ချစ်သူအဖြစ်လက်ခံမိရင် ငါးပါးမှောက်မယ့်လူမျိုးတွေ

ဒီစာကတော့ မိန်းကလေးတွေအတွက်ပါ။ ဟုတ်ပါတယ်။ခုခေတ်ကြီးကသိပ်ကိုခေတ်နောက်ကျနေတာမဟုတ်ပေမယ့်လည်းပဲ မိန်းကလေးအများစုကတော့ သူတို့သိပ်ကိုကြွေရတဲ့ ယောက်ျားလေးတစ်ယောက်ယောက်မဟုတ်ရင် ဘယ်လိုနည်းနဲ့မှ ကိုယ့်ဘက်ကစိတ်ဝင်စားမှုကိုစတင်ဖော်ပြဖို့စိတ်မကူးကြပါဘူး။စိတ်ဝင်စားမှုဆိုတာကလည်း ရှိဦးမှကိုး။ဒီတော့ ကိုယ့်ကိုလာပြီးစိတ်ဝင်စားချစ်ရေးဆိုကြတဲ့သူတွေကိုပဲလေ့လာပြီးတွဲရင်ကောင်းမလားစဉ်းစားတတ်ကြပါတယ်။ အဲဒီ့မှာတစ်စုံတစ်ယောက်ကိုချစ်သူအဖြစ်ရွေးဖို့မဆုံးဖြတ်ခင် ထည့်သွင်းစဉ်းစားရမယ့်အချက်ကလေးတွေက အရေးကြီးပါတယ်။မှားပြီးရွေးမိရင်အသက်အန္တရာယ်ပါစိုးရိမ်ရတယ်မဟုတ်လား။အက်စစ်နဲ့ပက်တာတို့ ဆိုင်ကယ်ပေါ်ကနေဓားနဲ့ထိုးသွားတာတို့ တကယ့်ကိုအရွေးမတော်တစ်ယောက်ဆိုသလို ရည်းစားထားချင်စိတ်ကုန်ခမ်းအောင်ဒုက္ခပေးတတ်ကြတဲ့သတင်းတွေရယ်ပါ။ ဒီတော့ အရွေးမှားမိရင်ငါးပါး ဆယ်ပါးမက သံဃာစင်ပါမှောက်မယ့်အရေးကလွတ်ကင်းအောင် ဒီအချက်လေးတွေကိုဂရုတစိုက်ကြည့်ရှု့ရွေးချယ်ဖို့လိုပါတယ်။

 

ခရီးသွားရတာနှစ်သက်သူ

Don’t marry,save money and travel ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီိးအားနေရင်ခရီးထွက်ဖို့ပဲစိုင်းပြင်းနေတတ်သူတွေပါ။ သူကခရီးသွားရတာကြိုက်တာကြောင့် သူ့မှာ နေရာတော်တော်များများနဲ့ပက်သက်ပြီးအတွေ့အကြုံတွေ ဗဟုသုတတွေရှိမယ် လူပေါင်းစုံနဲ့တွေ့ဖူးလို့သည်းခံစိတ်ရှိမယ် ဖြစ်သလိုနေတတ်စားတတ်မယ်။စကားပြောကောင်းမယ်၊အထင်ကြီိးစရာကောင်းမယ်၊ခရီးတွေခဏခဏထွက်နေနိုင်ဖို့ရာ တည်ငြိမ်တဲ့ငွေဝင်စီးကြောင်းတစ်ခုရှိနေမယ် စသဖြင့် ချစ်သူတစ်ယောက်ဖြစ်ဖို့ရာ သိပ်ကိုသင့်တော်တဲ့အရည်အချင်းတွေသူ့မှာမြင်တွေ့နေရပါလိမ့်မယ်။ဒါတွေကိုကြည့်ပြီးချစ်သူအဖြစ်လက်ခံလိုက်မိပြီဆိုရင်တော့ သင် ကံဆိုးမိုးမှောင်ကျပါပြီ။ ဒီလိုလူမျိုးကမိတ်ဆွေအဖြစ်ပဲလက်ခံဖို့သင့်တော်သူတွေပါ။သူက အားနေရင်ခရီးထွက်ဖို့လောက်ကလွဲပြီးအတွေးထဲမှာမရှိပါဘူး။ချစ်သူဘဝမှာ ခရီးတွေအတူတူထွက်ခြင်းဟာပျော်ဖို့ကောင်းနိုင်ပေမယ့် အိမ်ထောင်သည်ဘဝရောက်သွားရင်တော့ ကလေးတွေနဲ့သင့်ကိုအိမ်မှာပစ်ထားခဲ့ပြီးခရီးတွေထွက်နေမယ့်သူမျိုးပါ။ ဒါမှမဟုတ် သင့်ကိုလက်ထပ်ချင်စိတ်ရှိရင်တောင်ကံကောင်းပါ။ဒီလိုလူမျိုးတွေက မိန်းကလေးတစ်ယောက်ကိုအတည်တကျလက်ထပ်ယူဖို့ထက် ခရီးတွေထွက်ပြီးရောက်တဲ့နေရာတွေကမိန်းကလေးတွေနဲ့တစ်ခန်းရပ်ပြဇာတ်လေးတွေဖန်တီးဖို့လောက်သာအားသန်သူပါ။ချစ်သူဘဝမှာ သူတစ်ယောက်တည်းခရီးတွေခဏခဏထွက်ပြီး အခြားကကောင်မလေးတွေနဲ့ဖောက်ပြန်မနေဘူးလို့ရောဘယ့်နှယ့်လုပ်စိတ်ချနိုင်ပါ့မလဲ။နောက်ပြီးခရီးတွေအစဉ်အမြဲထွက်နေတော့ရှာသမျှပိုက်ဆံကစုမိဖို့ခဲယဉ်းတာကိုလည်းထည့်စဉ်းစားရပါမယ်။ Say No to travel addicts ပါ။

