“အလုပ်ရှာရတာ ခက်လိုက်တာ”ဆိုတဲ့သူတစ်ချို့မှာတွေ့ရတတ်တဲ့ အယူအဆအမှားများ
၅။ပေါ့ဆခြင်း။
Unicode
ဒီနေ့ခေတ်ကြီးထဲမှာ အလုပ်လုပ်ကိုင်သူလူဦးရေတိုးများလာသလိုအလုပ်ရှာဖွေသူ လူဦးရေကလည်း ဆတူနီးပါးများပြားလာပါတယ်။ဒီနေရာမှာအလုပ်ရှာဖွေသူအများစုရဲ ့ပြဿနာကတော့ အလုပ်ရှာဖွေရတာခက်တယ်ဆိုတာပါပဲ။အလုပ်တစ်ခါရှာဖို့အရေး ဘာလို့ဒီလောက်ထိခက်ခဲနေရတာလဲ?ဘာလို့လဲဆိုရင် အလုပ်ရှာဖွေသူအချို့မှာ ဒီလိုအယူအဆအမှားလေးတွေရှိနေလို့ပါ။
၁။ကိုယ်လုပ်ချင်တဲ့အလုပ်ရယ်လို့မရှိခြင်း။
ဟိုအလုပ်လေးလုပ်ရင်ကောင်းမလား၊ဒီအလုပ်က လစာလေးမဆိုးဘူး၊ လုပ်နိုင်မယ်ထင်တယ်။ အမေပြောတဲ့အလုပ်လေးပဲသွားလျှောက်ရင်ကောင်းမလား…စသဖြင့်ပေါ့။အဲ့ဒီလို တောင်တောင်အီအီ ဟိုအလုပ်ပဲလုပ်နိုင်မလို၊ဒီအလုပ်ပဲသွားလျှောက်တော့မလို လုပ်နေတာထက် ကိုယ်ဘာဝါသနာပါလဲ။ကိုယ်လုပ်ချင်တဲ့အလုပ်ကဘာလဲ၊ကိုယ့်ရဲ့သက်ဆိုင်ရာပညာရပ်ကဘာလဲ၊စသဖြင့် ကိုယ်လုပ်မယ့်အလုပ်က ဒါဖြစ်ရမယ်ဆိုပြီးအဲ့ဒီအလုပ်လုပ်ဖို့သင်တန်းတက်ပါ။ သက်ဆိုင်တဲ့အလုပ်ရှာဖွေပါ။ပြီးရင် မရမှာကိုတွေးပူနေတာထက် သွားလျှောက်ဖြစ်အောင် လျှောက်ပါ။အလုပ်ရှင်နဲ့အင်တာဗျူးဖြေတဲ့အခါမှာလည်း အဲ့ဒီအလုပ်ကသင့်အတွက် ဖြစ်လာတာဆိုတဲ့စိတ်မျိုးနဲ့ အင်တာဗျူးဖြေဆိုပါ။
၂။လုပ်နိုင်ပါ့မလားဆိုတဲ့စိတ်မျိုးရှိနေခြင်း။
ဒီအလုပ်ကိုလျှောက်လိုက်ပါပြီတဲ့ ငါလုပ်နိုင်ပါ့မလားဆိုတာတွေးပူနေတာနဲ့ အလုပ်က လုပ်ဖြစ်တော့မှာ လျှောက်ဖြစ်တော့မှာမဟုတ်ပါဘူး။အဲ့ဒါကကိုယ့်ရဲ ့အရည်အချင်း ကိုယ်မယုံကြည်တာတစ်မျိုးပါပဲ။သင်လိုချင်တဲ့အလုပ်ကိုလျှောက်ဖို့အတွက် သင့်မှာသူတို့လိုချင်တဲ့ အရည်အချင်းရှိနေဖို့တော့လိုပါတယ်။အဲ့ဒါကြောင့်် လုပ်နိုင်ပါ့မလား ဆိုတဲ့စိတ်ကိုဖျောက်ပြီး အရင်ဆုံးသင့်မှာ အရည်အချင်းတွေပြည့်စုံပြီလား ပြန်လည်ဆန်းစစ်ပါ။သင့်ကိုယ်သင်ယုံကြည်မှု
အပြည့်ရှိပြီဆိုတာနဲ့ သွားလျှောက်ပါ။
၃။လစာက နည်းနေလို့သွားမလျှောက်တာမျိုး။
