သင့်ကိုပိုမိုဆွဲဆောင်မှုရှိစေမယ့် လျို့ဝှက်ချက်တွေ

ဆွဲဆောင်မှုရှိတယ်မရှိဘူးဆိုတာ ချောတာလှတာနဲ့မဆိုင်သလိုချမ်းသာတာဆင်းရဲတာနဲ့လည်းမဆိုင်ပါဘူး။လူတိုင်းမှာ သူ့အကြိုက်နဲ့သူသူ့စိတ်ဝင်စားမှုနဲ့သူရှိကြပါတယ်။ အများအားဖြင့်လူတစ်စုနဲ့တစ်စုစိတ်ဝင်စားမှုတွေကတူညီလေ့ရှိကြပါတယ်။ ဥပမာအားဖြင့်မိန်းကလေးတွေရဲ့ယောက်ျားလေးတွေအပေါ်စိတ်ဝင်စားမှုမှာ နှစ်မျိုးကွဲတယ်။ချိုမြိန်တဲ့အပြုံးနဲ့ချစ်ဖို့ကောင်းတဲ့ အာရှတိုက်သားကိုရီးယားမင်းသားပုံစံမျိုးလေးတွေကို မြီးကောင်ပေါက်ဆယ်ကျော်သက်ကောင်မလေးတွေကစိတ်ဝင်စားကြပြီး နှစ်ဆယ်ကျော်ကနေ ရင့်ကျက်သွားတဲ့အမျိုးသမီးတွေကတော့ ကြွက်သားတွေနဲ့ ယောက်ျားပီိသတဲ့ပုံစံမျိုးတွေကိုဆွဲဆောင်မှုရှိတယ်လို့မြင်ပါတယ်။အဲ့ဒါကိုကြည့်ခြင်းအားဖြင့် စိတ်ဝင်စားမှုကိုလုပ်ယူလို့မရကြောင်းတွေ့ရသလို လူတစ်ယောက်အပေါ်ဘယ်လောက်ပဲဆွဲဆောင်မှုရှိရှိ အဲ့ဒါကိုစိတ်မဝင်စားတဲ့ခံစားလို့မရတဲ့ အခြားသူအတွက်တော့ဘယ်လိုမှဆွဲဆောင်မှုရှိတယ်လို့ကိုမမြင်တာပါ။ဒီတော့ ကိုယ်ဘယ်လိုပဲနေနေချစ်တဲ့လူကချစ်မှာပဲမချစ်တဲ့လူကမချစ်ဘူးပဲဆိုတဲ့စကားအတိုင်း သူများတွေကိုယ့်အပေါ်ထားတဲ့အမြင်တွေခံစားချက်တွေကိုသိပ်ပြီးဂရုစိုက်မနေပဲ ကိုယ့်ပျော်ရွှင်မှုကိုကိုယ့်ဘာသာရှာဖွေရမှာပါ။ကိုယ့်ရဲ့ရှိရင်းစွဲဆွဲဆောင်မှုလေးတွေကို ပိုမိုအားကောင်းလာအောင်ပြုလုပ်ရမှာတွေကတော့…

 

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ

ဒီိနေရာမှာ မိတ်ကပ်ပြင်တာ၊အဝတ်အစားလှလှလေးတွေဝတ်တာကအစ ကိုယ့်အတွေးအမြင်တွေကိုယ်ဖြစ်ချင်နေတာတွေကိုဂရုစိုက်ရပါမယ်။ကိုယ့်ကိုယ်ကိုယ်မှဂရုမစိုက်ရင် ဘယ်သူကမှလာဂရုစိုက်ပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ခဏလောက်အချိန်ပေးပြီိးမေးခွန်းတချို့မေးကြည့်ပါ။ဘဝမှာနေရတာကျေနပ်ရဲ့လား၊ဘာဖြစ်ချင်နေတာရှိလဲ၊အဲ့ဒါကိုဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ။အဖြေကိုကိုယ့်ကိုယ်တွင်းကပဲရှာပါ။ပြင်ပအကူအညီတစ်ခုခုကိုမမျှော်လင့်ပါနဲ့။

 

မကြာခဏပြုံးပါ

အပြုံးဆိုတာ လှပမှုရဲ့လျို့ဝှက်ချက်တစ်ခုပါ။ ဘယ်လောက်ပဲ ရုပ်ဆိုးတဲ့သူဖြစ်နေပါစေ ပြုံးလိုက်ရင်တော့တစ်မျိုးတစ်ဖုံကြည့်ကောင်းသွားတတ်ကြတာပါပဲ။သင်ကမိန်းကလေးတစ်ယောက်ဆိုရင် ပိုလို့တောင်ပြုံးသင့်ပါတယ်။ပြုံးရွှင်ရယ်မောနေတဲ့မိန်းကလေးတွေကို တွေ့တဲယောက်ျားလေးတိုင်းနီးပါးကကြွေတတ်ကြပါတယ်တဲ့။ ဒါကြောင့်မကြာခဏပြုံးပါ။ အဲ…ဖော်ရွေတဲ့အပြုံးနဲ့အထာပေးတဲ့အပြုံးတော့ကွဲပါစေပေါ့နော်။

