအထိသန္႔စင္မေပးႏုိင္ပါဘူး။အဲ႔ဒါေၾကာင့္ ေခြ်းေပါက္ေတြထဲကအညစ္အေၾကးေတြကုိဖယ္ထုတ္ဖို႔မ်က္ႏွာေခ်းခြ်တ္သန္႔စင္ေပးရပါတယ္။ တစ္ခ်ိဳ႔ကလည္းဆုိင္မွာေခ်းခြ်တ္သန္႔စင္ေလ့ရွိသလို တစ္ခ်ိဳ႔ကလည္းအိမ္မွာပဲ ေခ်းခြ်တ္သန္႔စင္ေလ့ရွိပါတယ္။အဓိကကေတာ့ ေခြ်းေပါက္ထဲက မိတ္ကပ္အၾကြင္းအက်န္ေတြ၊ အညစ္အေၾကးေတြထြက္လာဖို႔ေပါ့။တကယ္လို႔ဆုိင္မွာလုပ္မယ္ဆုိရင္လည္း ကုိယ့္ရဲ ႔အသားအရည္ကထိခိုက္လြယ္ေနတာမ်ိဳး၊မ်က္ႏွာမွာ ၀က္ျခံေတြရွိေနတာမ်ိဳးဆို Scrub မသံုးပဲ ေခ်းခြ်တ္ကရင္မ္လိုမ်ိဳးသံုးေပးသင့္ပါတယ္။Scrub က မ်က္ႏွာထက္စာရင္ခႏၶာကုိယ္အတြက္ ပုိျပီးေကာင္းပါတယ္။အိမ္မွာမ်က္ႏွာေခ်းခြ်တ္ခ်င္တယ္ဆိုရင္လည္းနည္းလမ္းေလးေျပာျပေပးပါမယ္။ပထမဆံုး ေရေႏြးပူတည္ပါ။ျပီးရင္ ေခါင္းမွာသဘက္ျဖစ္ျဖစ္အုပ္ထားျပီး ၁၀မိနစ္ေလာက္ ေရေႏြးေငြ႔ခံေပးပါ။ေရေႏြးေငြ႔ခံျပီးရင္ ေခြ်းေပါက္ထဲကအညစ္အေၾကးေတြထြက္လာပါလိမ့္မယ္။
ေနာက္ထပ္ ၅မိနစ္ေလာက္ေနရင္ မ်က္ႏွာသစ္ပါ။ျပီးရင္ ပ်ားရည္နဲ႔သံပုရာရည္၊သၾကားအနည္းငယ္ ဆတူေရာစပ္ျပီးမ်က္ႏွာမွာလိမ္းပါ။၁၅မိနစ္ေလာက္ထားျပီးရင္ေတာ့ေရေအးေအးေလး န႔ဲျပန္ျပီးသစ္ခ်ပါ။ေရခဲေရဆုိပုိေကာင္းပါတယ္။အားလံုးျပီးရင္ေတာ့ အစိုဓာတ္ထိန္းကရင္မ္ေလးတစ္ခုခုလိမ္းဖို႔မေမ့နဲ႔ေနာ္။

၄) အစားအေသာက္စားတဲ႔အခါ…
အေပၚယံအေရျပားကုိျပဳျပင္ေျပာင္းလဲဖို႔ဆုိတာ ေန႔တိုင္းစားေသာက္ေနတဲ႔အစားအစာေတြနဲ႔လည္း သက္ဆုိင္ပါေသးတယ္။အဓိကကေတာ့ ေရဓာတ္ေပါ့။ခႏၶာကုိယ္ထဲမွာေရဓာတ္အျပည့္အ၀ရွိေနရင္ အသားအရည္ေျခာက္ေသြ႔တာေတြ မျဖစ္ေတာ့ပဲအသားအရည္ေလးကစိုျပည္ေန
မွာပါ။အခုေႏြရာသီလည္းေရာက္ေနေတာ့ ေရမ်ားမ်ားေသာက္ေပးဖုိ႔နဲ႔ ေရဓာတ္ျပည့္၀တဲ႔ အသီးအႏွံေတြမ်ားမ်ားစားေပးဖို႔မေမ့နဲ႔ေနာ္။ၾကည္လင္လွပတဲ႔အသားအရည္ေလး ပုိင္ဆိုင္ခ်င္တယ္ဆိုရင္ အပူအစပ္ေတြေလ်ွာ့စားေပးဖို႔လည္္းလိုပါတယ္။

