နွေရာသီမှာ ဖရဲသီးများများစားပေးသင့်တဲ့အကြောင်းရင်းများ
ဘာလို့လဲဆိုရင်…
ပါတယ်။
၎)နှလုံးကို ကျန်းမာစေတယ်
Unicode
နွေရာသီရဲ ့ရာသီစာအသီးအနှံကတော့ ဖရဲသီးပါ။ဖရဲသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။အထူးသဖြင့်ဖရဲသီးမှာ ရေဓာတ် ၉၂ရာခိုင်နှုန်းတောင်ပါဝင်လို့ ခန္ဓာကိုယ်အတွက်ရေဓာတ်လုံလောက်စွာရရှိစေပါတယ်။နွေရာသီဆိုရင် မနက် ၁၁နာရီကနေ ညနေ ၅နာရီအချိန်ကြား အပြင်ထွက်တာကိုရှောင်ရမယ့်အပြင် အပူများလို့ရေဓာတ် ချို့တဲ့မှုမဖြစ်အောင်လည်း ရာသီစာအသီးအနှံဖြစ်တဲ့ဖရဲသီးကိုစားပေးဖို့လိုပါတယ်။အပူများပြားတဲ့
ကာလဖြစ်လို့ အသားအရည်အတွက်ရော၊ကျန်းမာရေးကိုပါ ကာကွယ်ချင်တယ်ဆိုရင် ဖရဲသီးကိုများများစားပေးသင့်တဲ့အကြောင်းရင်းတွေရှိနေပါတယ်။
ဘာလို့လဲဆိုရင်…
၁)အသားအရည်နဲ့ဆံပင်ကျန်းမာရေးကိုထိန်းသိမ်းပေးတယ်
ဖရဲသီးမှာ ဗီတာမင်အေ၊အသားအရည်နဲ့ဆံပင်အတွက်ကောင်းမွန်စေတဲ့ ဘီတာကာရိုတင်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ဒါ့အပြင် ငယ်ရွယ်နုပျိုမှုတွေပေးစွမ်း
နိုင်တဲ့ lycopene ဓာတ်တွေမြင့်မားစွာပါဝင်လို့ ဖရဲသီးများများစားပေးမယ်ဆိုရင် နွေရာသီကြောင့်ဖြစ်တတ်တဲ့အသားအရည်ခြောက်သွေ့မှုတွေကိုကာကွယ်
ပြီးသားဖြစ်ပါလိမ့်မယ်။
၂)ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တယ်
ဖရဲသီးမှာ ပါဝင်တဲ့ Lycopene ဟာ အိုမင်းရင့်ရော်မှုနှေးကွေးစေလို့ ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်တဲ့။လေ့လာချက်တစ်ချို့အရလည်း lycopene
ဟာ ကင်ဆာရောဂါဖြစ်ပွားတာကိုလျှော့ချပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။
၃)ရေဓာတ်ထိန်းသိမ်းပေးတယ်
ဖရဲသီးမှာ ရေဓာတ် ၉၂ရာခိုင်နှုန်းပါဝင်တာကြောင့် ရေပုံမှန်မသောက်ဖြစ်ရင်တောင် ဖရဲသီးများများစားပေးရင် ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုထိန်းသိမ်းပေးနိုင်
ပါတယ်။
၄)နှလုံးကို ကျန်းမာစေတယ်
နှလုံးရောဂါဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံးလူသတ်သမားတွေထဲမှာအပါအဝင်ပါပဲ။ဖရဲသီးမှာပါဝင်တဲ့ Lycopene ဟာ ခန္ဓာကိုယ်ထဲက ကိုလက်စထရောနဲ့သွေးဖိအားကိုလျှော့ချပေးနိုင်လို့ နှလုံးရောဂါဖြစ်ပွားတာကို လျှော့ချပေးနိုင်ပါတယ်။
၅)လေ့ကျင့်ခန်းလုပ်ချိန်မှာလည်းသွေးဖိအားကိုပုံမှန်ဖြစ်စေတယ်
အားကစားသမားတွေ ဖရဲသီးဖျော်ရည်များများသောက်ပေးသင့်ပါတယ်။ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က သွေးကြောတွေကိုကူညီပေးနိုင်တဲ့နျူထရစ်အောက်ဆိုဒ်ကို ထုတ်ပေးပါတယ်။အဲ့ဒါကြောင့်လေ့ကျင့်ခန်းလုပ်နေစဉ်မှာ သွေးကြောတွေ ရုတ်တရက်မြင့်တက်တာ၊နိမ့်သွားတာတွေမဖြစ််စေပဲပုံမှန်အတိုင်းစီးဆင်းစေ ပါတယ်။လေ့ကျင့်ခန်းလုပ်နေတုန်းမှာ ဖရဲသီးဖျော်ရည်ကိုသောက်ပေးတာက ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါပဲ။
၆)ဖရဲသီးစားပေးသင့်တဲ့အချိန်လည်းမှတ်ထားသင့်ပါတယ်
ဖရဲသီးကို ညရနာရီကျော်ရင် မစားဖို့ကိုတိုက်တွန်းချင်ပါတယ်။ဖရဲသီးက ညအချိန်မှာ စားရင် အချဉ်ဓာတ်လေးမဆိုစလောက်ရှိလာပါတယ်။ဖရဲသီးတင်မကပါဘူး။တခြားအသီးတွေ လည်းအဲဒီလိုပါပဲ။အဲ့ဒါဟာအစာခြေဖျက်မှုကိုနှောင့်နှေးစေပါတယ်တဲ့။ဖရဲသီးစားသင့်တဲ့အကောင်းဆုံး အချိန်ကတော့ နေ့လည် ၁၂နာရီနဲ့ ၁နာရီကြားပါ။အဲ့ဒီအချိန်ဟာ အစာခြေဖျက်မှုနှုန်းမြန်ဆန်စွာလှုပ်ရှားတဲ့အချိန်ဖြစ်ပါတယ်။
124 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.