မမေတြရင္ထဲေနရာယူထားမိတဲ႔ေကာင္ေလးမ်ိဳးဆိုတာ

ခုေနာက္ပိုင္း မမနဲ႕ေမာင္ဇာတ္လမ္းေလးေတြမ်ားသပါ႔ေနာ္။ မမေတြဟာ သူတို႕ထက္အသက္ငယ္တဲ႔ေကာင္ေလးေတြကိုဘာလို႕ခ်စ္မိခဲ႔တာလည္း၊ဘယ္လုိပံုစံေကာင္ေလးေတြကို သူတို႕ေရြးခ်ယ္ျပီးသေဘာက်မိတတ္ျကတာလည္းဆိုတာသိေစဖို႕ မမေတြသေဘာက်မိတဲ႔ေကာင္ေလးေတြရဲ႕အခ်က္အနည္းငယ္ကဘာလည္းဆိုတာ…
(၁) သူတို႕ကိုတန္ဖိုးထားေလးစားတဲ႔ေကာင္ေလး
မိန္းကေလးေတြဟာအသက္ငယ္ငယ္ျကီးျကီးသူတို႕ကို ခ်စ္တာထက္တန္ဖိုးထားတာကိုမသိစိတ္ကပိုမက္ေမာတတ္ျကပါတယ္။ သူတို႕အေပၚကိုေနရာတကာမွာတန္ဖိုးထားဦးစားေပး ေနရာေပးတတ္တဲ႔ေကာင္ေလးမ်ိဳးကို စိတ္ထဲအျကိုက္ေတြ႕ေနတတ္ပါတယ္။ သူတို႕မွာ စြမ္းေဆာင္
နိုင္ရည္အေသးေလးပဲရွိေနပါေစအံုးေတာ႔ အဲ႔နည္းနည္းေလးကိုပဲခ်ီးက်ဴးေပးတတ္ျပီးတိုးတတ္ေအာင္တိုက္တြန္းတတ္တဲ႔ေကာင္ေလးမ်ိဳးကိုသေဘာက်တတ္ပါတယ္။
(၂) လူျကီးတစ္ေယာက္လိုစိတ္ပူေပးတတ္တဲ႔ေကာင္ေလး
ဘယ္ေလာက္ပဲ အသက္ငယ္တယ္ေျပာေျပာ မိန္းကေလးဆိုတာမ်ိဳးဟာ ကိုယ္႔ကိုဂရုတစိုက္နဲ႕စိတ္ပူေပးတတ္တဲ႔ေကာင္ေလးမ်ိဳးကိုသေဘာက်တတ္ျကတာပါ။ကိုယ္႔ထက္အသက္ျကီးတဲ႔အမ်ိဳးသားကကိုယ္႔ကိုစိုးရိမ္စိတ္ပူျပတာသိပ္မဆန္းပင္မဲ႔အသက္ငယ္တဲ႔ေကာင္ေလးေတြရဲ႕လူျကီးတစ္ေယာက္လိုစိတ္ပူျပမႈကေတာ႔ မမေတြအတြက္ဆြဲေဆာင္မႈရွိတတ္လြန္းပါတယ္။
(၃) သေဘာထားျကီးတဲ႔ေကာင္ေလး
အသက္ငယ္ပင္မဲ႔ေတြးေခၚနိုင္စြမ္းနဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာျမင္႔မားျပီးသေဘာထားျကီးတတ္တဲ႔ေကာင္ေလးေတြကိုေျကြတတ္ျကပါတယ္။ေတာ္ေတာ္မ်ားမ်ားအသက္ငယ္တဲ႔ေကာင္ေလးေတြဟာ မိုက္ရူးရဲဆန္တတ္ျကပါတယ္။ဒီလိုလူေတြထဲကမွ သေဘာထားျပည္႔ျပည္႔၀၀နဲ႕စိတ္ဓာတ္
ျကံ႕ခိုင္တဲ႔ေကာင္ေလးေတြကို နွစ္သက္တတ္ျကပါတယ္။
(၄) ဘ၀ရည္မွန္းခ်က္ခိုင္မာတဲ႔ေကာင္ေလး
ေသခ်ာတာေတာ႔မမဆိုသူေတြဟာ ရည္ရြယ္ခ်က္ေတြနဲ႕ျပည္႕နွက္ေနတဲ႔အသက္ရြယ္အပိုင္းျခားတစ္ခုကိုေရာက္ေနတတ္ျကပါျပီ။ဆိုေတာ႔သူတို႕ကိုယ္တုိင္လည္းရည္ရြယ္ခ်က္ျကီးမားသလုိသူတုိ႕နဲ႕လက္တြဲမဲ႔သူကိုလည္းထိုနည္းတူျဖစ္ေစခ်င္မွာပါ။ လူငယ္ဆိုျပီး အခ်ိန္တိုင္းလြတ္လပ္ေပ်ာ္ပါးေနတာမ်ိဳးမဟုတ္ပဲ သူ႕ရည္ရြယ္ခ်က္နဲ႕သူ၊ သူ႕ပန္းတိုင္နဲ႕သူ ေျဖာင္႔ေျဖာင္႔တန္းတန္းသြားေနတဲ႔ ေကာင္ေလးမ်ိဳးကို ေလးစားသေဘာက်မိတတ္ျကပါတယ္။
(၅) လြတ္လြတ္လပ္လပ္ေတြးေခၚတတ္တဲ႔ေကာင္ေလး
သူမ်ားေျပာတိုင္းသူမ်ားနည္းတူေနာက္ေယာက္လုိက္တတ္တဲ႔သူမ်ိဳးမဟုတ္ပဲ ကိုယ္ပိုင္ဆန္းသစ္တဲ႔အေတြးအေခၚေတြနဲ႕ရဲရဲ၀ံ့၀ံ့လုပ္ကိုင္ေဆာင္ရြက္တတ္တဲ႔ေကာင္ေလးမ်ိဳးကိုသေဘာက်တတ္ျကပါတယ္။ ဆန္းသစ္တဲ႔အေတြးအေခၚေတြ ဆန္းဆန္းျပားျပားေလးသူတို႕ကုိခ်ည္းကပ္တာမ်ိဳးကို
လည္း မမေတြကသေဘာေတြ႕တတ္ျကပါတယ္။