၅)ညဘက္အိပ္တဲ႔အခါ…
အေရးၾကီးဆံုးသတိထားရမွာကေတာ့ မိတ္ကပ္ေတြလိမ္းျပီးညဘက္မဖ်က္ပဲအိပ္တာပါပဲ။ဒါက ၀က္ျခံ၊တင္းတိပ္ေတြျဖစ္လာျခင္းရဲ႔အစပါပဲ။မိတ္ကပ္မဖ်က္ပဲအိပ္တဲ႔အခါမိတ္ကပ္သားေတြက ေခြ်းေပါက္ထဲမွာပိတ္ေနျပီး အညစ္အေၾကးေတြ၊၀က္ျခံေတြျဖစ္လာေစပါတယ္။ညဘက္ဆို ဆဲလ္ေတြေျပာင္းလဲတဲ့အတြက္ဒီအခ်ိန္က မ်က္ႏွာအားျဖည့္ဖို႔အေရးၾကီးဆံုးပါ။အဲ႔ဒါေၾကာင့္ မိတ္ကပ္ေတြကုိ အိမ္ျပန္ေရာက္တာနဲ႔ဖ်က္ဖုိ႔မေမ့ပါနဲ႔။မိတ္ကပ္ဖ်က္တဲ႔အခါမွာလည္းမ်က္ႏွာသစ္
ေဆးတစ္မ်ိဳးတည္းနဲ႔မျပီးဘူးေနာ္။မ်က္ႏွာသစ္ေဆးတစ္မ်ိဳးတည္းနဲ႔ဆိုမိတ္ကပ္ေတြမေျပာင္စင္ပါဘူး။ အဲ႔ဒါေၾကာင့္မိတ္ကပ္ဖ်က္ေဆးရည္နဲ႔အရင္ဖ်က္ျပီးမွမ်က္ႏွာသစ္ေဆးကုိသံုးေပးပါ။

ကဲ မ်က္ႏွာအတြင္းပုိင္းထိၾကည္လင္သန္႔စင္ေနရံုနဲ႔လည္းမျပီးေသးပါဘူး။ အျပင္သြားတဲ႔ အခါမွာလည္း မ်က္ႏွာေလးမႈံေနေအာင္လွပေစဖို႔မ်က္ႏွာအတြက္ တစ္ဆင့္ျပီး တစ္ဆင့္လိမ္းျခယ္ေလ့ရွိပါတယ္။ဒီလိုမိတ္ကပ္လိမ္းျခယ္တဲ႔အခါမွာ တစ္ခ်ိဳ႔က်ေတာ့ ေန႔တစ္၀က္ေလာက္နဲ႔တင္မိတ္ကပ္ေတြကြက္ေနတာ၊မိတ္ကပ္ေတြၾကာရွည္မခံေတာ့တာေတြျဖစ္ေလ့ရွိပါတယ္။ကိုယ္နဲ႔လိုက္ဖက္တဲ႔မိတ္ကပ္ကုိရွာရတာကလည္းတကယ့္ကုိအလုပ္တစ္ခုျဖစ္ေနတာပါပဲ။ဒီၾကားထဲ မၾကာခင္သၾကၤန္ကလည္းေရာက္ေတာ့မယ္ဆိုေတာ့ ဘာမိတ္ကပ္ကုိသံုးရမလဲ ေခါင္းစားေနရျပီဟုတ္!အဲ႔ဒါေၾကာင့္ပ်ိဳေမတို႔အတြက္ ေစ်းလည္းသင့္တင့္ျပီး
အားေပးတဲ႔ပရိသတ္လည္း အခုိင္အမာရထားတဲ႔ အလွကုန္ပစၥည္းတစ္မ်ိဳးကုိညႊန္းေပးခ်င္ပါတယ္။