သင်လိုချင်တဲ့အလုပ်လည်းတွေ့ပြီ။သူတို့ခေါ်တဲ့အရည်အချင်းလည်းသင့်မှာရှိနေပြီ။ဒါပေမဲ့ လစာက နည်းနေတယ်ဆိုပြီးသွားမလျှောက်ဘူး။ဒါဆိုရင်သင့်အတွက်လျှောက်စရာအလုပ်ရှိတော့မယ် မထင်ပါဘူး။ အထူးသဖြင့် သင်ကအခုမှအလုပ်စလုပ်မယ့်ဂျူနီယာတစ်ယောက်ဆိုရင်ပေါ့။ တကယ်လို့ သင်က အဲ့ဒီအလုပ်ကိုလုပ်ချင်တယ်၊သွားလည်းလျှောက်ချင်တယ်ဆိုရင် သေချာပေါက်သွားလျှောက်ဖို့တိုက်တွန်းချင်ပါတယ်။လစာက သင့်မှာအရည်အချင်း ရှိရင်ရှိသလောက်၊အတွေ့အကြုံရှိရင်ရှိသလောက် တဖြည်းဖြည်းတိုးတက်လာပါလိမ့်မယ်။ သင့်မှာက အတွေ့အကြုံလည်းကောင်းကောင်းရှိနေမယ်ဆိုရင်တော့ လစာကိစ္စကိုညှိ
နှိုင်းတိုင်ပင်သင့်ပါတယ်။လစာနည်းလို့သွားမလျှောက်ဘူးဆိုရင် သင်ထိုင်နေရင်း၊ အလုပ်ရှာနေရင်းနဲ့ လစာကဝင်လာမှာ၊များများရမှာမဟုတ်ပါဘူး။
၄။အကောင်းဆုံးအလုပ်ကိုရှာဖွေနေတာမျိုး။
အလုပ်ဟူသမျှဂုဏ်ယူစွဆိုသလို ယူတတ်ရင်ပညာရပ်တစ်ခုပါပဲ။ကိုယ်လိုချင်တဲ့အလုပ်ကလည်း မရှိဘူး။တခြားအလုပ်တွေချည်းပဲဆိုရင် ဒီတိုင်းထိုင်နေမယ့်အစားတခြားအလုပ်တွေကိုလည်း လျှောက်သင့်ပါတယ်။အကောင်းဆုံးအလုပ်ရယ်လို့မရှိပါဘူး။အလုပ်ကောင်းပြီးကိုယ်ကကောင်းကောင်း မလုပ်နိုင်ရင် အလကားပါပဲ။ဘယ်အလုပ်မှာမဆို အကောင်းဆုံးလုပ်နိုင်ရင် ကိုယ့်အတွက်အခွင့်အလမ်းတွေအများကြီးရလာနိုင်ပါတယ်။
၅။ပေ့ါဆခြင်း။
အလုပ်ရှာဖွေသူတော်တော်များများက အလုပ်လည်းလိုချင်သေးတယ်။ အင်တာဗျူးဖြေရမယ့် ရက်ကိုမေ့နေမယ်၊ အချိန်မှားနေမယ်၊ရက်မှားနေမယ်ဆိုရင် ဒါက အလုပ််ရဖို့အတွက် ခက်ခဲသွားပါပြီ။အလုပ်လိုချင်ပေမဲ့ ကြိုတင်ပြင်ဆင်တတ်တဲ့အကျင့်မျိုးမရှိရင် အခွင့်အရေးတွေဆုံးရှုံးသွားပါလိမ့်မယ်။အထူးသဖြင့် အင်တာဗျူးရက်လိုမျိုးမှာ မမှားသင့်တာမမှားအောင်ဂရုစိုက်ဖို့လိုပါတယ်။ပညာအရည်အချင်းကအဓိကဆိုပေမဲ့ အဝတ်အစားသပ်သပ်ရပ်ရပ်ရှိဖို့ကလည်းလိုအပ်ပါသေးတယ်။အင်တာဗျူးချိန်မှာတော့ သင့်ရဲ့ပြင်ပအသွင်အပြင်ရော၊အရည်အချင်းပါအကဲခတ်မှာဖြစ်လို့ ပေါ့ပေါ့ဆဆ သတိလက်လွတ်နေမယ်ဆိုရင် အခွင့်အရေးတွေလက်လွတ်ဆုံးရှုံးပါလိမ့်မယ်။
105 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.