သင့်ရဲ့ အိပ်ခန်းထဲမှာ ဒီအပင်လေးတွေထားရုံနဲ့ စိတ်လက်ချမ်းသာစွာအိပ်စက်နိုင်
၁။စံပယ်ပင်
၂။လာဗင်ဒါပင်
၃။ရှားစောင်းလက်ပတ်ပင်
၎။ဇီဇ၀ါပင်
၅။English Ivy
Unicode
တစ်နေကုန်ပင်ပန်းထားသမျှညဘက်အိပ်စက်ပြီးသာ အနားယူအပန်းဖြေကြတာပါ။ ညဘက်ကောင်းကောင်းမအိပ်ရရင်တော့ အဆင်မပြေပါဘူး။နောက်တစ်နေ့အတွက် အားအင်သစ်တွေမရတဲ့အပြင် ရှိတဲ့အားအင်တွေပါဆုတ်ယုတ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့်အိပ်ခန်းထဲမှာ လေထုလတ်ဆတ်မွှေးပျံ့ဖို့နဲ့စိတ်လက်ချမ်းသာစွာ အိပ်စက်နိုင်ဖို့ကူညီပေးနိုင်တဲ့အပင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ဒီအပင်လေးတွေက လေထုကိုသန့်စင်ပေးနိုင်တယ်လို့လည်းလေ့လာချက်တွေအရသိရပါတယ်။ ဘာအပင်လေးတွေလည်းကြည့်လိုက်ရအောင်။
၁။စံပယ်ပင်
စံပင်ပင်ဟာ နူးညံ့သိမ်မွေ့တဲ့အပင်လေးဖြစ်သလို ခန္ဓာကိုယ်ရော၊စိတ်ကိုပါ နူးညံ့ပျော့ပျောင်းစေနိုင်ပါတယ်။လေ့လာချက်အရ စံပယ်ပင်ဟာ စိတ်ဖိစီးမှုကိုလျှော့
ချပေးနိုင်ပြီး ကောင်းမွန်စွာအိပ်ပျော်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။အဲ့ဒါအပြင် မနက်ထတဲ့အခါမှာလည်း တက်ကြွလန်းဆန်းစွာနဲ့နိုးထလာနိုင်ပြီး တစ်နေ့တာလုံး
လန်းဆန်းနေစေပါတယ်တဲ့။
၂။လာဗင်ဒါပင်
လာဗင်ဒါပန်းအနံ့ကိုမနှစ်သက်တဲ့သူ ဘယ်သူများရှိမလဲနော်။လာဗင်ဒါပန်းပင်ဟာ အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့အပြင် စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်တဲ့။လေ့လာချက်တွေအရ လာဗင်ဒါပန်းရနံ့ဟာ ကလေးငယ်တွေငိုတာကိုတောင် တိတ်သွားစေနိုင်ပြီး အိပ်ပျော်အောင်ကူညီပေးနိုင်ပါတယ်။ကလေးရော၊အမေမှာပါ ရှိနေတဲ့စိတ်ဖိစီးမှုတွေ ကိုပြေပျောက်သွားစေနိုင်တာပါ။ မိခင်လောင်းလေးတွေအတွက်တော့ သတင်းကောင်းပါပဲ။
၃။ရှားစောင်းလက်ပတ်ပင်
နာဆာရဲ ့လေထုကိုသန့်စင်ကောင်းမွန်စေတဲ့ထိပ်တန်းအပင်တွေထဲမှာ ရှားစောင်းအပင်ကလည်း အပါအဝင်ပါပဲ။ရှားစောင်းပင်ဟာ ညဘက်မှာလည်းလေကောင်းလေသန့်ရရှိစေပြီး စိတ်ပင်ပန်းမှုကိုပြေပျောက်စေပါတယ်။လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်တဲ့အပင် လည်း