အဲ႔ဒါကေတာ့ Bella Be a Star ကထြက္တဲ႔ Bella ကုိရီးယား Cushion ေလးပါ။ပထမဆံုး Cushion ဆုိတာေလးကုိရွင္းျပေပးပါမယ္။BB Cream ၊CC Cream ဆိုတာကို ပ်ိဳေမတို႔ၾကားဖူးျပီးသားျဖစ္မွာပါ။Cushion ဆိုတာက အဲ႔ဒီလို Cream ပံုစံမ်ိဳးကုိ ေရျမွဳပ္ေဖာ့ေလးထဲထည့္ထားတဲ႔ Skin Care effect ပါဝင္တဲ့ Liquid to Powder Type Foundation အမ်ိဳးအစားပါ။All in 1 Dream Matte Cushion ျဖစ္လို႔ အဆီလည္းမျပန္ေစပါဘူး။၀က္ျခံေတြ၊အမည္းစက္ေတြကုိလည္းဖံုးဖိေပးတဲ႔အျပင္ ေရစုိခံ ေနပူခံတဲ႔အတြက္သၾကၤန္မွာ မိတ္ကပ္ပ်က္မွာ၊မိတ္ကပ္ကြက္မွာကုိလည္းစုိးရိမ္စရာ မလိုေတာ့ပါဘူး။ကုိရီးယားႏုိင္ငံနည္းပညာနဲ႔ထုတ္လုပ္ထားျပီး ျမန္မာႏုိင္ငံက အမ်ိဳးသမီးေလးေတြရဲ ႔အသားအရည္နဲ႔အထူးသင့္ေတာ္ေအာင္ထုတ္လုပ္ထားတာျဖစ္လို႔ မိတ္ကပ္နဲ႔အသားအေရာင္ တစ္ျခားစီျဖစ္ေနမွာကုိလည္းစိတ္ပူစရာမလိုေတာ့ဘူးေနာ္။ဒါ့အျပင္ ဒီ Bella All In One Cushion ေလးမွာပ်ိဳေမတို႔ရဲ႔အသားအေရာင္နဲ႔လိုက္ဖက္တဲ႔အေရာင္ကုိေရြးခ်ယ္ႏုိင္ဖို႔ ေလးမ်ိဳးေတာင္ရွိလို႔ အိုေခမွာစုိျပည္ျပီေပါ့။သၾကၤန္အတြက္တင္မကပဲ ေပါ့ေပါ့ပါးပါးနဲ႔
တစ္မ်ိဳးတည္းလိမ္းျခယ္ရံုနဲ႔လွပေစလို႔ ပ်ိဳေမတို႔ရဲ ႔ေန႔ရက္ေတြကုိ အလွပဆံုးျဖတ္သန္းႏုိင္ပါေစေနာ္။

Sponsored By Bella

Unicode

ပြီးပြည့်စုံလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ချင်ကြတာ မိန်းကလေးတိုင်းရဲ ့အိပ်မက်ပါ။အဲ့ဒါကြောင့်ပဲ မျက်နှာလေး ကြည်လင်လှပစေဖို့ ပေါင်းတင်တာ၊ချေးချွတ်တာတွေအမျိုးမျိုးလုပ်နေကြတာပေ့ါ။ ဒါပေမဲ့ လှချင်လွန်းလို့ဆိုပြီးခဏခဏလုပ်နေမယ်ဆိုရင်မျက်နှာအသားအရည်ကိုပိုပြီးတောင် ပျက်စီးစေပါတယ်တဲ့။ကြည်လင်သန့်စင်တဲ့မျက်နှာလေးပိုင်ဆိုင်ချင်တယ်ဆိုရင်သတိထားရမယ့်အချက်လေးတွေကတော့…

