သူ့ဘက်က သင့်ကို လက်ထပ်ဖို့အထိရည်ရွယ်ကြောင်း ပြနေတဲ့ အချက်တွေ

ဒီိဘက်ခေတ်ချစ်မှုရေးရာဟာ ဟိုးအရင်ခေတ်တွေထက် ပိုပိုပြီးတော့ကို နက်နဲရှုပ်ထွေးလာပါပြီိ။ Friends with benefits တွေရော one night stands တွေရော potential တွေပါ ထွေးရောယှက်တင်ဖြစ်နေတဲ့ ချစ်မှုရေးရာအရှုပ်အထွေးတွေထဲမှာ ကိုယ်နဲ့တွဲနေတာသိပ်မကြာသေးတဲ့ကိုယ့်ချစ်သူဟာ ကိုယ့်ကိုလက်ထပ်ဖို့အထိရည်ရွယ်ရဲ့လား ဒါမှမဟုတ် စောင့်ကြည့်စဉ်းစားနေဆဲလား taking things slowly လား စသဖြင့် အကဲခတ်ရတာ စိတ်ညစ်ညူးစရာကောင်းသလို ကိုယ့်စိတ်ခံစားချက်ကို ကိုယ်ပြန်သုံးသပ်ရတာလည်း တော်တော်အလုပ်ရှုပ်တဲ့ကိစ္စပါပဲ။မိန်းကလေးတွေမှာရှိတဲ့ ဆဌမအာရုံဆိုတဲ့ မသိစိတ်က ဒီလူကကိုယ့်ကိုယ်တကယ်ချစ်သလား မချစ်ဘူးလားဆိုတာ အာရုံခံလို့ရကြတာများပေမယ့်မိန်းကလေးအများစုကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိကြပါဘူး။ချစ်ရေးချစ်ရာနဲ့ပက်သက်လာတဲ့အခါ၊ကိုယ်တိုင်ကလည်း ဒီလူကိုချစ်မိနေပြီထင်တဲ့အခါ ဆုံးဖြတ်ချက်တွေ သုံးသပ်ချက်တွေဝေဝါးသွားတတ်ကြတာလည်း အပြစ်ဆိုလို့မရတဲ့ထုံးစံပါပဲ။ ဒါကြောင့် သူ့ရဲ့အပြုအမူတွေကို မသိမသာသတိထားကြည့်ခြင်းအားဖြင့် ကိုယ့်အပေါ်ထားတဲ့ သူ့စိတ်သဘောထားကိုတစ်စေ့တစ်စောင်းလေ့လာသိရှိရမယ်ဆိုရင် မဆိုးဘူးလို့ပြောရမှာပဲနော်။ အိုကေ.. Let’s see

 

သူ့ရဲ့အနာဂတ်အစီိအစဉ်တွေမှာ သင်ပါဝင်မယ်

သူကအနာဂတ်အကြောင်းကိုတစ်ခါတစ်လေမှပြောလေ့ရှိတယ်။ဒါပေမယ့် ပြောတဲ့အခါတိုင်းမှာ သင်ဟာ သဘာဝကျနစွာပေါင်းစပ်ပါဝင်နေခဲ့မယ်ဆိုရင်တော့ သူသင့်ကိုလက်ထပ်ဖို့စိတ်ကူးရှိတာအမှန်ပါ။ သဘာဝကျနစွာဆိုတာကဒီလိုလေ.. “ကိုယ်တို့နှစ်ယောက် နွေရာသီစံအိမ်ကြီးဆောက်ပြီးကလေးလေးတွေမွေးပြီး သက်ဆုံးတိုင်ပျော်ရွှင်စွာနေသွားကြမယ်နော်”ဆိုတဲ့စကားမျိုးက အနာဂတ်အစီအစဉ်မဟုတ်ပါဘူး။ Hopeless romantic စိတ်ကူးယဉ်ခြင်းသက်သက်ပါ။အဲ့ဒီလိုလူမျိုးက သင့်ကိုလက်ထပ်ဖို့စိတ်ကူးရှိကောင်းရှိပါလိမ့်မယ်။ဒါပေမယ့် သူနဲ့ယူမိရင်သင်ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ။ “ကိုယ်တို့နှစ်ယောက် ကြိုးစားပြီိးပိုက်ဆံအရင်စုမယ်၊ပြီးမှ လက်ထပ်ကြမယ်နော်၊ကလေးယူဖို့ကိုတော့ သေချာညှိနှိုင်းတိုင်ပင်ကြတာပေါ့”ဆိုတာမျိုးက ပိုပြီးသဘာဝကျပါတယ်။

 

