ကိုယ္ဟာ Single မိန္းကေလးတစ္ေယာက္ဆိုေပမဲ႔ တစ္ခါတစ္ရံမွာ ဘယ္လိုရာထူးေပးလို႕ေပးရမွန္းမသိတဲ႔ေယာက်္ားေတြ ကိုယ္႔ဘ၀ထဲရွိေနတတ္ျကပါတယ္။ခ်စ္သူရည္းစားလို႕ေျပာရေလာက္ေအာင္လည္း အဆင္႔ကမတက္ေသး၊ သူငယ္ခ်င္းဆိုတာေလာက္လည္းမဟုတ္ေတာ႔ဘူး၊ တြဲေနျပီလားဆိုလည္း ေျဖရခက္တဲ႔သူမ်ိဳးေတြကိုယ္႔ဘ၀ထဲမွာရွိေနတတ္ျကတဲ႔အခါ တစ္ခါတစ္ရံ ဆံုးျဖတ္ရခက္ေျပာရခက္တတ္ျကပါတယ္။ ဆိုေတာ႔ဘယ္လိုလူမ်ိဳးေတြကကိုယ္႔ရဲ႕ဟိုမေရာက္ဒီမေရာက္ခ်စ္သူမ်ိဳးေတြလည္းဆိုတာ…
(၁) ရည္းစားစကားေျပာထားေပမ႔ဲအေျဖျပန္မေတာင္းသူ
တစ္ခ်ိဳ႕ေကာင္ေလးေတြဟာ ဒီလို အက်ပ္ေတြ႕စရာကိစၥေတြကိုဖန္တီးသြားတတ္ျကပါတယ္။ ကိုယ္႔ကိုသေဘာက်ပါတယ္ ခ်စ္ပါတယ္ ျကိုက္ပါတယ္ေျပာထားျပီး အေျဖျပန္မေတာင္းတတ္ျကပါဘူး။ သေဘာက်ပါတယ္ဆိုတဲ႔စကားကို မိန္းကေလးျဖစ္သူကျပန္ေျပာဖို႕သူ႕အေမးကိုေစာင္႔ရင္းေစာင္႔ရင္း တစ္ေန႕တစ္ေန႕စကားေျပာရင္းသာ အခ်ိန္ကုန္သြားတယ္ ကိုယ္နဲ႕သူနဲ႕ကဘာလည္းလို႕ေမးရင္ေျဖရခက္တဲ႔အေျခေနမ်ိဳးျကီးျဖစ္တတ္ပါတယ္။
(၂) ကိုယ္တိုင္လံုး၀ခံစားလို႕မရေပမဲ႔ျငင္းရက္စရာမရွိသူ
မိန္းကေလးေတြဟာ လူတစ္ေယာက္ကို လြယ္လြယ္ခ်စ္လို႕မရေပမဲ႔လြယ္လြယ္ေတာ႔ အထင္ျကီးတတ္ျကပါတယ္။ ကိုယ္႔စိတ္ထဲမွာ မခ်စ္လို႕မတြဲခ်င္ေပမဲ႔ သူေပးမဲ႔အယုယေလးေတြကိုမက္ေမာလာျပီး ျငင္းရမွာျငင္းရက္စရာမရွိတဲ႔သူမို႕ ပစ္ရမွာလည္း အဆီတ၀င္း၀င္း စားရမွာလည္းသဲတရွက္ရွက္ ျဖစ္ေနတတ္ပါတယ္။ ဒီလိုနဲ႕ဘာလည္းေမးရင္ဘာမွ ေျဖစရာမရွိတတ္ျကျပန္ပါဘူး
(၃) ေန႕စဥ္ အေျကာင္းမရွိအေျကာင္းမရွာစကားေျပာမိေနသူ
တစ္ေန႕တစ္ေန႕စားျပီးျပီးလားဘာလုပ္ေနလဲ အလုပ္မွာလား ဘာလားနဲဲ႕ရည္းစားလည္း မဟုတ္ တစ္ေန႕တစ္ေန႕တစ္ေယာက္နဲ႕တစ္ေယာက္အားတဲ႔
ခိ်န္တိုင္းစကားေျပာမိေနတဲ႔သူလည္းပါပါတယ္။ သူ႕ကကိုယ္႔ျကိုက္ေနတယ္လည္း မေျပာ စကားမေျပာနဲ႔ဆိုေတာ႔လည္း မေနနိုင္ျကတစ္ေယာက္နဲ႕တစ္ေယာက္
အေျကာင္းမရွိအေျကာင္းရွာစကားေျပာေနမိပါတယ္။
(၄) အျပန္အလွန္သ၀န္တိုေနမိေနသူ
တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္သူရည္းစားလည္းမဟုတ္ Crush တယ္လုိ႕လည္းတစ္ခါမွမေျပာဘူးေပမဲ႔ တစ္ေယာက္ရဲ႕Postေအာက္မွာအသည္းေလးျမင္တာက အစ ေဒါသထြက္ျပီး ဘယ္သူလည္းဘာလည္းညာလည္းနဲ႕ေပၚတင္ျကီးေဒါသျဖစ္တတ္တဲ႔သူမ်ိဳး ကိုယ္ကလည္းသူသ၀န္တိုရင္းအေျကာင္းျပခ်က္မရွိရွင္းျပတတ္ျပီး ျပန္ေခ်ာ႔တတ္တာမ်ိဳး အခုလိုရႈပ္ေထြးတဲ႔ဆက္ဆံေရးဟာ ဘာလို႔ေျပာလို႔ေျပာရမွန္းေတာင္မသိပါဘူး။
(၅) သူငယ္ခ်င္းလို႕ေျပာေျပာျပီးခဏခဏလာေတြ႕ေနသူ/ဖုန္းဆက္ေနသူ
ေျပာေတာ႔သူငယ္ခ်င္းေတြပါပဲ။ ေန႕တိုင္းညတိုင္းဖုန္းဆက္တယ္ စာပို႕တယ္ အေျကာင္းမရွိလည္းပို႕ရွိလည္းပို႕တယ္၊ ခဏခဏမုန္႔လိုက္ေကၽြးခ်င္တယ္၊ ရည္းစားေတြလားဆိုေတာ႔မဟုတ္ပင္မဲ႔ငါနင္႔ကိုသတိရလို႕ပါလို႕ေန႕တုိင္းေျပာတတ္တဲ႔သူငယ္ခ်င္းရွိေနျပီဆိုရင္ေတာ႔သူလည္းကိုယ္႔ဘ၀ထဲေရာက္ေနတဲ႔ဟုိမေရာက္ဒီမေရာက္ခ်စ္သူတစ္ေယာက္ပါပဲ။
အေပၚကအခ်က္ေတြတည္းကအခ်က္ေတာ္ေတာ္မ်ားမ်ားနဲ႕တူတဲ႔သူမ်ိဳးကိုယ္ေန႕စဥ္ဘ၀ထဲေရာက္ေနျပီဆိုရင္ ေသခ်ာပါျပီသင္႔မွာဟိုမေရာက္ဒီမေရာက္ခ်စ္သူတစ္ေယာက္ရွိေနပါျပီ။ တစ္ခါတစ္ရံဒီလိုလူေတြေျကာင္႔စိတ္ေပ်ာ္ရႊင္ရေပမဲ႔ျကာလာရင္စိတ္ရႈပ္သြားေစမွာမို႕ အစတည္းကဘယ္သူကကိုယ္႔ဘ၀အတြက္ဘယ္ေနရာဆိုတာ အတည္တက်သတ္မွတ္ထားျပီး ျပတ္သားဖို႕လိုအပ္တယ္ေနာ္…
Unicode
ကိုယ်ဟာ Single မိန်းကလေးတစ်ယောက်ဆိုပေမဲ့ တစ်ခါတစ်ရံမှာ ဘယ်လိုရာထူးပေးလို့ပေးရမှန်းမသိတဲ့ယောကျ်ားတွေ ကိုယ့်ဘဝထဲရှိနေတတ်ကြပါတယ်။ချစ်သူရည်းစားလို့ပြောရလောက်အောင်လည်း အဆင့်ကမတက်သေး၊ သူငယ်ချင်းဆိုတာလောက်လည်းမဟုတ်တော့ဘူး၊ တွဲနေပြီလားဆိုလည်း ဖြေရခက်တဲ့သူမျိုးတွေကိုယ့်ဘဝထဲမှာရှိနေတတ်ကြတဲ့အခါ တစ်ခါတစ်ရံ ဆုံးဖြတ်ရခက်ပြောရခက်တတ်ကြပါတယ်။ ဆိုတော့ဘယ်လိုလူမျိုးတွေကကိုယ့်ရဲ့ဟိုမရောက်ဒီမရောက်ချစ်သူမျိုးတွေလည်းဆိုတာ…
(၁) ရည်းစားစကားပြောထားပေမဲ့အဖြေပြန်မတောင်းသူ
တစ်ချို့ကောင်လေးတွေဟာ ဒီလို အကျပ်တွေ့စရာကိစ္စတွေကိုဖန်တီးသွားတတ်ကြပါတယ်။ ကိုယ့်ကိုသဘောကျပါတယ် ချစ်ပါတယ် ကြိုက်ပါတယ်ပြောထားပြီး အဖြေပြန်မတောင်းတတ်ကြပါဘူး။ သဘောကျပါတယ်ဆိုတဲ့စကားကို မိန်းကလေးဖြစ်သူကပြန်ပြောဖို့သူ့အမေးကိုစောင့်ရင်းစောင့်ရင်း တစ်နေ့တစ်နေ့စကားပြောရင်းသာ အချိန်ကုန်သွားတယ် ကိုယ်နဲ့သူနဲ့ကဘာလည်းလို့မေးရင်ဖြေရခက်တဲ့အခြေနေမျိုးကြီးဖြစ်တတ်ပါတယ်။
(၂) ကိုယ်တိုင်လုံးဝခံစားလို့မရပေမဲ့ငြင်းရက်စရာမရှိသူ