 

ကြောင်ချစ်သူ၊ခွေးချစ်သူတွေ

ရှင်းရှင်းလေးပါပဲ။ တိရစ္ဆာန်တစ်ကောင်နဲ့ပြိုင်ပြီးသူ့အချစ်ကိုဝေစားမျှစားလုပ်ရမယ့်ဘဝမျိုးကိုမရောက်ချင်ရင် ဒီလိုလူမျိုးတွေကိုလှည့်တောင်မကြည့်ပါနဲ့။သူတို့ကအချိန်ရှိတိုင်း သူတို့ခွေးတွေကြောင်တွေအကြောင်းပဲစဉ်းစားတွေးတောနေသူတွေပါ သင်ကံမကောင်းရင် သူတို့ရဲ့ခွေးတွေကြောင်တွေက သင်တို့နှစ်ယောက်ရဲ့ကြည်နူးဖွယ်အချိန်လေးတွေ နှစ်ယောက်တည်းဓာတ်ပုံလေးတွေမှာကန့်လန့်ကန့်လန့်နဲ့လိုက်ပါဖျက်ဆီးတာကိုပါကြုံရနိုင်ချေရှိပါတယ်။

 

Gym Spirits တွေ

Gym ဆော့ရတာကိုအရမ်းကြိုက်သူတွေ၊ခန္ဓာကိုယ်ကိုမှန်ထဲမှာအရိပ်တကြည့်ကြည့်နဲ့ ကြည့်မဝရှု့မဝဖြစ်နေသူတွေ အဲ့လိုလူတွေနဲ့ကြိုက်မိရင်တော့သင့်ဘဝဟာမတွေးရဲစရာပါပဲ။ ခန္ဓာကိုယ်လှပကြံ့ခိုင်အောင် Gym ကစားတာက ဘာမှမမှားပါဘူး။ဒါပေမယ့်ခန္ဓာကိုယ်ကိုတွယ်တာလွန်းနေတာ အရိပ်တကြည့်ကြည့်လုပ်နေတာကတော့ သိပ်မကောင်းပါဘူး။သူ့ခန္ဓာကိုယ်သူ့သဘောကပြဿနာမရှိပေမယ့် ကိုယ့်ခန္ဓာကိုယ်ကိုပါသူ့စိတ်ကြိုက်လိုက်နေဖို့တွန်းအားပေးတော့မှာအမှန်ပါ။ တစ်နေ့ကို workout ဘယ်နှစ်နာရီလုပ်ရမယ်တို့ ဘာတွေမစားရဘူးတို့ဘာတို့လိုက်ပြီးချုပ်ချယ်တော့မယ့်အပြင် မနက်စောစောထပြီးပြေးရမယ်တို့ဘာတို့ပါပါလာရင်သွားပါပြီ။

 