 

အနီရောင်ဝတ်ဆင်ပါ

အနီရောင်ဆိုတာ ခွန်အားရှိတဲ့အရောင်ပါ။ဆေးပညာဆိုင်ရာသုတေသနပြုချက်တွေအရ အနီရောင်ကိုမြင်လိုက်တာနဲ့လူတွေရဲ့ခေါင်းထဲမှာအလိုအလျောက်ဝင်လာတတ်တဲ့အရာတွေက စိတ်အားသန်မှု၊နှင်းဆီ၊နွေးထွေးမှုနဲ့ ပြင်းပြတဲ့ဆန္ဒတွေပဲဖြစ်ပါတယ်။ အနီရောင်ကိုအဝတ်အထည်အဖြစ်ခန္ဓာကိုယ်ပေါ်မှာဆင်မြန်းလိုက်တဲ့အခါ နဂိုသိပ်မချောတဲ့လူတွေတောင်ဆွဲဆောင်မှုပိုရှိသွားတတ်ကြတာအမှန်ပါပဲ။

 

သိပ်ပြီးနားလည်ရခက်အောင်မနေပါနဲ့

ကိုယ့်ချစ်သူကကိုယ့်ကိုနားလည်ရခက်အောင်နေခြင်းဟာ ကိုယ်ချစ်တဲ့သူကိုအမြဲလိုလိုခန့်မှန်းရခက်အောင်လုပ်ထားသလိုဖြစ်တာကြောင့် သူ့အချစ်ကိုပိုပြီးကြာကြာထိန်းထားနိုင်မယ်လို့အချို့သောညဏ်ကြီးရှင်တွေကတွေးလေ့ရှိပါတယ်။တကယ်တမ်းတော့အဲ့ဒါသိပ်ကိုမှားတဲ့အတွေးပါ။ အဲဒီ့လိုလုပ်လို့ ခန့်မှန်းရတာကောက်ချက်ဆွဲရတာအရိပ်တကြည့်ကြည့်လုပ်ရတာမောပန်းလာတဲ့အခါ သင့်ကိုထားခဲ့ပြီးထွက်သွားမှာမျိုးပဲဖြစ်လာစရာရှိပါတယ်။ဒါကြောင့်ဘာမဆိုပွင့်ပွင့်လင်းလင်းပြေဆိာုဆက်ဆံပါ။သိပ်ပြီးလျို့ဝှက်သည်းဖိုတွေမဆန်ပါနဲ့။ဘဝဟာရုပ်ရှင်ကားတစ်ခုမဟုတ်ပါဘူး။

 

စကားပြောသံကိုအပြောင်းအလဲလုပ်ပါ

မိန်းကလေးတွေဆိုအသံကိုကြည်လင်ပြတ်သားစွာပြောပါ။အိစိအိစိနဲ့မပွင့်တစ်ပွင့်ပြောတဲ့အသံတွေဟာ တွေ့ကာစမှာရင်ခုန်စရာဖြစ်နိုင်ပေမယ့်အချိန်ကြာလာလေစိတ်ပျက်စရာကောင်းလာလေဖြစ်သွားတတ်ပါတယ်။ယောက်ျားလေးတွေဆိုရင်တော့ အသံကိုတတ်နိုင်သမျှနှိမ့်ပြီးပြောပါ။ အီစီကလီသံနဲ့ပြောခိုင်းတာမဟုတ်ပါဘူး။နူးညံ့ပေမယ့်ခွန်အားရှိတဲ့အသံမျိုးပါ။ အဲ့ဒီိ့လိုအသံမျိုးနဲ့အနားကပ်ပြီးအပြောခံလိုက်ရပြီဆိုရင်မကြွေနဲ့မိန်းကလေးဆိုတာမရှိသလောက်ပါ။ကိုယ်ပြောတာယုံပါ။

 

ခုဖော်ပြထားတာတွေကတော့ ကိုယ့်မှာရှိနှင့်ပြီးသားဆွဲဆောင်မှုကိုထင်ရှားလာစေဖို့ လုပ်သင့်တဲ့အချက်ကလေးတွေပါ။ အသုံးဝင်မယ်လို့ထင်ပါတယ်။ကံကောင်းကြပါစေ။

 

Unicode Format

 


















 

350 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.