မိန်းကလေးတွေဟာ လူတစ်ယောက်ကို လွယ်လွယ်ချစ်လို့မရပေမဲ့လွယ်လွယ်တော့ အထင်ကြီးတတ်ကြပါတယ်။ ကိုယ့်စိတ်ထဲမှာ မချစ်လို့မတွဲချင်ပေမဲ့ သူပေးမဲ့အယုယလေးတွေကိုမက်မောလာပြီး ငြင်းရမှာငြင်းရက်စရာမရှိတဲ့သူမို့ ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလည်းသဲတရှက်ရှက် ဖြစ်နေတတ်ပါတယ်။ ဒီလိုနဲ့ဘာလည်းမေးရင်ဘာမှ ဖြေစရာမရှိတတ်ကြပြန်ပါဘူး
(၃) နေ့စဉ် အကြောင်းမရှိအကြောင်းမရှာစကားပြောမိနေသူ
တစ်နေ့တစ်နေ့စားပြီးပြီးလားဘာလုပ်နေလဲ အလုပ်မှာလား ဘာလားနဲဲ့ရည်းစားလည်း မဟုတ် တစ်နေ့တစ်နေ့တစ်ယောက်နဲ့တစ်ယောက်အားတဲ့
ချိန်တိုင်းစကားပြောမိနေတဲ့သူလည်းပါပါတယ်။ သူ့ကကိုယ့်ကြိုက်နေတယ်လည်း မပြော စကားမပြောနဲ့ဆိုတော့လည်း မနေနိုင်ကြတစ်ယောက်နဲ့တစ်ယောက်
အကြောင်းမရှိအကြောင်းရှာစကားပြောနေမိပါတယ်။
(၄) အပြန်အလှန်သဝန်တိုနေမိနေသူ
တစ်ယောက်နဲ့တစ်ယောက်ချစ်သူရည်းစားလည်းမဟုတ် Crush တယ်လို့လည်းတစ်ခါမှမပြောဘူးပေမဲ့ တစ်ယောက်ရဲ့Postအောက်မှာအသည်းလေးမြင်တာက အစ ဒေါသထွက်ပြီး ဘယ်သူလည်းဘာလည်းညာလည်းနဲ့ပေါ်တင်ကြီးဒေါသဖြစ်တတ်တဲ့သူမျိုး ကိုယ်ကလည်းသူသဝန်တိုရင်းအကြောင်းပြချက်မရှိရှင်းပြတတ်ပြီး ပြန်ချော့တတ်တာမျိုး အခုလိုရှုပ်ထွေးတဲ့ဆက်ဆံရေးဟာ ဘာလို့ပြောလို့ပြောရမှန်းတောင်မသိပါဘူး။
(၅) သူငယ်ချင်းလို့ပြောပြောပြီးခဏခဏလာတွေ့နေသူ/ဖုန်းဆက်နေသူ
ပြောတော့သူငယ်ချင်းတွေပါပဲ။ နေ့တိုင်းညတိုင်းဖုန်းဆက်တယ် စာပို့တယ် အကြောင်းမရှိလည်းပို့ရှိလည်းပို့တယ်၊ ခဏခဏမုန့်လိုက်ကျွေးချင်တယ်၊ ရည်းစားတွေလားဆိုတော့မဟုတ်ပင်မဲ့ငါနင့်ကိုသတိရလို့ပါလို့နေ့တိုင်းပြောတတ်တဲ့သူငယ်ချင်းရှိနေပြီဆိုရင်တော့သူလည်းကိုယ့်ဘဝထဲရောက်နေတဲ့ဟိုမရောက်ဒီမရောက်ချစ်သူတစ်ယောက်ပါပဲ။
အပေါ်ကအချက်တွေတည်းကအချက်တော်တော်များများနဲ့တူတဲ့သူမျိုးကိုယ်နေ့စဉ်ဘဝထဲရောက်နေပြီဆိုရင် သေချာပါပြီသင့်မှာဟိုမရောက်ဒီမရောက်ချစ်သူတစ်ယောက်ရှိနေပါပြီ။ တစ်ခါတစ်ရံဒီလိုလူတွေကြောင့်စိတ်ပျော်ရွှင်ရပေမဲ့ကြာလာရင်စိတ်ရှုပ်သွားစေမှာမို့ အစတည်းကဘယ်သူကကိုယ့်ဘဝအတွက်ဘယ်နေရာဆိုတာ အတည်တကျသတ်မှတ်ထားပြီး ပြတ်သားဖို့လိုအပ်တယ်နော်…