ဆိုေတာ႔ ကိုယ္သာမမ ဆိုရင္ ဘယ္လိုအခ်က္ေတြနဲ႕ျပည္႕စံုတဲ႔ေကာင္ေလးမ်ိဳးကို ေျကြမိတတ္ျကသလဲ…. ကိုယ္သာေကာင္ေလးဆိုရင္ေကာ ကိုယ္တိုင္မမေတြ အေျကြခံရတဲ႔ ေကာင္ေလးမ်ိဳးလားဆိုတာ…

Unicode

ခုနောက်ပိုင်း မမနဲ့မောင်ဇာတ်လမ်းလေးတွေများသပါ့နော်။ မမတွေဟာ သူတို့ထက်အသက်ငယ်တဲ့ကောင်လေးတွေကိုဘာလို့ချစ်မိခဲ့တာလည်း၊ဘယ်လိုပုံစံကောင်လေးတွေကို သူတို့ရွေးချယ်ပြီးသဘောကျမိတတ်ကြတာလည်းဆိုတာသိစေဖို့ မမတွေသဘောကျမိတဲ့ကောင်လေးတွေရဲ့အချက်အနည်းငယ်ကဘာလည်းဆိုတာ…
(၁) သူတို့ကိုတန်ဖိုးထားလေးစားတဲ့ကောင်လေး
မိန်းကလေးတွေဟာအသက်ငယ်ငယ်ကြီးကြီးသူတို့ကို ချစ်တာထက်တန်ဖိုးထားတာကိုမသိစိတ်ကပိုမက်မောတတ်ကြပါတယ်။ သူတို့အပေါ်ကိုနေရာတကာမှာတန်ဖိုးထားဦးစားပေး နေရာပေးတတ်တဲ့ကောင်လေးမျိုးကို စိတ်ထဲအကြိုက်တွေ့နေတတ်ပါတယ်။ သူတို့မှာ စွမ်းဆောင်
နိုင်ရည်အသေးလေးပဲရှိနေပါစေအုံးတော့ အဲ့နည်းနည်းလေးကိုပဲချီးကျူးပေးတတ်ပြီးတိုးတတ်အောင်တိုက်တွန်းတတ်တဲ့ကောင်လေးမျိုးကိုသဘောကျတတ်ပါတယ်။
(၂) လူကြီးတစ်ယောက်လိုစိတ်ပူပေးတတ်တဲ့ကောင်လေး
ဘယ်လောက်ပဲ အသက်ငယ်တယ်ပြောပြော မိန်းကလေးဆိုတာမျိုးဟာ ကိုယ့်ကိုဂရုတစိုက်နဲ့စိတ်ပူပေးတတ်တဲ့ကောင်လေးမျိုးကိုသဘောကျတတ်ကြတာပါ။ကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသားကကိုယ့်ကိုစိုးရိမ်စိတ်ပူပြတာသိပ်မဆန်းပင်မဲ့အသက်ငယ်တဲ့ကောင်လေးတွေရဲ့လူကြီးတစ်ယောက်လိုစိတ်ပူပြမှုကတော့ မမတွေအတွက်ဆွဲဆောင်မှုရှိတတ်လွန်းပါတယ်။
(၃) သဘောထားကြီးတဲ့ကောင်လေး