၁)မျက်နှာကပ်ခွာပေါင်းတင်တဲ့အခါ…
တစ်လကို အများဆုံး ၂ခါလောက်ပဲပေါင်းတင်ကပ်ခွာတွေသုံးပေးသင့်ပြီးကပ်ခွာကပ်ထားတဲ့အခါမှာ လည်း ၁၅မိနစ်ထက်ပိုပြီးမထားသင့်ပါဘူး။ကပ်ခွာကပ်ပြီးတစ်ညလုံးအိပ်လို့မရပါဘူး။ ဒါကိုသတိထားဖို့လိုပါတယ်။၁၅မိနစ်ပြည့်ရင်မမေ့မလျော့ခွာပေးပါ။မျက်နှာပေါင်းတင်ကပ်ခွာသုံးတဲ့အခါမှာလည်း ကိုယ့်ရဲ့အသားအရည်ကအဆီပြန်တာလား၊ခြောက်သွေ့တာလားဆိုတာ သတိထားပြီး သင့်တော်တဲ့ကပ်ခွာကိုသုံးပေးပါ။

၂)သဘာဝပစ္စည်းတွေနဲ့ပေါင်းတင်တဲ့အခါ…
သဘာဝပစ္စည်းတွေနဲ့ပေါင်းတင်တာကိုတော့ တစ်လကို၃ခါလောက်လုပ်ပေးနိုင်ပါတယ်။ဒါကလည်း ပစ္စည်းအပေါ်မူတည်ပါတယ်။အသီးအနှံတွေနဲ့လုပ်မယ်ဆိုရင်တစ်ပတ်ကို တစ်ခါလောက်လုပ်ပေးနိုင်ပြီး ပျားရည်နဲ့သံပုရာရည်ရောပြီးမျက်နှာပေါင်းတင်ချင်တဲ့အခါ တစ်လကို သုံးခါလောက်ပဲလုပ်ပေးသင့်ပါတယ်။သံပုရာရည်ချည်းပဲသီးသန့်ပေါင်းတင်တာကိုတော့မလုပ်ဖို့အကြံပေးချင်ပါတယ်။သံပုရာရည်က အချဉ်ဓာတ်ပါလို့ အရေပြားပါးတဲ့သူဆိုရင်မျက်နှာအသားအရည် ထိခိုက်နိုင်ပါတယ်။

၃)မျက်နှာချေးချွတ်တဲ့အခါ…
ပုံမှန်မျက်နှာသစ်ဆေးသုံးရုံနဲ့ မျက်နှာအတွင်းပိုင်းအထိသန့်စင်မပေးနိုင်ပါဘူး။အဲ့ဒါကြောင့် ချွေးပေါက်တွေထဲကအညစ်အကြေးတွေကိုဖယ်ထုတ်ဖို့မျက်နှာချေးချွတ်သန့်စင်ပေးရပါတယ်။ တစ်ချို့ကလည်းဆိုင်မှာချေးချွတ်သန့်စင်လေ့ရှိသလို တစ်ချို့ကလည်းအိမ်မှာပဲ ချေးချွတ်သန့်စင်လေ့ရှိပါတယ်။အဓိကကတော့ ချွေးပေါက်ထဲက မိတ်ကပ်အကြွင်းအကျန်တွေ၊ အညစ်အကြေးတွေထွက်လာဖို့ပေါ့။တကယ်လို့ဆိုင်မှာလုပ်မယ်ဆိုရင်လည်း ကိုယ့်ရဲ ့အသားအရည်ကထိခိုက်လွယ်နေတာမျိုး၊မျက်နှာမှာ ဝက်ခြံတွေရှိနေတာမျိုးဆို Scrub မသုံးပဲ ချေးချွတ်ကရင်မ်လိုမျိုးသုံးပေးသင့်ပါတယ်။Scrub က မျက်နှာထက်စာရင်ခန္ဓာကိုယ်အတွက် ပိုပြီးကောင်းပါတယ်။အိမ်မှာမျက်နှာချေးချွတ်ချင်တယ်ဆိုရင်လည်းနည်းလမ်းလေးပြောပြပေးပါမယ်။ပထမဆုံး ရေနွေးပူတည်ပါ။ပြီးရင် ခေါင်းမှာသဘက်ဖြစ်ဖြစ်အုပ်ထားပြီး ၁ဝမိနစ်လောက် ရေနွေးငွေ့ခံပေးပါ။ရေနွေးငွေ့ခံပြီးရင် ချွေးပေါက်ထဲကအညစ်အကြေးတွေထွက်လာပါလိမ့်မယ်။
နောက်ထပ် ၅မိနစ်လောက်နေရင် မျက်နှာသစ်ပါ။ပြီးရင် ပျားရည်နဲ့သံပုရာရည်၊သကြားအနည်းငယ် ဆတူရောစပ်ပြီးမျက်နှာမှာလိမ်းပါ။၁၅မိနစ်လောက်ထားပြီးရင်တော့ရေအေးအေးလေး နဲ့ပြန်ပြီးသစ်ချပါ။ရေခဲရေဆိုပိုကောင်းပါတယ်။အားလုံးပြီးရင်တော့ အစိုဓာတ်ထိန်းကရင်မ်လေးတစ်ခုခုလိမ်းဖို့မမေ့နဲ့နော်။

