ကိုယ့်ချစ်သူကောင်လေးကိုအချိန်ကြာလေပြောင်းလဲလေလို့မြင်နေတဲ့ပျိုမေတို့သိစေဖို့
Unicode
RS တစ်ခုမှာ အစပိုင်းတုန်းကချစ်တဲ့ပုံစံနဲ့ကြာလာရင် ဆက်ဆံတဲ့ပုံစံတွေဟာ တစ်ဖြည်းဖြည်းအရင်နဲ့မတူတော့ဘူးလို့ခံစားလာတတ်ကြတာ RS တိုင်းလိုလိုပါပဲ။အထူးသဖြင့် မိန်းကလေးအများစုကအစတုန်းကအင်တင်တင်သာချစ်ခဲ့ကြပြီးယောကျ်ားလေးတွေကသဲကြီးမဲကြီး ချစ်ပြခဲ့ကြပေမဲ့ RS သက်သာကြာကြာလာတဲ့အမျှကောင်လေးတွေကအေးစက်လာတက်ပြီးကောင်မလေးတွေက ပိုချစ်လာရတယ်လို့မိန်းကလေးအများစုကခံစားရလာကြပါတယ်။အချိန်တွေကြာလာတိုင်းဘာလို့အများစုသောအတွဲတွေမှာ ဒီလိုပြဿနာတွေဖြစ်လာတယ်ဆိုတာကိုနားလည်သိရှိနိုင်ဖို့လိုအပ်ပါတယ်…
(၁) ကောင်လေးတွေရဲ့အချစ်ကိုအရမ်းခံခဲ့ရလို့
မိန်းကလေးတော်တော်များများဟာ အစပိုင်းမှာ ကိုယ့်ချစ်သူကောင်လေးရဲ့အချစ်ကို သူများအားကျလောက်အောင်ခံခဲ့ရကြပါတယ်။ အာ့လိုကောင်လေးရဲ့အချစ်ကို အပြည့်အဝ အချိန်တိုင်းလိုလို ပိုင်ဆိုင်ထားနေရင်းကနေ အချိန်တွေကြာလာတာနဲ့အမျှ တစ်ခုခုသောအကြောင်းကြောင့် ကိုယ့်ကောင်လေးဘက်ကပျက်ကွက်ခဲ့တာများရှိရင် အရင်ကဒီလိုမဟုတ်ဘူး အခုမှဘာအချိုးလည်းဆိုတာမျိုးတွေးသွားတတ်ကြပါတယ်။ ဒါကောင့်အချိန်ကြာကြီးအချစ်ခံလာရတဲ့မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားလေးရဲ့ပြောင်းလဲမှုသေးသေးလေးကအစ သူတို့ကို မချစ်တော့ဘူးလို့တွေးသွားတတ်ပါတယ်။
(၂) တည်ငြိမ်RS ဖြစ်ပြီလို့ခံစားထားလို့
ကောင်လေးတွေဟာ နောက်ပိုင်းမှာအေးစက်သွားတယ်လို့ထင်တတ်ကြပါတယ်။ တကယ်လည်းမှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့သူတို့အေးစက်တယ်ဆိုတာ အချစ်တွေမဟုတ်ပဲ အပြုမူပဲအေးစက်တယ်ပြောရင်မှန်ပါတယ်။ အသက်ကြီးလာလေလေ ရင့်ကျက်လေကယောကျ်ားလေးတွေ စိတ်မို့ချစ်သူသက်တမ်းကြာလာတဲ့အခါ တည်ငြိမ်တဲ့RS တစ်ခုဖြစ်နေပြီပဲလို့ခံစားပြီး သိပ်ပြီးအရင်လိုချစ်ဖို့အတွက်ပဲအချိန်သိပ်မပေးတော့ပဲရည်မှန်းချက်အတွက်ပဲကြိုးစားတတ်ကြပါတယ်။
(၃) ကောင်လေးကိုပိုနှစ်သက်လာမိလို့
အချိန်ကြာလေလေ ကိုယ့်ကောင်လေးရဲ့ကောင်းကွက်တွေ ကိုယ့်ပေါ်ထားတဲ့ချစ်တတ်စိတ်တွေကို မိန်းကလေးတွေကပိုသိလေဖြစ်တတ်ကြပါတယ်။ ဒီလိုချိန်မှာကိုယ်ပိုင်ဆိုင်ထားတဲ့ချစ်သူကို မဆုံးရှုံးချင်တဲ့စိတ်ပိုမိုသဘောကျလာတဲ့စိတ်တွေဖြစ်လာတတ်ပါတယ်။ တကယ်တော့ကောင်လေးတွေစိတ်ကပြောင်းလဲတာမဟုတ်ပါဘူး မိန်းကလေးတွေကပိုချစ်တတ်လာလို့ကောင်လေးတွေကသူတို့လောက်မချစ်ဘူးလို့ခံစားရသွားကြတာပါ။
(၄) အများကြီးလိုက်လျောတတ်လို့
ဘယ်အရာမဆို အရမ်းလိုချင်နေတယ်ဆိုရင်တန်ဖိုးမဲ့တတ်သလို အရမ်းအပေးလွယ်တယ်ဆိုလည်း တန်ဖိုးမရှိတတ်ကြပါဘူး။ မိန်းကလေးတွေဘက်ကကောင်လေးတောင်းဆိုသမျှကို မငြင်းဆိုပဲ အလွယ်တကူလိုက်လျောတတ်တယ်သူဖြစ်မယ်ဆိုရင် မချစ်တော့တာတော့မဟုတ်ပင်မဲ့တန်ဖိုးထားဖို့ကောင်လေးတွေမေ့သွားကြပါလိမ့်မယ်။
(၅) ရိုးရိုးရှင်းရှင်းပုံသေကြီးDate ကျလို့
ကောင်မလေးတွေစိတ်ထဲမှာ တစ်ခါတစ်ခါ ချိန်းတွေ့တော့မယ်ဆိုရင် ဘာလုပ်မယ်ဘာစားမယ်ဆိုတဲ့ Planတွေနဲ့အတွေးမှာတင်ကြည်နူးစရာကောင်းအောင်ပြည့်နှက်နေတတ်ကြတာပါ။ ကောင်လေးတွေကတော့ အချိန်ကြာပြီဖြစ်တဲ့RS တစ်ခုအတွက် သိပ်ပြီး အဆန်းအပြားတွေ မလုပ်လည်းသူငါ့စိတ်ကိုသိနေပါပြီလေဆိုတဲ့စိတ်နဲ့ပေါ့ပေါ့ပါးပါး တစ်ခါတလေအိပ်ချင်မူးတူးနဲ့တောင်လာတတ်ကြတဲ့အမျိုးပါ။ ဒီလို အမူယာကိုကြည့်ပြီးကောင်မလေးတွေက ဒီလူငါ့ကိုမချစ်တော့ဘူးတန်ဖိုးမထားတော့ဘူးလို့အထင်လွဲခံစားတတ်ကြပါတယ်။
ဆိုတော့ လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးငြီးငွေ့တတ်တဲ့အမျိုးဆိုပေမဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကတော့ပြောင်းလဲခြင်းမရှိပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်အပြုမူပြောင်းလဲတာလောက်လေးနဲ့စိတ်မခုပဲ ရင်ထဲကစိတ်ကိုနားလည်သဘောပေါက်နိုင်ကြပါစေလို့ဆုတောင်းရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.