အသက်ငယ်ပင်မဲ့တွေးခေါ်နိုင်စွမ်းနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမြင့်မားပြီးသဘောထားကြီးတတ်တဲ့ကောင်လေးတွေကိုကြွေတတ်ကြပါတယ်။တော်တော်များများအသက်ငယ်တဲ့ကောင်လေးတွေဟာ မိုက်ရူးရဲဆန်တတ်ကြပါတယ်။ဒီလိုလူတွေထဲကမှ သဘောထားပြည့်ပြည့်ဝဝနဲ့စိတ်ဓာတ်
ကြံ့ခိုင်တဲ့ကောင်လေးတွေကို နှစ်သက်တတ်ကြပါတယ်။
(၄) ဘဝရည်မှန်းချက်ခိုင်မာတဲ့ကောင်လေး
သေချာတာတော့မမဆိုသူတွေဟာ ရည်ရွယ်ချက်တွေနဲ့ပြည့်နှက်နေတဲ့အသက်ရွယ်အပိုင်းခြားတစ်ခုကိုရောက်နေတတ်ကြပါပြီ။ဆိုတော့သူတို့ကိုယ်တိုင်လည်းရည်ရွယ်ချက်ကြီးမားသလိုသူတို့နဲ့လက်တွဲမဲ့သူကိုလည်းထိုနည်းတူဖြစ်စေချင်မှာပါ။ လူငယ်ဆိုပြီး အချိန်တိုင်းလွတ်လပ်ပျော်ပါးနေတာမျိုးမဟုတ်ပဲ သူ့ရည်ရွယ်ချက်နဲ့သူ၊ သူ့ပန်းတိုင်နဲ့သူ ဖြောင့်ဖြောင့်တန်းတန်းသွားနေတဲ့ ကောင်လေးမျိုးကို လေးစားသဘောကျမိတတ်ကြပါတယ်။
(၅) လွတ်လွတ်လပ်လပ်တွေးခေါ်တတ်တဲ့ကောင်လေး
သူများပြောတိုင်းသူများနည်းတူနောက်ယောက်လိုက်တတ်တဲ့သူမျိုးမဟုတ်ပဲ ကိုယ်ပိုင်ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ရဲရဲဝံ့ဝံ့လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ကောင်လေးမျိုးကိုသဘောကျတတ်ကြပါတယ်။ ဆန်းသစ်တဲ့အတွေးအခေါ်တွေ ဆန်းဆန်းပြားပြားလေးသူတို့ကိုချည်းကပ်တာမျိုးကို
လည်း မမတွေကသဘောတွေ့တတ်ကြပါတယ်။

ဆိုတော့ ကိုယ်သာမမ ဆိုရင် ဘယ်လိုအချက်တွေနဲ့ပြည့်စုံတဲ့ကောင်လေးမျိုးကို ကြွေမိတတ်ကြသလဲ…. ကိုယ်သာကောင်လေးဆိုရင်ကော ကိုယ်တိုင်မမတွေ အကြွေခံရတဲ့ ကောင်လေးမျိုးလားဆိုတာ…

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.