၄) အစားအသောက်စားတဲ့အခါ…
အပေါ်ယံအရေပြားကိုပြုပြင်ပြောင်းလဲဖို့ဆိုတာ နေ့တိုင်းစားသောက်နေတဲ့အစားအစာတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။အဓိကကတော့ ရေဓာတ်ပေါ့။ခန္ဓာကိုယ်ထဲမှာရေဓာတ်အပြည့်အဝရှိနေရင် အသားအရည်ခြောက်သွေ့တာတွေ မဖြစ်တော့ပဲအသားအရည်လေးကစိုပြည်နေ
မှာပါ။အခုနွေရာသီလည်းရောက်နေတော့ ရေများများသောက်ပေးဖို့နဲ့ ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေများများစားပေးဖို့မမေ့နဲ့နော်။ကြည်လင်လှပတဲ့အသားအရည်လေး ပိုင်ဆိုင်ချင်တယ်ဆိုရင် အပူအစပ်တွေလျှော့စားပေးဖို့လည််းလိုပါတယ်။

၅)ညဘက်အိပ်တဲ့အခါ…
အရေးကြီးဆုံးသတိထားရမှာကတော့ မိတ်ကပ်တွေလိမ်းပြီးညဘက်မဖျက်ပဲအိပ်တာပါပဲ။ဒါက ဝက်ခြံ၊တင်းတိပ်တွေဖြစ်လာခြင်းရဲ့အစပါပဲ။မိတ်ကပ်မဖျက်ပဲအိပ်တဲ့အခါမိတ်ကပ်သားတွေက ချွေးပေါက်ထဲမှာပိတ်နေပြီး အညစ်အကြေးတွေ၊ဝက်ခြံတွေဖြစ်လာစေပါတယ်။ညဘက်ဆို ဆဲလ်တွေပြောင်းလဲတဲ့အတွက်ဒီအချိန်က မျက်နှာအားဖြည့်ဖို့အရေးကြီးဆုံးပါ။အဲ့ဒါကြောင့် မိတ်ကပ်တွေကို အိမ်ပြန်ရောက်တာနဲ့ဖျက်ဖို့မမေ့ပါနဲ့။မိတ်ကပ်ဖျက်တဲ့အခါမှာလည်းမျက်နှာသစ်
ဆေးတစ်မျိုးတည်းနဲ့မပြီးဘူးနော်။မျက်နှာသစ်ဆေးတစ်မျိုးတည်းနဲ့ဆိုမိတ်ကပ်တွေမပြောင်စင်ပါဘူး။ အဲ့ဒါကြောင့်မိတ်ကပ်ဖျက်ဆေးရည်နဲ့အရင်ဖျက်ပြီးမှမျက်နှာသစ်ဆေးကိုသုံးပေးပါ။