သူက သင့်ကိုသွားလေရာခေါ်သွားမယ်

သူဘယ်သွားသွားသင်အမြဲပါမယ်။သူ့ဘေးမှာသင်မပါရခြင်းရဲ့တစ်ခုတည်းသောအကြောင်းပြချက်က သင့်ဘက်ကပျက်ကွက်မှု၊ငြင်းဆိုမှုကြောင့်သာဖြစ်ပြီး သူ့ရဲ့လျစ်လျူရှုမှု ဖုံးကွယ်ထားမှုတွေကြောင့်လုံးဝမဟုတ်ဘူး ဆိုရင်တော့ ဒီလူဟာ သင်သေချာပေါက်လက်ထပ်ရမယ့်သူဖြစ်ကြောင်း ယုံကြည်စိတ်ချလိုက်လို့ရပါပြီ။ဒါပေမယ့် ဘယ်လိုပဲ သူ့အနေနဲ့ သင့်ကိုချစ်လွန်းလို့သွားလေရာခေါ်ပါစေ သင့်ဘက်ကသူ့ကို အလိုက်တသိ သူ့သူငယ်ချင်းတွေနဲ့သီးသန့််အချိန်ပေးသင့်ကြောင်းမမေ့ပါနဲ့။ သင့်ရဲ့အလိုက်သိမှုလေးတွေက သူ့အချစ်တွေကိုပိုလို့ယူဆောင်ပေးပါလိမ့်မယ်။

 

သူက ဂရုတစိုက်ရှိတယ်

ချိန်းထားတဲ့အချိန်ချိန်းထားတဲ့နေရာကိုမိုးရွာရွာနေပူပူ ကားသုံးစီးပဲဆင့်တိုက်လို့လမ်းတွေပိတ်ထားထား ရောက်အောင်ကိုလာတယ်။နောက်ကျမယ်ဆိုရင်လည်း နာရီဝက်ထက်မပိုဘူး၊လမ်းမှာလည်းသင့်ကိုတလေးတစားဖုန်းဆက်ပြောသေးတယ်။သင့်အနေနဲ့ သူ့ကိုစောင့်နေရမှာမျိုး သူ့ဘက်က လုံးဝအဖြစ်မခံနိုင်ဘူး။ဒါက သူသင့်ကိုတန်ဖိုးထားတယ်၊လေးစားမှုရှိတယ်ဆိုတာပြနေတာပါ။ချစ်သူတွေပဲ ဘာနေနေခွင့်လွှတ်မှာပါဆိုတဲ့ယောက်ျားလေးတွေနဲ့တော့ကွာတာပေါ့။

 

သင့်အနားမှာ တတ်နိုင်သမျှကပ်သပ်ပြီးနေတယ်

သူနဲ့တွေ့ပြီးလို့မပြန်ခင် ခဏလောက်နေပါဦးကွာဘာညာဆိုပြီး သနားစရာပုံလေးလုပ်နေတာမျိုး သင့်အိမ်ရှေ့ထိလိုက်ပို့ပြီိးတာတောင် မပြန်ချင်သေးဘူးလို့ ချွဲနွဲ့နေတာမျိုး။ဒါတွေက သင့်စိတ်ထဲမှာပိုလိုက်တာလို့ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမယ့် သင့်ကိုသူသိပ်ချစ်တဲ့အတွက်အလေးအနက်ထားတဲ့အတွက် ဒီလိုကလေးဆန်တဲ့အပြုအမူလေးတွေရှိနေခြင်းပါ။

 

သင့်ကိုရင်ဖွင့်တယ်

သူ့ရဲ့ပြဿနာတွေ၊အလုပ်ကိစ္စတွေ၊အဆင်မပြေခြင်းတွေ စတာတွေကိုသင့်ကိုရင်ဖွင့်တယ်ဆိုရင်တော့ သင်ဟာသူ့ဘဝထဲမှာအချိန်တွေအကြာကြီိးဖြစ်တည်နေတော့မယ်လို့သူကယုံကြည်စိတ်ချထားလို့ပါ။ယောက်ျားလေးတွေက ဝမ်းနည်းနာကျင်ရခြင်းတွေကိုသူတို့ချစ်တဲ့သူတွေနဲ့မျှဝေခံစားတတ်ပြီး မိန်းကလေးတွေကတော့ ပျော်ရွှင်စရာကိစ္စရပ်တွေပဲသူတို့ ချစ်တဲ့ကောင်လေးတွေကိုပြောပြချင်တာမျိုးပါ။

 

ဒီလိုအပြုအမူလေးတွေကိုကြည့်ပြီးကောက်ချက်ဆွဲလို့ရတာရယ်သင့်ရဲ့အာရုံသိစိတ်ကပြောတဲ့စကားရယ်ကိုပေါင်းစပ်လိုက်ရင်တော့ သူသင့်ကိုဘယ်လိုသဘောထားလဲဆိုတာပုံဖော်လို့ရကောင်းပါရဲ့။ချစ်တဲ့သူနဲ့ ပက်သက်ရခြင်းမှာ ကံကောင်းကြပါစေ ကောင်မလေးတွေရေ..။

 

Unicode Format


 



 



 



 



 




 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.