ပျော်ရွှင်ခိုင်မာတဲ့RSတစ်ခုဖြစ်ဖို့အတွက်ခဏခဏပြောပေးသင့်တဲ့စကားလေးတွေ…
(၁) သတိရတယ်
(၈) ချစ်တယ်
Unicode
RS တစ်ခုတည်မြဲဖို့ဆိုတာလွယ်ကူလှတဲ့အရာတော့မဟုတ်ပါဘူး။ တစ်ယောက်ပေါ်တစ်ယောက်များစွာသာသည်းခံမှုတွေ နားလည်မှုတွေစိတ်ရှည်မှုတွေနဲ့တည်ဆောက်ကြရတာပါ။ ဆိုတော့ တည်မြဲတဲ့ပတ်သတ်မှုတစ်ခုဖြစ်စေဖို့အတွက်ဘယ်လိုစကားလေးတွေကိုနေ့စဉ်ပုံမှန်ပြောပေးဖို့လိုသလဲဆိုတာသိရှိစေဖို့အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်
(၁) သတိရတယ်
သတိရတယ်ဆိုတဲ့စကားကို အမြဲတမ်းလိုလိုသတိရတိုင်းပြောပေးဖို့ မမေ့ပါနဲ့။ ဘာမှမပင်ပန်းတဲ့စကားလေး လေးလုံးကတစ်ဖက်လူရဲ့စိတ်ကို ကြည်နူးမှုအပြည့်ရစေတာမို့ကိုယ့်ချစ်သူကို သတိရတယ်ပြောဖို့ဝန်မလေးပါနဲ့။
(၂) ဒီနေ့တစ်နေ့လုံးအဆင်ပြေရဲ့လား
တစ်နေ့လုံးကိုယ့်ကိစ္စနဲ့ကို ကိုယ်စီအလုပ်များနေကြတတ်ပင်မဲ့အားတဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ်ခဏလောက်အချိန်ပေးပြီး ဒီနေ့အဆင်ပြေရဲ့လားဘယ်သူတွေနဲ့တွေ့ပြီးဘာကိစ္စတွေထွေထွေထူးထူးရှိသလဲစသည်ဖြင့်အပြန်အလှန်ဂရုတစိုက်ပြောပေးသင့်ပါတယ်။
(၃) မှတ်မိသေးလား ဟိုကိစ္စ…
အမှတ်မထင်ရင်မထင်သလို နှစ်ယောက်တူတူပြောဖူးတဲ့ကိစ္စလုပ်ဖူးတဲ့ကိစ္စလေးတွေကို ပြန်ပြန်အစဖော်ပြီးပြောပေးသင့်ပါတယ်။ နှစ်ယောက်လုံးနဲ့သက်ဆိုင်တဲ့အမှတ်တရလေးတွေကို ခဏခဏပြန်လည်ပြောဆိုပေးပါ။
(၄) ကိုယ်ဘယ်လိုကူညီပေးရမလဲ
ကိုယ့်အလုပ်ကိုယ်လုပ်ဆိုတာမျိုးမဟုတ်ပဲတစ်ယောက်နဲ့တစ်ယောက် လိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေ ဘာကူညီပေးရအုံးမလဲဘာလုပ်ပေးရအုံးမလဲ ဆိုတာမျိုးကို မေးမေးပေးပါ။ တစ်ယောက်အပူကိုတစ်ယောက်ယူဖို့ဝန်မလေးဖူးဆိုတာပေါ်လာပါလိမ့်မယ်။
(၅) အရမ်းကြည့်ကောင်းတာပဲ
ကိုယ်တကယ်ချစ်တာပဲ လှတာမလှဘူး ကြည့်ကောင်းတယ်မကောင်းဘူးပြောစရာမလိုဘူး မထင်လိုက်ပါနဲ့။ လူတွေက တစ်ခြားသူတွေထက်ကိုယ်ချစ်ရသူတွေရဲ့ချီးကျူးစကားတွေ မြှောက်ပင့်စကားတွေကို ပိုသဘောကျအားရှိစေတာပါ။
(၆) ကိုယ်မှားသွားတယ်,မင်းမှန်တယ်
ကိုယ်အမှားလုပ်မိတယ်လို့သိရတဲ့အခါ တောင်းပန်ဖို့ဝန်မလေးပါနဲ့။ မမှားဘူးဆိုရင်တောင်တော်ရုံပြဿနာကို ကိုယ့်ဘက်ကသာစလျော့ပေးလိုက်ပါ။ အလျော့ပေးတယ်ဆိုတာ မေတ္တာအားဖြင့်အနိုင်ရခြင်းတစ်မျိုးပါပဲ။
(၇) ကျေးဇူးပြု၍…ကျေးဇူးတင်ပါတယ်
တစ်ခုခုကိုတောင်းဆိုခြင်တဲ့ အခါ ကျေးဇူးပြုပြီး လုပ်ပေးပါကွာနော်။ ဆိုတာမျိုးလေး အလေးနက်ထားတဲ့စကားတွေကိုသုံးပေးပါ။ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားတွေကိုလည်းပြောပေးဖို့ဝန်မလေးပါနဲ့။
(၈) ချစ်တယ်
သိပ်အရေးပါတဲ့စကားပါ။ RS တစ်ခုကြားမှာ ဒီစကားဟာ မပြောဖြစ်တာမျိုးကြာပြီဆိုရင် စိတ်ခြင်းစိမ်းနေကြတာကြာပြီဖြစ်ပါလိမ့်မယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်နေတာပဲပြောစရာလိုသေးလားလို့မတွေးပါနဲ့။ တစ်ယောက်ပေါ်တစ်ယောက်စိတ်မကုန်သေးဘူးဆိုတာကိုပြလို့ရတာဆိုလို့ဒီစကားလေးပဲရှိပါတယ်။ဒါကြောင့်ချစ်တယ်ကို မချွေတာပဲအချိန်တိုင်းပြောပေးဖို့လိုပါတယ်။
3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.