တွေးခေါ်ပညာရှင်တွေ

ဟိုတွေးဒီတွေးဟိုပြောဒီပြောနဲ့လူကတော့ဘာမှမဟုတ် ကြီးကြီးကျယ်ကျယ်တွေပြောတတ်တဲ့ လူတွေပါ။ တစ်ခုခုဆိုဆရာကြီးလုပ်ဖို့ပဲအားသန်လေ့ရှိကြပြီး သူတို့ပြောတာမှအမှန်ဆိုပြီးတယူသန်စိတ်ဓာတ်ဆွဲကိုင်ထားတဲ့ မောင်မင်းကြီးသားတွေပါ။ များသောအားဖြင့်သူတို့ပြောတဲ့စကားတွေဟာ သာမန်လူတွေတွေးလေ့ပြောလေ့မရှိတဲ့ အူတူတူဆန်းပြားတဲ့စကားတွေဖြစ်လေ့ရှိကြပါတယ်။ ဒါက တစ်ခါတစ်လေဆိုရင်တော့ cool ဖြစ်တယ်အထင်ကြီးစရာကောင်းတယ်လို့အထင်ရောက်နိုင်ပေမယ့် တစ်သက်လုံးဒီလိုအကျင့်စရိုက်မျိုးရှိတဲ့လူနဲ့လက်တွဲသွားဖို့တော့ဘယ်လိုမှအဆင်မပြေပါဘူး။အဲ့ဒီလိုလူတွေဟာရောက်လေရာမှာလူမုန်းများတတ်တာမို့ သူတို့နဲ့ရောပြီးကိုယ်ပါအမုန်းခံရနိုင်ပါတယ်။

 

လူ့ပေါ်ကြော့တွေ

ပေါ့ပေါ့နေပေါ့ပေါ့စား။ပါတီိတွေကလပ်တွေအမြဲတမ်းသွား ပါးစပ်ကတဖွဖွရွတ်လေ့ရှိတဲ့စကားက YOLO you only live once ။ စိတ်ပျက်စရာ ပျော်ဖို့ပါးဖို့လောက်ကလွဲပြီိးဘာမှအာရုံမရတဲ့သူ။ ဒီလိုလူမျိုးတွေကိုကြိုက်တတ်တဲ့သူတွေကလည်း မမြင်ဖူးမူးမြစ်ထင်ဆယ်ကျော်သက်လေးတွေလောက်ပဲများပါတယ်။ တည်ငြိမ်နေပြီိဖြစ်တဲ့မိန်းကလေးတွေနဲ့လူ့တန်ဖိုးသိတဲ့မိန်းကလေးတွေကတော့ နှစ်ခါပြန်မကြည့်တတ်ကြပါဘူး။သူတို့ကိုကိုယ်နဲ့ကြိုက်ပြီးရင်တော့ပြောင်းလဲပေးမယ်လေဆိုပြီး ကြိုက်လိုက်မိရင် တော်တော်ရယ်ရတဲ့ဟာသတစ်ပုဒ်ဖြစ်သွားပါလိမ့်မယ်။အဲ့ဒီ့လိုလူတွေဟာ ရုပ်ရှင်တွေထဲကလို တော်ရုံနဲ့ဘဝသိပြီးပြောင်းလဲလာတတ်တာကမရှိသလောက်ရှားသားလား။ဝေးဝေးကရှောင်ပါ။

 

ကားချစ်သူတွေ

တကယ်တော့သူတို့မှာရည်းစားမလိုပါဘူး။ ကားရှိပြီးသားပဲလေ xD သူက သူ့ကားကလွဲ ဖွဲနဲ့စကွဲဆိုသလို သင်နဲ့အတူရှိနေချိန်မှာတောင်သူ့ကားကိုဘယ်လိုတွေပြင်ဆင်ခြယ်သရမလဲအမြဲလိုလိုတွေးတောနေတတ်သူတွေပါ။ ကြောင်ချစ်သူခွေးချစ်သူတွေနဲ့အတူတူပါပဲ။သင့်ကိုသူချစ်လွန်းရင်ကံကောင်းစွာပဲသူ့ကားရဲ့ Lover seat မှာထိုင်ရကောင်းထိုင်ရနိုင်ပေမယ့် သူ့ကားကူရှင်တွေဘာတွေပေါ်မှာ တစ်ခုခုမှောက်ကျမိခဲ့ရင်တော့ သင်ပြန်ပေးဆပ်ရမယ့်တန်ဖိုးကသိပ်ကိုကြီးမားသွားပါလိမ့်မယ်။ပြောပြီးပါပကော.. ရည်းစားမလိုဘူး ကားရှိနေပြီပဲဆိုမှ။

 

ဒါတွေကတော့ အဓိကယောက်ျားလေးအများစုမှာရှိတတ်တဲ့ စရိုက်လက္ခဏာတွေဖြစ်တာကြောင့် ဒီလိုလူမျိုးတွေကိုရှောင်ကြဉ်ခြင်းဖြင့် အဖိုးတန်မျိုးမှန်ရည်းစားကောင်းလေးတွေရှာတွေ့ကြပါစေအမျိုးသမီးတို့ရေ။

 

Unicode Format


 



 



 



 



 



 




 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.