ကဲ မျက်နှာအတွင်းပိုင်းထိကြည်လင်သန့်စင်နေရုံနဲ့လည်းမပြီးသေးပါဘူး။ အပြင်သွားတဲ့အခါမှာလည်း မျက်နှာလေးမှုံနေအောင်လှပစေဖို့မျက်နှာအတွက် တစ်ဆင့်ပြီးတစ်ဆင့်လိမ်းခြယ်လေ့ရှိပါတယ်။ဒီလိုမိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ တစ်ချို့ကျတော့ နေ့တစ်ဝက်လောက်နဲ့တင်မိတ်ကပ်တွေကွက်နေတာ၊မိတ်ကပ်တွေကြာရှည်မခံတော့တာတွေဖြစ်လေ့ရှိပါတယ်။ကိုယ်နဲ့လိုက်ဖက်တဲ့မိတ်ကပ်ကိုရှာရတာကလည်းတကယ့်ကိုအလုပ်တစ်ခုဖြစ်နေတာပါပဲ။ဒီကြားထဲ မကြာခင်သင်္ကြန်ကလည်းရောက်တော့မယ်ဆိုတော့ ဘာမိတ်ကပ်ကိုသုံးရမလဲ ခေါင်းစားနေရပြီဟုတ်!အဲ့ဒါကြောင့်ပျိုမေတို့အတွက် စျေးလည်းသင့်တင့်ပြီး
အားပေးတဲ့ပရိသတ်လည်း အခိုင်အမာရထားတဲ့ အလှကုန်ပစ္စည်းတစ်မျိုးကိုညွှန်းပေးချင်ပါတယ်။

အဲ့ဒါကတော့ Bella Be a Star ကထွက်တဲ့ Bella ကိုရီးယား Cushion လေးပါ။ပထမဆုံး Cushion ဆိုတာလေးကိုရှင်းပြပေးပါမယ်။BB Cream ၊CC Cream ဆိုတာကို ပျိုမေတို့ကြားဖူးပြီးသားဖြစ်မှာပါ။Cushion ဆိုတာက အဲ့ဒီလို Cream ပုံစံမျိုးကို ရေမြှုပ်ဖော့လေးထဲထည့်ထားတဲ့ Skin Care effect ပါဝင်တဲ့ Liquid to Powder Type Foundation အမျိုးအစားပါ။All in 1 Dream Matte Cushion ဖြစ်လို့ အဆီလည်းမပြန်စေပါဘူး။ဝက်ခြံတွေ၊အမည်းစက်တွေကိုလည်းဖုံးဖိပေးတဲ့အပြင် ရေစိုခံ နေပူခံတဲ့အတွက်သင်္ကြန်မှာ မိတ်ကပ်ပျက်မှာ၊မိတ်ကပ်ကွက်မှာကိုလည်းစိုးရိမ်စရာ မလိုတော့ပါဘူး။ကိုရီးယားနိုင်ငံနည်းပညာနဲ့ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံက အမျိုးသမီးလေးတွေရဲ ့အသားအရည်နဲ့အထူးသင့်တော်အောင်ထုတ်လုပ်ထားတာဖြစ်လို့ မိတ်ကပ်နဲ့အသားအရောင် တစ်ခြားစီဖြစ်နေမှာကိုလည်းစိတ်ပူစရာမလိုတော့ဘူးနော်။ဒါ့အပြင် ဒီ Bella All In One Cushion လေးမှာပျိုမေတို့ရဲ့အသားအရောင်နဲ့လိုက်ဖက်တဲ့အရောင်ကိုရွေးချယ်နိုင်ဖို့ လေးမျိုးတောင်ရှိလို့ အိုခေမှာစိုပြည်ပြီပေါ့။သင်္ကြန်အတွက်တင်မကပဲ ပေါ့ပေါ့ပါးပါးနဲ့
တစ်မျိုးတည်းလိမ်းခြယ်ရုံနဲ့လှပစေလို့ ပျိုမေတို့ရဲ ့နေ့ရက်တွေကို အလှပဆုံးဖြတ်သန်းနိုင်ပါစေနော်။

Sponsored By Bella

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.