ဖြစ်ပါတယ်။ရေပုံမှန်လောင်းပေးဖို့လည်းမလိုပဲအတော်လေးစိုက်ပျိုးရသက်သာတဲ့အပင် တစ်ခုဖြစ်ပါတယ်။စျေးတွေမှာလည်းလွယ်လွယ်ကူကူဝယ်ယူရနိုင်တဲ့အတွက် အခန်းတိုင်းမှာထည့်ထားမယ်ဆိုရင်ကျန်းမာရေးအတွက်အတော်လေးကောင်းမွန်စေပါတယ်။ နရောင်တော့ကောင်းကောင်းလိုတဲ့အတွက်နေရောင်ခြည်တိုက်ရိုက်ရနိုင်တဲ့နေရာမှာထားပေးပါ။
ရှားစောင်းလက်ပတ်ဂျယ်ကိုလည်းသာမန်ရှရာ၊မီးလောင်ဒဏ်ရာ၊အင်းဆက်ပိုးမွှားတွေကိုက်ခဲ့တဲ့နေရာမှာသုံးနိုင်ပြီးအသားအရည်အတွက်လည်းကောင်းမွန်စေပါတယ်။
၄။ဇီဇဝါပင််
အစိမ်းရောင်သစ်ရွက်လေးတွေနဲ့လှပတဲ့ပန်းပွင့်လေးတွေကိုချစ်တယ်ဆိုရင် ဇီဇဝါပင်က သင့်အိပ်ခန်းအတွက် ရွေးချယ်သင့်တဲ့အပင်တစ်ပင်ပါပဲနော်။လေ့လာချက်တွေအရ ဇီဇဝါပင်က သင့်ကိုကောင်းကောင်းအိပ်ပျော်စေမယ့်အပြင် စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပြီး စိတ်ပင်ပန်းမှုတွေယူပစ်သလိုပျောက်သွားစေနိုင်ပါတယ်တဲ့။အိပ်ခန်းထဲမှာထည့်ထားနိုင်တဲ့ဇီဇဝါပင်တွေကို အလင်းရောင်ရှိတဲ့အခန်းမှာထားပေးဖို့လိုပေမဲ့နေရောင်နဲ့တိုက်ရိုက် ထိတွေ့အောင်ထားစရာမလိုပါဘူးတဲ့။တကယ်လို့သင့်မှာစိတ်ဖိစီးမှုတွေများပြားနေမယ်ဆိုရင် ဇီဇဝါပင်တွေနားမှာခဏလောက်အနားယူလိုက်တာက အကောင်းဆုံးဆေးတစ်လက်ပါပဲတဲ့။
၅။English Ivy
ဒီပန်းကလည်း နာဆာရဲ ့လေထုအသန့်စင််ပေးနိုင်ဆုံးသောထိပ်တန်းအပင်တစ်ပင်ပါ။ လေကောင်းလေသန့်ရရင်အလိုလိုစိတ်ကကြည်လင်လန်းဆန်းသွားပါတယ်။
ဒီအပင်ကလည်း စိုက်ပျိုးရတာလွယ်ကူပြီးနေရောင်ခြည်လည်းပုံမှန်သာလိုအပ်ပါတယ်။ လေ့လာချက်တွေအရ ဒီEnglish Ivy ပန်းပင်ဟာ အလက်စ်ဂျစ်ဖြစ်တာကိုလည်းသက်သာစေပြီး ညဘက်တွေကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်တဲ့။လေထုထဲက မသန့်စင်တဲ့အညစ်အကြေး ၉၄ရာခိုင်နှုန်းကိုဖယ်ရှားပေးပြီး၁၂နာရီအတွင်းလေထုကြောင့်ဖြစ်တဲ့မှိုတွေကိုလည်းဖယ်ရှားပေးနိုင်တာကိုလည်းစမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့ ကလေးငယ်တွေနဲ့အိမ်မွေးတိရစ္ဆာန်လေး
တွေအတွက်အဆိပ်ဖြစ်စေနိုင်တာကြောင့် အခန်းထဲက လုံခြုံစွာစိုက်ပျိုးနိုင်မယ့် နေရာမှာရွေးချယ်ထားဖို့လိုအပ်ပါတယ်။
469 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.